Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ ပါရမီလက်ဖက်ရည်ဆိုင်အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ပြည်သူရှစ်ဦးထက်မနည်း သေဆုံး

စစ်ကောင်စီသည် နောင်ချိုမြို့အား နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်ခြင်းဖြစ်

နောင်ချိုမြို့ရှိ ပါရမီလက်ဖက်ရည်ဆိုင်အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများ။ ဓာတ်ပုံ - Jenny Lynn/FB

ဒီးဒီ၊ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ပါရမီလက်ဖက်ရည်ဆိုင်အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူ သေဆုံးသူ ရှစ်ဦးထက်မနည်းရှိကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၂ရက်) နံနက် ၁၁နာရီအချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ စစ်ကောင်စီသည် နောင်ချိုမြို့အား လေကြောင်းမှ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“လောလောဆယ် ရုပ်အလောင်း ရှစ်လောင်းရထားတယ်ကြားတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ လက်ဖက်ဆိုင်မှာ မိသားစုတွေ ဆိုင်သန့်ရှင်းရေးလုပ်နေတုန်း ထိုင်သောက်နေတဲ့သူတွေလည်း ရှိတယ်ပြောတယ်”ဟု နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူများပြားပြီး စိုးရိမ်ရကြောင်းလည်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။ သို့သော် သေဆုံးသူအရေအတွက်နှင့် ဒဏ်ရာရသူများအား လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

နောင်ချိုမြိုနယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး ထပ်မံလာ‌ရောက်ကြဲချခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် ပါရမီလက်ဖက်ရည်ဆိုင်သည် နောင်ချိုမြို့ ရဲစခန်းဘေးတွင် တည်ရှိသည်။

ယမန်နေ့ ဇန်နဝါရီ ၂၁ရက်ကလည်း နောင်ချိုမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်ရုံးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးမီးလောင်ပြီး စည်ပင်ရုံးလည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်ကလည်း ကျောက်မဲမြို့နယ် ပန်ပေါက်ရွာ တိုးဂိတ်အနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

ပြီးခဲ့သည့် ၂၀၂၄ နိုဝင်ဘာ ၁၂ရက်ကလည်း နောင်ချိုမြို့လယ်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကိုဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၁ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရှိခဲ့သည်။

စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် အမြောက်တပ်များရှိရာ နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်ကို TNLAက ထိန်းချုပ်ထားသည်။

တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီညီလက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းတော်လှန်သွားမည်ဟု (၆၂)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့အထိမ်းအမှတ်နေ့တွင် TNLAက ထုတ်ပြန်ထားသည်။

TNLAနှင့် မဟာမိတ်ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကို အတူတူဖော်ဆောင်ခဲ့သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ကမူ တရုတ်နိုင်ငံ၏ကြားဝင်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် အပစ်ရပ်ထားသည်။

သို့သော် ညီနောင်မဟာမိတ်များ၏ အခက်အခဲ၊ အတားအဆီးများကို ဝိုင်းဝန်းဖြေရှင်းမည်ဖြစ်ကြောင်း MNDAAနှင့် အာရက္ခတပ်တော်(AA)က တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။

ထို့အပြင် ၂၀၂၄ နိုဝင်ဘာ ၂၄ရက်ကလည်း နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သံဃာတော် တစ်ပါးပျံလွန်တော်မူပြီး ဒေသခံပြည်သူ နှစ်ဦး ထိမှန်ဒဏ်ရာခဲ့သည်ဟု TNLAက နိုတင်ဘာ ၂၆ရက်တွင် ထုတ်ပြန်သည်။

နောင်ချိုမြို့နယ်တွင် ၂၀၂၄ နိုဝင်ဘာ ၁ရက်မှ ၂၅ရက်အထိ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ဒေသခံပြည်သူ ၁၈ဦး သေဆုံးပြီး ၃၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။