Connect with us

Hi, what are you looking for?

သတင်း

KNU နယ်မြေများ၌ ၂၀၂၄အတွင်း တိုက်ပွဲ သုံးထောင်ကျော်ဖြစ်ဟု ထုတ်ပြန်

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀၀ခန့်ကျဆုံးဟု အသိပေး

ခမရ −၃၅၇ ၊ သက်န်းညီ​နောင်ဗျူဟာကုန်းမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ ဓာတ်ပုံ-KNLA HQ

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ၂၀၂၄အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော် သေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ၁၀၀ ခန့်ကျဆုံးခဲ့ဟု KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၂၄ရက်) သတင်းထုတ်ပြန်သည်။

KNU တပ်များဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားမှုကို ဇန်နဝါရီ ၂၄ရက်၌ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခမရ −၃၅၇ ၊ သက်န်းညီ​နောင်ဗျူဟာကုန်းမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ ဓာတ်ပုံ- Saw Kanyaw Htoo

ယမန်နှစ်အတွင်း တိုက်ပွဲကြီး၊တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ထပ်မနည်း ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဘက်က အရာရှိများ အပါအဝင် သေဆုံးသူ (၃၁၃၆) ဦး ထပ်မနည်းရှိခဲ့ပြီး (၂၂၂၅) ဦး ခန့် ဒဏန်ရာရခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီတပ် သေဆုံးထိခိုက်အခြေအနေများနှင့်ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

ထို့ပြင် ဗျူဟာမှူးအဆင့် အပါအဝင် ရာနှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ ရဲဘော် ၁၀၀ခန့် ကျဆုံးကာ ၃၂၅ ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

KNU အုပ်ချုပ်နယ်မြေ ခရိုင်နှင့် တပ်မဟာ ၇ခုရှိရာ ခရိုင်တပ်မဟာ အလိုက် တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေပြဇယားကိုလည်း သတင်းထုတ်ပြန်မှု၌ ဖော်ပြခဲ့သည်။

KNU တပ်မဟာနှင့် ခရိုင်များအနက် တပ်မဟာ(၅) ဖာပွန်ခရိုင်၌ စစ်ကောင်စီနှင့် တိုက်ပွဲအကြိမ်ပေါင်း ၉၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ တပ်မဟာ(၅)၌ တိုက်ပွဲ ၉၄၇ ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၉၀ကျော်သေဆုံးခဲ့ဟု အသိပေးထားသည်။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၌ တိုက်ပွဲ ၇၅၀ ကျော်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၉၀ကျော် သေဆုံးခဲ့ကြောင်း၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်၌ တိုက်ပွဲ ၃၈၀ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၉၀ ကျော်သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ခမရ −၃၅၇ ၊ သက်န်းညီ​နောင်ဗျူဟာကုန်းမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ ဓာတ်ပုံ-KNLA HQ

တပ်မဟာ(၂) တောင်ငူခရိုင်၌ တိုက်ပွဲ ၃၆၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄၀ ကျော်သေဆုံး ခဲ့ကြောင်း၊ တပ်မဟာ(၇) ဘားအံခရိုင်၌ တိုက်ပွဲ ၃၅၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် တပ်မဟာ(၁) သထုံခရိုင်၌ တိုက်ပွဲ ၂၆၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၂၃၀ ကျော်သေဆုံးခဲ့ကြောင်း၊ တပ်မဟာ(၄)နယ်မြေတွင် တိုက်ပွဲ ၁၆၉ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၀ ကျော်သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

KNU အနေဖြင့် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ သောင်းချီဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်အင်အား သောင်းချီ ပြုန်းတီးအောင် တိုက်ခိုက်နိုင်ခဲ့ဟု KNU ဘက်က အသိပေးထားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ဗျူဟာ၊ တပ်ရင်းဌာနချုပ်များအပါအဝင် တပ်စခန်းကြီးငယ် ၁၄၀ ကျော်ကို KNU ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး မြို့အချို့ကို ထိန်းချုပ်ထားသည်။

ထို့ပြင် ယခု ၂၀၂၅ တွင် စစ်ရေးအရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အသိပေးထားသည်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူဝင်းကလည်း စစ်အာဏာရှင်စနစ်၏ အသွင်သဏ္ဍန်အမျိုးမျိုးကို အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ဖျက်သွားရန် မျှော်မှန်းထားကြောင်း နှင့် စစ်တပ်၏ ကြီးစိုးမှုနှင့် အာဏာသိမ်းအုပ်ချုပ်မှုများ အမြစ်ပြတ်ချေမှုန်းသွားရန် တခုတည်းသော နည်းလမ်းမှာ စစ်ရေးအရ ဖိအားပေး အနိုင်ယူခြင်းဖြစ်ကြောင်း ၂၀၂၄ ဒီဇင်ဘာ ၄၀ရက်က ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ မိန့်ခွန်း၌ အသိပေးပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင် တစ်နေရာတွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ ဒေသခံများ၏ နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း အနန်းကွင်းဗျူဟာစခန်းကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည့် နဂါးနီစစ်ကြောင်းစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော စစ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ရရာနည်းလည်းဖြင့် လက်နက်ချအလင်းဝင်ရန်တိုက်တွန်း အသိပေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ဖေဖော်ဝါရီ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲပလီဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် (၄၂)လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၅ရက်) သတင်းထုတ်ပြန်သည်။