Connect with us

Hi, what are you looking for?

သတင်း

တောင်သာမှာ စက်တပ်လေထီးနဲ့ တိုက်ခိုက်ခံရလို့ တစ်လနီးပါးအတွင်းအရပ်သား ၅ ဦးသေဆုံး

မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ လေတပ်စခန်းကနေ မိုင် ၅၀ ပတ်လည်အတွင်းမှာရှိတဲ့တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ တပ်က လူလိုက်ပါတဲ့ စက်တပ်လေထီး ( Paramotor) နဲ့ တိုက်ခိုက်ရာမှာ ၂၇ ရက်အတွင်း အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေထံကသိရပါတယ်။

ဓာတ်ပုံ - တောင်သာလူထုလှုပ်ရှားမှုကော်မတီ

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ လေတပ်စခန်းကနေ မိုင် ၅၀ ပတ်လည်အတွင်းမှာရှိတဲ့တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ တပ်က လူလိုက်ပါတဲ့ စက်တပ်လေထီး ( Paramotor) နဲ့ တိုက်ခိုက်ရာမှာ ၂၇ ရက်အတွင်း အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေထံကသိရပါတယ်။

တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်ကနေ ဒီနေ့ ဇန်နဝါရီလ ၂၁ ရက်အထိ ပြုလုပ်ထားတာဖြစ်ပြီး အမျိုးသား ၂​ဦး ၊အမျိုးသမီး ၃ ဦးသေဆုံးထားတာပါ။

အဲဒီစက်တပ်လေထီးတွေဟာ မိတ္ထီလာ လေယာဥ်မောင်းသင်တန်းကျောင်း ကနေ တက်လာတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ မနက် ၅ နာရီ မိနစ် ၄၀ ခန့်က တောင်သာမြို့ ၊ ကျွန်းရွာလေးအရှေ့ဘက် နဲ့ ညောင်တိုရွာ ဘုန်းကြီးကျောင်း တဝိုက် စက်တပ်လေထီးနဲ့ ဗုံးချခံရလို့ နေအိမ် ၂ လုံးပျက်စီးခဲ့ရပါသေးတယ်။

တောင်သာမှာ စက်တပ်လေထီးနဲ့တိုက်ခိုက်တာတွေကို ဇန်နဝါရီလ အစောပိုင်းကစတင်ပြုလုပ်လာတာပါ ။

ဇန်နဝါရီလ ၅ ရက် ရုံးဇင်လေး ရွာကို စက်တပ်လေထီးနဲ့ဗုံးချခဲ့ရာ ၅၇နှစ်အရွယ်အမျိုးသမီးနေရာမှာတင်သေဆုံးပြီး ၁၂နှစ်သားအရွယ်ကလေး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၁၈ ရက် မနက် အစောပိုင်း ၁ နာရီခွဲခန့်မှာလည်း တောင်သာမြို့ ၊ ညောင်ကုန်းရွာကို စက်တပ်လေထီးနဲ့ ဗုံး ချရာမှာ အမျိုးသမီးကြီး ၂ ဦး ၊ အမျိုးသား ၁ဦး သေဆုံးခဲ့ရပါတယ်။

ဓာတ်ပုံ – တောင်သာလူထုလှုပ်ရှားမှုကော်မတီ

အမျိုးသား တစ်ဦးလည်း နောက်ရက်မှာ ထပ်မံ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

လူလိုက်ပါတဲ့ စက်တပ်လေထီးနဲ့တိုက်ခိုက်မှုတွေကို အလင်းရောင်မပွင့်မှီ အချိန်တွေမှာ ပြုလုပ်တာလို့ သိရပါတယ်။

” နေ့ခင်းကျ တော်လှန်ရေးအဖွဲ့တွေဘက်က ပြန်တိုက်ခိုက်မှာကြောက်တာလည်းပါတယ်”လို့ တောင်သာမြို့အခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ညအချိန် လူအများအိပ်မောကျနေချိန်မှာ နေအိမ်တွေပေါ်ဗုံးသီးချခံနေရတဲ့အတွက် တောင်သာမြို့နယ်အတွင်းက ကျေးရွာအချို့မှာ ဒေသခံတွေ တိမ်းရှောင်နေရတာတွေလည်းရှိလာပါတယ်။

အချို့လည်း ဗုံးခိုကျင်းတူးတာတွေပါလုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် ဘက်က ပြည်သူကို အချိန်မရွေး ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ခိုင်ခံ့တဲ့ဗုံးခိုကျင်းတွေတူးထားကြဖို့ တော်လှန်ရေးအဖွဲ့တွေက အသိပေးနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook