Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ၁၀ဦးကျော်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်နေပြီး ဒီကနေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုမှာ လက်ဖက်ရည်ဆိုင်ပေါ် ဗုံးကျခဲ့လို့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ပြည်သူ ၁၀ဦးကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်ချိုမြို့က ပါရမီလက်ဖက်ရည်ဆိုင်နေရာ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ − Thein Aung

မေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်နေပြီး ဒီကနေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုမှာ လက်ဖက်ရည်ဆိုင်ပေါ် ဗုံးကျခဲ့လို့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ပြည်သူ ၁၀ဦးကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ၂၂ရက် ဒီကနေ့ မနက် ၁၁နာရီခန့်မှာ စစ်ကောင်စီက နောင်ချိုမြို့ရဲစခန်းအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရဲစခန်းဘေးကပ်လျက်မှာရှိတဲ့ ပါရမီလက်ဖက်ရည်ဆိုင်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ရှင်တွေအပါအဝင် ထိုင်နေတဲ့ပြည်သူတွေပါ သေဆုံးခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဆိုင်မှာ ထိုင်နေတဲ့ဝိုင်း၂ဝိုင်း၊ ၃ဝိုင်းရှိတယ်။ဝန်ထမ်းတွေကလည်း သန့်ရှင်းရေးလုပ်နေကြချိန်တဲ့။အဲဒီဆ်ိုင်ပေါ်တည့်တည့်ချတာ။တယောက်ပဲ လွတ်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “ကျွန်မအဖေ ပါသွားတယ်။ သာမန်ပြည်သူပါ။အဖေလက်ဖက်ရည်ဆိုင်ကို ထွက်သွားတာခဏလေးပဲရှိသေးတယ် “လို့ ပြောပါတယ်။

လတ်တလောရရှိထားတဲ့သတင်းအရ ပြည်သူ၁၀ဦးရဲ့အ​​လောင်းတွေ့ထားတယ်လို့သိရပြီး ရုပ်တွေမပြီပြင်တဲ့အလောင်းတွေ များတယ်လို့ မိသားစုနဲ့အဆက်အသွယ်ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“Dead Body က အတည်ပြုလို့ မရသေးဘူး။ တချို့ပြောတာက ၁၀ယောက်။ တချို့က ၁၂ ယောက်ပြောကြတယ်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင် မိသားစုဝင်တွေရယ်၊ဆိုင်ဝန်ထမ်းတွေရယ်၊ ဆိုင်လာထိုင်သူတွေရယ် သေကြတာ။ ကျနော့်အသိ အရပ်သား နှစ်ယောက်လည်းပါသွားတယ်။ ဆိုင်ထဲကဆို အကြော်ဆရာပဲ လွတ်တယ်ပြောတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လတ်ရှိမှာ နောင်ချိုမြို့အတွင်း ဖုန်းလိုင်းတွေမရသလို စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တာတွေလည်း လုပ်နေပါတယ်။

မနေ့က မနက်ပိုင်းကစပြီး နောင်ချိုမြို့နယ်ကို စစ်ကောင်စီရဲ့ တပ်မ(၃၃) လက်အောက်ခံ တပ်ခွဲတွေဦးစီးပြီး တရစပ်ထိုးစစ်ဆင်နေသလို ပြင်ဦးလွင်မြို့ပေါ်ကနေလည်း လက်နက်ကြီးပစ်ကူတွေ ဆက်တိုက်ပေးနေတယ်လို့ ပြင်ဦးလွင်မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။