Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်မှု ဒေသခံတစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဒီ‌ကနေ့ လေကြောင်းကနေထပ်မံတိုက်ခိုက်ရာမှာ ဒေသခံပြည်သူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ ကျောက်မဲမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ (ဓာတ်ပုံ - TNLA)

မေ၊ကဖေး/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဒီ‌ကနေ့ လေကြောင်းကနေထပ်မံတိုက်ခိုက်ရာမှာ ဒေသခံပြည်သူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

ကျောက်မဲမြို့က ညစျေးတန်းနဲ့ ခရိုင်ရုံးကို ဒီကနေ့ နေ့လည် ၂နာရီ ၁၈မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ TNLAက ထုတ်ပြန်ထားပါတယ်။ လေကြောင်းတိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကာ နေအိမ် ငါးလုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီး သုံးဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားတွေရှိတဲ့နေရာကို ပစ်မှတ်ထားပြီးတိုက်ခိုက်သွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

“နောက်ထပ် ဂျက်ပျံသံကြားလို့ ဘယ်သူမှမထွက်ရဲဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခြားဒေသခံတစ်ဦးကလည်း “မြို့တော်ခန်းမနားလည်း ချသွားတယ်တဲ့။ နှစ်လုံး။ ပေါက်ကွဲသံ နှစ်ချက်အကျယ်ကြီးကျရတယ်” လို့‌ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကလည်း ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုမှာ ကျန်းမာရေးဝန်ထမ်းနှစ်ဦးအပါအဝင်သုံးဦးသေဆုံးခဲ့ပြီး၂၀ ဦးခန့်ဒဏ်ရာရတယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒေသခံတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကိုသတိပြုဖို့လည်း TNLAက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ တအာင်းဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူ‌များကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေပြီး ယခု ဇန်နဝါရီအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူငါးဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၌ မူးယစ်ဂိုဒေါင်ဖမ်းဆီးရမိမှုတွင် အာရက္ခတပ်တော်(AA)၏ စီးပွားရေးတာဝန်ခံက စီမံနေကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာ စစ်ရေးအရ အရေးနိမ့်နေသောအချိန်များတွင် စစ်အစိုးရအဆက်ဆက်လုပ်နေကျအကျင့်နှင့် လုပ်လေ့လုပ်ထရှိသော နိုင်ငံရေးယုတ်မာမှုဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ယနေ့(မတ်လ ၂၀ရက်)တွင် ထုတ်ပြန်သည်။

သတင်း

“ကျနော်တို့ဆီမှာ တင်မောင်ဝင်းဆိုတဲ့နာမည်မရှိသလိုကြားလည်းမကြားဖူးပါ” ၀တပ်ဆက်ဆံရေးရုံးတာဝန်ရှိသူပြော

သတင်း

မတ်-၁၉၊ ၂၀၂၅။ ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဓားပြတိုက်မှုနဲ့ ဖမ်းဆီးလာတဲ့ တရားခံတစ်ဦး ကားတံခါးဖွင့် ပြေးကာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တပတ်ခန့်က ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ရှိ သစ်၊ ဝါးရောင်းဝယ်ရေး လုပ်ကိုင်သူ လင်မယားနှစ်ဦးရဲ့ နေအိမ်ကို...

သတင်း

ပေါ်တာဆွဲခံရပြီးနောက် ညောင်ကျိုးစခန်းရှေ့တန်းပို့ခံရသည့် စစ်မှုထမ်းအပတ်စဥ်(၆) သင်တန်းဆင်းတပ်သားသစ်တစ်ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးသည်။

Facebook