Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ပျုစောထီး ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

မန္တလေးမှာ ပျုစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် ရဲ့ တပည့် အမျိုးသား ၂ ဦး ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ပစ်ခတ်ခံရ ပြီး ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ပေါက်ကိုယ်တော်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ပေါက်ဆရာတော် တယ်လီဂရမ်

ဆိုင်းမင်း/People’s Spring

မန္တလေးမှာ ပျုစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် ရဲ့ တပည့် အမျိုးသား ၂ ဦး ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ပစ်ခတ်ခံရ ပြီး ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မနေ့ မနက်ပိုင်း ၁၁ နာရီခန့်က အသက် ၅၂ နှစ်အရွယ် ဦးဝင်းဦးနဲ့ အသက် ၃၅ နှစ်အရွယ် ဦးသူရိန်ဝင်းတို့ ချမ်းမြသာစည်မြို့မှာ ပစ်ခတ်ခံရတာပါ။

ချစ်မြသာစည်မြို့ ၊ အောင်သာယာရပ်ကွက် ၊ ၄၅လမ်းနဲ့ ၁၀၇လမ်းထောင့်ရှိ ဗိုလ်ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေချိန် ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက ပစ်ခတ်သွားတာလို့သိပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုကြောင့် ၂ ဦးအနက် အသက် ၅၂ နှစ်အရွယ် ဦးဝင်ဦးဟာ နေရာမှာတင်သေဆုံးသွားတာလို့ ဒေသခံအချို့က အသိပေးပါတယ်။

ပစ်ခတ်ခံရသူ ၂ဦးဟာ ချမ်းမြသာစည်မြို့နယ် ပျုစောထီး အဖွဲ့ဝင်တွေ ဖြစ်တယ်လို့သိရပါတယ်။

ပေါက်ကိုယ်တော်လို့ လူသိများတဲ့ မဘသ ဘုန်းကြီး ဟာ စစ်သင်တန်းအတွက် မန္တလေးတိုင်းက ပြည်သူ့စစ် အဖွဲ့ တွေ တစ်ဖွဲ့ ကို လူ ၇ ဦးကနေ ၁၀ ဦး ကြား လစဉ်အင်အားပေးပို့ဖို့ ဇန်နဝါရီလ ၁၈ ရက်က သူရဲ့ တယ်လီဂရမ် ချန်နယ်ကနေ အသိပေးပြောဆိုတာရှိပါတယ်။

ပျုစောထီးတွေဟာ မန္တလေးမှာ စစ်ကောင်စီတပ်နဲ့ ပေါင်းပြီး ဧည့်စာရင်းစစ်တာ ၊ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတာ အပြင် ငွေညှစ်တာကိုပါ ပြုလုပ်လာတာရှိတယ်လို့မြို့ခံအချို့က ပြောပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။