Connect with us

Hi, what are you looking for?

သတင်း

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ခုနစ်ဦးကယ်ထုတ်စဥ် တိုက်ခိုက်ခံရပြီး ရဲဘော်တစ်ဦးနှင့်အလင်းဝင်တပ်သားသုံးဦး ကျဆုံး

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ခုနစ်ဦးကယ်ထုတ်စဥ် တိုက်ခိုက်ခံရပြီး ရဲဘော်တစ်ဦးနှင့် ဘက်ပြောင်းသည့် စစ်သားသုံးဦး ကျဆုံးခဲ့ရကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်အဖွဲ့(ပကဖ) တာဝန်ရှိသူ ဗိုလ်တေဇက လူထုနွေဦးသို့ ပြောသည်။

ကျဆုံးခဲ့သည့် ရဲဘော်နှင့် အလင်းဝင်စစ်ကောင်စီတပ်သား သုံးဦးကို ဇန်နဝါရီ ၁၉ရက်ကအာဇာနည်ကုန်းတွင် ဂုဏ်ပြုတပ်ဖွဲ့မှ အလေးပြု၍ အခမ်းအနားဖြင့် သင်္ဂြိုလ်နေစဉ်။ (ဓာတ်ပုံ - နေပြည်တော် ပကဖ)

ရဲခေါင်/People’s Spring

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ခုနစ်ဦးကယ်ထုတ်စဥ် တိုက်ခိုက်ခံရပြီး ရဲဘော်တစ်ဦးနှင့် ဘက်ပြောင်းသည့် စစ်သားသုံးဦး ကျဆုံးခဲ့ရကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်အဖွဲ့(ပကဖ) တာဝန်ရှိသူ ဗိုလ်တေဇက လူထုနွေဦးသို့ ပြောသည်။

စစ်မှုထမ်းရန်စုဆောင်းခံခဲ့ရသည့် တပ်စိပ်မှူး၊ ဒုတပ်စိတ်မှူး အပါအဝင်တပ်သား ခုနစ်ဦးမှ လက်နက်နှင့်အတူ အလင်းဝင်ခိုလှုံရန်ဆက် သွယ်လာခဲ့ရာမှ ဇန်နဝါရီ ၁၇ရက်တွင် သွားရောက်ခေါ်ထုတ်ခဲ့သည် ဟု ဆိုသည်။

“ရဲဘော် တစ်ယောက်ကျဆုံးတယ်။နှစ်ယောက်ဒဏ်ရာရတယ်။အလင်းဝင်လာသူထဲက သုံးယောက်ကျတယ်”ဟု ဗိုလ်တေဇက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း- တိုက်ခိုက်ရေးတပ်ဖွဲ့မှ ရဲဘော်ဆင်ကြီး ကျဆုံးခဲ့ပြီး၊ ဇေယျာသီရိမြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ယက္ခနှင့် လယ်ဝေးမြို့နယ် ပကဖမှ ရဲဘော်သူရတို့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီ တပ်သား ခုနစ်ဦးအနက် သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။

ကျဆုံးခဲ့သည့် ရဲဘော်နှင့် အလင်းဝင်စစ်ကောင်စီတပ်သား သုံးဦးကို ဇန်နဝါရီ ၁၉ရက်ကအာဇာနည်ကုန်းတွင် ဂုဏ်ပြုတပ်ဖွဲ့မှ အလေးပြု၍ အခမ်းအနားဖြင့် သင်္ဂြိုလ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကျဆုံးရဲဘော်များ၏ နောက်ဆုံးခရီးသို့ လိုက်ပါပို့ ဆောင်ပေးသော၊ လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးခဲ့သည့် EROsခေါင်းဆောင်များ၊ မဟာမိတ်တပ်ရင်းတပ်ဖွဲ့ အသီးသီးမှ ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များအား လေးနက်စွာဖြင့် မှတ်တမ်းတင်ကြောင်လည်း နေပြည်တော်ပကဖက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။