Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့ အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်အားထုတ်နေဟု KIA အသိပေး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး မြို့အလုံးစုံသိမ်းပိုက်နိုင်ရေး အားထုတ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဇန်နဝါရီ ၂၇ရက်တွင် သတင်းဖော်ပြလာသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)

ဟန်နွေ၊ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး မြို့အလုံးစုံသိမ်းပိုက်နိုင်ရေး အားထုတ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဇန်နဝါရီ ၂၇ရက်တွင် သတင်းဖော်ပြလာသည်။

အင်းတော်မြို့၌ ဇန်နဝါရီ ၂၇ရက်တွင် တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီးနေကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

” ဂျပန်လှိုင်ဂူတစ်ခုပဲ ကျန်တာ။ ဒါကို ဝိုင်းပိတ်သမနေတာ။ ဂျပန်လှိုင်ဂူရရင် မြို့ရပြီ” ဟု ကာကွယ်ရေးထောက်ပို့ရဲတစ်တစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် မြစ်ကြီးနား-မန္တလေးလမ်းအား ရက်အကန့်အသတ်မရှိပိတ်ထားသည်ဟုလည်း အသိပေးသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ​၊ စစ်ကိုင်းတိုင်း ပကဖများ ၊ကျောင်းသားတပ် ABSDF အပါအဝင် ​တော်လှန်​​ရေးတပ်ဖွဲ့များ ပူး​ပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။​​

အင်းတော်မြို့နယ် နယ်မြေအများစုကို KIA၊ KPDF ပူးပေါင်းတပ်နှင့် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီး အင်းတော်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်အားထုတ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

အင်းတော်မြို့သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီး၊ ရွှေဘို – မြစ်ကြီးနား လမ်းပေါ်တွင်တည်ရှိပြီး ကချင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် အဓိက ဝင်ပေါက်မြို့ဖြစ်သည်။

အင်းတော်မြို့မြောက်ဘက် မိုင် ၅၀ကျော်အကွာတွင်ရှိသည့် မော်လူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်တွင် သိမ်းပိုက်ထားပြီးဖြစ်သည်။

လက်ရှိတွင် အင်းတော်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်တပ်စွဲရာနေရာဖြစ်သော မြို့တွင်းရှိ ဂျပန်လှိုင်ဂူကုန်းကို တော်လှန်ရေးတပ်များက အပြင်းအထန်ထိုးစစ်ဆင်နေသည်။

ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်လလယ်တွင် ​တော်လှန်​ရေးတပ်များက အင်း​တော် ၊ပင်လည်ဘူး နှင့်ထီးချိုင့်မြို့တို့ကို တပြိုင်နက်မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သည်။ သို့​သော် အင်းတောမ်မြို့ကိုမူ မသိမ်းနိုင်​​သေးဘဲ တိုက်ပွဲ ​ခေတ္တရပ်နားပြီး​နောက် ၂၀၂၄ နိုဝင်ဘာ ၁ ရက်တွင် အင်းတော်မြို့သိမ်းတိုက်ပွဲကို PDFများ ဦး​ဆောင်သည့် ​တော်လှန်​ရေးတပ်များက ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပင်လည်ဘူးမြို့ကို​ ၂၀၂၄ အောက်တိုဘာ ၈ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

ပထမတစ်ကြိမ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဩဂုတ် ၁၆ရက်က စတင်ခဲ့ပြီး အင်းတော်မြို့နှင့် (၄)မိုင်ကွာဝေးသော နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားကျေးရွာအတွင်း ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် အင်းတော်မြို့မရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းယူနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက်တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကမြိုသိမ်းတိုက်ပွဲဆင်နွှဲနေသည့်ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်းကို KIAကထပ်မံသိမ်းပိုက်ပြီဖြစ်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအပါအဝင် ကချင်ဒေသနေရာ ၈ခုထက်မနည်းကို စစ်ကောင်စီက တိုက်လေယာဉ်၊ အသေခံဒရုန်းများအသုံးပြု၍ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ခိုက်သိမ်းပိုက်ထားသည့် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသနှင့် ဆဒုံးဒေသအား စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၇ရက်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။