Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်မှု ဒေသခံတစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဒီ‌ကနေ့ လေကြောင်းကနေထပ်မံတိုက်ခိုက်ရာမှာ ဒေသခံပြည်သူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ ကျောက်မဲမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ (ဓာတ်ပုံ - TNLA)

မေ၊ကဖေး/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဒီ‌ကနေ့ လေကြောင်းကနေထပ်မံတိုက်ခိုက်ရာမှာ ဒေသခံပြည်သူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

ကျောက်မဲမြို့က ညစျေးတန်းနဲ့ ခရိုင်ရုံးကို ဒီကနေ့ နေ့လည် ၂နာရီ ၁၈မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ TNLAက ထုတ်ပြန်ထားပါတယ်။ လေကြောင်းတိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကာ နေအိမ် ငါးလုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီး သုံးဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားတွေရှိတဲ့နေရာကို ပစ်မှတ်ထားပြီးတိုက်ခိုက်သွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

“နောက်ထပ် ဂျက်ပျံသံကြားလို့ ဘယ်သူမှမထွက်ရဲဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခြားဒေသခံတစ်ဦးကလည်း “မြို့တော်ခန်းမနားလည်း ချသွားတယ်တဲ့။ နှစ်လုံး။ ပေါက်ကွဲသံ နှစ်ချက်အကျယ်ကြီးကျရတယ်” လို့‌ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကလည်း ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုမှာ ကျန်းမာရေးဝန်ထမ်းနှစ်ဦးအပါအဝင်သုံးဦးသေဆုံးခဲ့ပြီး၂၀ ဦးခန့်ဒဏ်ရာရတယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒေသခံတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကိုသတိပြုဖို့လည်း TNLAက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ တအာင်းဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူ‌များကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေပြီး ယခု ဇန်နဝါရီအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူငါးဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook