Connect with us

Hi, what are you looking for?

သတင်း

Live Sale မှာ မြန်မာဝန်ထမ်းတွေခန့်အပ်မှုကြောင့် ထိုင်းကားအရောင်းဆိုင်ပိုင်ရှင် အဖမ်းခံရ

အွန်လိုင်းကနေ တိုက်ရိုက် အရောင်းအဝယ်လုပ်တဲ့ Live Sale အစီအစဉ်တွေမှာ မြန်မာ နိုင်ငံသား ဝန်ထမ်းတွေကို တရားမဝင် ခန့်အပ်မှုအတွက် ထိုင်းမှာ တစ်ပတ်ရစ် ကားအရောင်းဆိုင် ပိုင်ရှင် အမျိုးသမီးတစ်ဦး ဖမ်းဆီး ခံခဲ့ရပါတယ်။

အွန်လိုင်းကနေ တိုက်ရိုက် အရောင်းအဝယ်လုပ်တဲ့ Live Sale အစီအစဉ်တွေမှာ မြန်မာ နိုင်ငံသား ဝန်ထမ်းတွေကို တရားမဝင် ခန့်အပ်မှုအတွက် ထိုင်းမှာ တစ်ပတ်ရစ် ကားအရောင်းဆိုင် ပိုင်ရှင် အမျိုးသမီးတစ်ဦး ဖမ်းဆီး ခံခဲ့ရပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့တုန်းက ကန်ချနာဘူရီမှာရှိတဲ့ ကားအရောင်းဆိုင် တစ်ခုမှာ အဲဒီဖမ်းဆီးမှုကို လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ဆိုပါတယ်။ သာမာကာ ခရိုင်၊ ဝိုင်နီယို ခရိုင်ခွဲမှာရှိတဲ့ တစ်ပတ်ရစ် ကားအရောင်းဆိုင်ဟာ Facebookကနေ Live Sale ကားရောင်းချမှုတွေ ပြုလုပ်ရာမှာ မြန်မာနိုင်ငံသား ဝယ်လက်တွေကို ဆွဲဆောင်ဖို့အတွက် မြန်မာဝန်ထမ်း ၅ ယောက်ကို ကော်မရှင်စားအဖြစ် ခန့်အပ်ခဲ့တာလို့ သိရပါတယ်။

ရဲတွေက အဲဒီ Live Sale အစီအစဉ်မှာ ခန့်အပ်ထားတဲ့ မြန်မာ ဝန်ထမ်းတွေရဲ့ တရားဝင်မှုအပေါ် သံသယ ရှိခဲ့တဲ့အတွက် ရဲမှူးကြီး ခွန်ဆွမ်ခါနေး ဦးဆောင်ပြီး ဒေသခံ ရဲတပ်ဖွဲ့နဲ့အတူ ကားအရောင်းဆိုင်ကို စီးနင်း စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ရှာဖွေ ဖမ်းဆီးမှုအတွင်း Live Sale အစီအစဉ်တွေမှာ ပါဝင်ဖူးသူ ဝန်ထမ်းတစ်ဦးကိုပါ ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က နီလို့သာ နာမည်ဖော်ပြတဲ့ ဆိုင်ပိုင်ရှင် အမျိုးသမီးက သူဟာ အသက် ၂၅ နှစ်နဲ့ ၃၅ နှစ်ကြား အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ငှားရမ်း အသုံးပြုခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ လုပ်ငန်းဟာ ထိုင်းဖောက်သည်တွေကို ဆွဲဆောင်နိုင်ဖို့ ခက်ခဲလာတဲ့အတွက် မြန်မာနိုင်ငံသား ဝယ်လက်တွေကို လူမှုကွန်ရက်ကနေတဆင့် စည်းရုံးနိုင်ဖို့ ဗျူဟာပြောင်းပြီး မြန်မာဝန်ထမ်းတွေ ငှားရမ်းခဲ့တာလို့ နီက ပြောပါတယ်။

နီဟာ အဲဒီ မြန်မာဝန်ထမ်းတွေကို ပုံမှန် လစာအပြင် ကားတစ်စီး ရောင်းရတိုင်း ဘတ် ၂၀၀၀ ကနေ ၃၀၀၀ ကြား ကော်မရှင် ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ဝန်ထမ်းတွေဟာ ကိုယ်ပိုင် မိုဘိုင်းဖုန်းတွေ အသုံးပြုပြီး Live Sale အစီအစဉ်တွေမှာ ပါဝင်ကြသလို မြန်မာနိုင်ငံသား ဝယ်လက်တွေ ရရှိနိုင်အောင် အဓိက ကူညီဆွဲဆောင်ပေးကြတယ်လို့ နီက ဆိုပါတယ်။

နီဟာ အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ခန့်အပ်ခဲ့မှုအတွက် နိုင်ငံခြား လုပ်သားများ စီမံခန့်ခွဲမှု အရေးပေါ် ဥပဒေအရ တရားစွဲဆိုခြင်း ခံရဖွယ် ရှိနေပါတယ်။ မြန်မာဝန်ထမ်း ၅ ယောက်ဟာလည်း ခွင့်ပြုချက်ထက် ကျော်လွန်တဲ့ အလုပ်အကိုင်တွေမှာ ပါဝင်လုပ်ကိုင်မှုအတွက် တရားစွဲဆို ခံထားရကြောင်း သိရပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။