Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအရှိန်မြှင့်မည်ဟု NUG ပြော

စစ်ရေးပူးတွဲဆောင်ရွက်မှု ပိုမိုအားကောင်းလာမည်ဟု ဆို

အီယိုရီ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် တိုင်းရင်းသားမဟာမိတ်များအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအရှိန်မြှင့်ရန် ဆောင်ရွက်သွားမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားသည်။

NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်က ယနေ့(ဇန်နဝါရီ ၂၁ရက်)ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဥ်မှတဆင့် တော်လှန်ရေးအရှိန်မြှင့် ဆောင်ရွက်သွားမည့်အကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“စစ်ရေးပူးတွဲဆောင်ရွက်မှု ပိုမိုအားကောင်းလာမှာဖြစ်ပြီး ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးသဘောတူညီမှုတွေကို ၂၀၂၅ နှစ်သစ်မှာ မြင်တွေ့နိုင်ကြမှာဖြစ်ပါတယ်” ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို တားဆီးနိုင်ရန်စစ်ကောင်စီအား ငွေကြေးစီးဆင်းမှုရပ်တန့်ရန်နှင့် ပိုမိုထိရောက်သော အရေးယူမှုများ ပြုလုပ်ရန် ထပ်လောင်း တိုက်တွန်းသည်။ မည်သို့ပင်ဖြစ်စေ အကြမ်းဖက်စစ်အုပ်စု ကျဆုံးမှုကို မည်သူကမျှ တားဆီးနိုင်မည်မဟုတ်ကြောင်း NUG သမ္မတရုံးပြောခွင့်ရက ဆက်ပြောသည်။

“မြန်မာပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှု၊ ရဲရင့်မှုတွေကြောင့် ပြည်သူ့တော်လှန်ရေးဟာ အလွဲမသွေ အောင်ပွဲခံမှာဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ လွတ်လပ်ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမယ့် မြန်မာနိုင်ငံကို ရရှိမှာဖြစ်ပါတယ်” ဟု ဦးကျော်ဇော်က ဆိုသည်။

ထို့အပြင် အာဏာသိမ်းစစ်အုပ်စုကြောင့် ဒုက္ခပင်လယ်ဝေနေသည့် အရပ်သားပြည်သူလူထုအား အမျိုးသားညီညွတ်ရေးအစိုးရကကူညီဝန်ဆောင်မှုပေးခြင်းကို တိုးမြှင့်ဆောင်ရွက်နေကြောင်း အထက်ပါသမ္မတရုံးပြောခွင့်ရက ပြောသည်။

NUG လူသားစာနာမှုနှင့် ဘေးအန္တရာယ်စီမံရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်တွင် လူသားချင်းစာနာမှုအထောက်အကူအတွက် စုစုပေါင်း ကျပ် ၇.၇ ဘီလီယံပေးနိုင်ခဲ့ကာ နေရပ်စွန့်ခွာတိမ်းရှောင်နေသော ပြည်သူများအတွက် ကျပ် ၅ ဘီယီယံကျော်အကူအညီပေးနိုင်ခဲ့ကြောင်း အသိပေးသည်။

“သဘောဝဘေးဒဏ်ကြုံနေတဲ့အချိန်မှာ ကူညီဖို့ အသုံးပြုရမယ့် ရဟတ်ယာဥ်တွေနဲ့ အကြမ်းဖက်စစ်တပ်က ဒုက္ခပင်လယ်ရောက်နေတဲ့ ပြည်သူ

လူထုကို လိုက်လံသတ်ဖြတ်နေတဲ့အချိန်မှာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကတော့ လူထုလက်ထဲကို အကူအညီရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်” ဟု ဦးကျော်ဇော်က ပြောသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသများမှ အခွန်ကောက်ခံရရှိထားသောမြို့နယ်များ၏ ပြည်ထောင်စုအခွန် ၂၀ရာခိုင်နှုန်းကို ၂၀၂၃-၂၄ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာကဏ္ဍအတွက် ဘဏ္ဍာရယူသုံးစွဲခြင်းနှင့် အရေးပေါ်တုန့်ပြန်ရေးပြည်ထောင်စုအခွန် ၁၀ရာခိုင်နှုန်းမှ ပညာ

ရေးဝန်ကြီးဌာန ရရှိငွေ အပါအဝင် စုစုပေါင်း ကျပ် ၆ ဘီလီယံကို မြို့နယ် ၄၃ မြို့နယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရှင်းလင်းသည်။

မြေပြင်ကျောင်းများ၊အွန်လိုင်းကျောင်းများ ထောက်ပံ့ခြင်း၊ မီးရှို့ခံနေရာ ယာယီကျောင်းဆောက်လုပ်မှု၊ ရုံးသုံးပစ္စည်း၊ CDM ဆရာ/ဆရာမ ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်း ဆရာ/ဆရာမ များအား ထောက်ပံ့ခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်းများအတွက် သုံးစွဲခဲ့ကြောင်း ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook