Connect with us

Hi, what are you looking for?

သတင်း

ဟင်္သာတတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဓားထိုးခံရ

ဟင်္သာတမြို့ ၊လယ်တီကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ထွန်းသည် စစ်ကောင်စီက တရားမဝင်ခွင့်ပြုပေးထားသည့် ကြက်ဝိုင်းတွင်း ဓားထိုးခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။

ဓါးထိုးခံရသည့် စစ်​ကောင်စီရပ်ကွက်အုပ်ချုပ်​ရေးမှူး

မြင့်ထွေး/People’s Spring

ဟင်္သာတမြို့ ၊ လယ်တီကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ထွန်းသည် စစ်ကောင်စီက တရားမဝင်ခွင့်ပြုပေးထားသည့် ကြက်ဝိုင်းတွင်း ဓားထိုးခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။

ဦးဝင်းအောင်ထွန်းကို ဟင်္သာတမြို့၊ ရွာသစ်ရွာ၌ ဇန်နဝါရီလ ၂၈ရက်က ပြုလုပ်သည့် ကြက်ဝိုင်းတွင်လူတစ်စုက ဓားဖြင့် ဝိုင်းထိုးခြင်းဟု ​ဒေသခံအချို့ကပြောသည်။

“ဓားနဲ့ ဝိုင်းထိုးတာတဲ့။ အရေးပေါ်အခြေအနေနဲ့ ဆေးကုနေတယ်။ သူက နယ်တကာပတ်ပြီး ကြက်တိုက်နေတာ။ လက်ရှိက စကစရဲ့ တကယ့်အမာခံလူပဲ”ဟု ဟင်္သာတမြို့၊တာလေးရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

၎င်္သည် ငယ်စဉ်ကတည်းက ကြက်သမားအဖြစ် ဟင်္သာတမြို့၌လူသိများသည်။ ရဲတပ်ဖွဲ့၏ သတင်းပေးအဖြစ် ခေတ်အဆက်ဆက် ရပ်တည်သည်။ သူ့ကိုယ်သူ မင်းသားလူမင်းနှင့်တူသည်ဟုဆိုကာ လူမင်းကေထားပြီး လူမင်းစတိုင်ဖမ်းတတ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဟင်္သာတမြို့နယ်အတွင်း ပြုလုပ်သည့် လောင်းကစားပွဲများ၊ ကြက်ဝိုင်းများကို ဦးဆောင်လုပ်​နေသူဟု မြို့ခံအချို့ကပြောသည်။

လယ်တီကွင်းရပ်ကွက်သည် အိမ်ခြေထောင်ချီရှိသည့်ရပ်ကွက်ကြီးဖြစ်ပြီး စစ်မှုထမ်းဥပ‌ဒေအကြောင်းပြု၍ အကျိုးအမြတ်ရနေသူဖြစ်ကြောင်း ယင်းရပ်ကွက်၌ နေထိုင်သူတစ်ဦးကပြောသည်။

“ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကို သူ့သားက လုပ်နေတာာ ရဲတွေ၊ စစ်တပ်ကကောင်တွေနဲ့ တရုန်းရုန်းသွားလာနေတာ။ သူ့သားလည်း ဒေါင့်မကျိုးဘူး”ဟု မြို့ခံတစ်ဦးကပြောသည်။

ဟင်္သာတမြို့တွင် ၂၀၂၃ ခုနှစ်၊ မေလက စစ်ကောင်စီ၏ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)တပ်ကြပ်ကြီးတစ်ဦး​သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က ပါဆယ်လမ်းမှာရှိတဲ့ ခြောက်ခန်းတွဲ မီးရထားတန်းလျား မီးလောင်မှုဖြစ်ပြီး တန်းလျားတစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဘန်ကောက်မြို့ထဲမှာ မြန်မာတစ်ဦးကို အုပ်စုလိုက် ရန်ပြုပြီး ဓားနဲ့ ထိုးသတ်သွားတဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ထိုင်းရဲတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာတစ်ခုဖြစ်​သောမြန်မာပလာဇာမှကားပါကင်တွင်အမျိုးသမီးတစ်ဦးယ​နေ့ဓားထိုးခံရပြီးသေဆုံးသွားသည်။

သတင်း

လေမျက်နှာ နှင့်​ ​ရေကြည်မြို့နယ်တွင်တိုက်ပွဲများဖြစ်ပွား​နေ