Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်နှိမ်နင်းရေးရည်မှန်းချက်အတွက် တရုတ်အရာရှိတွေ ထိုင်း-မြန်မာ နယ်စပ်ကိုသွားရောက်

ကျားဖြန့် ဂိုဏ်းတွေအပါအဝင် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒုစရိုက် လှုပ်ရှားမှုတွေကို ဖြိုခွင်းဖို့ ရည်ရွယ်ချက်နဲ့ တရုတ် လုံခြုံရေး အရာရှိတွေဟာ ထိုင်းနိုင်ငံဖက်ခြမ်းနယ်စပ်ကိုသွားရောက်စစ်ဆေးလေ့လာခဲ့ကြောင်းသိရပါတယ်။

ဓါတ်ပုံ- Khaosod

ကျားဖြန့် ဂိုဏ်းတွေအပါအဝင် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒုစရိုက် လှုပ်ရှားမှုတွေကို ဖြိုခွင်းဖို့ ရည်ရွယ်ချက်နဲ့ တရုတ် လုံခြုံရေး အရာရှိတွေဟာ ထိုင်းနိုင်ငံဖက်ခြမ်းနယ်စပ်ကိုသွားရောက်စစ်ဆေးလေ့လာခဲ့ကြောင်းသိရပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ကထိုင်းနိုင်ငံရဲ့တက်ခ်ပြည်နယ်ကို တရုတ်နဲ့ ထိုင်းလုံခြုံရေးအရာရှိတွေ ပူးပေါင်းသွားရောက်စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာဖက်ခြမ်း မြဝတီမြို့နယ်ထဲမှာအခြေစိုက်တဲ့ ဒုစရိုက်ဂိုဏ်းတွေဟာ ထိုင်းပိုင်နက်ကို အသုံးချပြီး တရုတ်နိုင်ငံသားတွေကို လှည့်စားလူမှောင်ခို ကူးခဲ့တဲ့ ဖြစ်စဉ်တွေကို အကြောင်းပြုပြီးအခုခရီးစဉ် ပေါ်ပေါက်လာတာပါ။

ဇန်နဝါရီ ၂၈ ရက်နေ့တုန်းကလည်းအဲဒီအရှုပ်အထွေးတွေနဲ့ ဆက်စပ်ပြီး မဲဆောက်၊ ဖော့ဖရားနဲ့ မဲရမတ် ရဲတပ်ဖွဲ့ အကြီးအကဲတွေ ရာထူးကနေ အသီးသီး ထုတ်ပယ် ခံခဲ့ရပါတယ်။ လူမှောင်ခိုမှုတွေ အပါအဝင် နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီလို အရေးယူမှုတွေ ရှိလာခဲ့တာပါ။

ဇန်နဝါရီ ၂၉ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိခဲ့တဲ့ တရုတ် လုံခြုံရေး အရာရှိတွေကို ပြည်သူ့လုံခြုံရေး ဒုတိယ ဝန်ကြီး လျူကျန်ကျိက ဦးဆောင်ခဲ့ပါတယ်။ တရုတ် လုံခြုံရေး ကိုယ်စားလှယ် အဖွဲ့ဟာ တက်ခ်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ ဆမ်ရစ် အမ်ကာမိုလ်နဲ့လည်းတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် တရုတ်အဖွဲ့ဟာ မေဖာဧရိယာထဲကဝမ်ခွေကျေးရွာတဝိုက်ကိုလှည့်လည်စစ်ဆေးခဲ့ပြီး ဒေသခံ ရဲတပ်ဖွဲ့နဲ့ ထိုင်းစစ်တပ်က လုံခြုံရေး ပံ့ပိုးပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် ကိုယ်စားလှယ် အဖွဲ့ဟာ သောင်ရင်းမြစ်ခြားပြီး တည်ရှိရာ မြန်မာဖက်ခြမ်း မြဝတီမြို့နယ်ဖက်မှာ တရုတ်နိုင်ငံသားတွေ လူမှောင်ခို ကူးခံရတဲ့ ဒုစရိုက်ဂိုဏ်းတွေရဲ့ အခြေအနေကို အလေးအနက် ဆန်းစစ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ် အရာရှိတွေဟာ မဲဆောက်မှာရှိတဲ့ မယ်ကူဧရိယာကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ အဲဒီနေရာကနေ မြန်မာဖက်ခြမ်းမှာ ကျားဖြန့် လုပ်ငန်းတွေ အပြိုင်းအရိုင်း အခြေစိုက်ထားရာ ကေကေပက်ခ်ကို ပိုပြီး ရှင်းရှင်းလင်းလင်း လှမ်းမြင်နိုင်ပါတယ်။

လျူဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာဖက်ခြမ်းမှာ တရုတ်နိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံထားတဲ့ တရားမဝင် အွန်လိုင်းကာစီနိုတွေ၊ ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ ဒေသခံ ထိုင်းအရာရှိတွေရဲ့ တင်းပြ ဆွေးနွေးမှုတွေကို နားထောင်ပြီးတဲ့နောက် တက်ခ်ပြည်နယ်ထဲမှာရှိတဲ့ မဲဆောက်က စစ်ဆေးရေးဂိတ်မှာ ထိုင်းအာဏာပိုင်တွေနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

တရုတ် ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဟာ မြဝတီမှာ လူမှောင်ခိုကူးပြီး ဖမ်းဆီး ခံထားရတယ်လို့ ယုံကြည်ရတဲ့ တရုတ်နိုင်ငံသား ၁၆၀ လောက် လွတ်မြောက်ရေး အတွက်လည်း ရည်ရွယ်ထားပါတယ်။ အဲဒီ တရုတ်နိုင်ငံသားတွေဟာ လှည့်စား လူကုန်ကူးမှုတွေ ခံရတဲ့နောက် ကျားဖြန့်ဂိုဏ်းတွေရဲ့ ငွေလိမ်လုပ်ငန်းတွေမှာ ဖိအားပေး အသုံးချ ခံနေရတယ်လို့ ယုံကြည်ရပါတယ်။

ထိုင်းအစိုးရဟာ လူမှောင်ခို ဂိုဏ်းတွေကို ချိုးနှိမ် တိုက်ဖျက်ဖို့အတွက် တရုတ်နဲ့ ပူးပေါင်းပြီး ညှိနှိုင်းကွပ်ကဲရေး စင်တာတစ်ခု ဖွင့်လှစ်ဖို့ကိုလည်း သဘောတူထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ တရုတ် လုံခြုံရေး ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ ကမ္ဘာလှည့်ခရီးသွားတွေ လုံခြုံရေး ကိစ္စကိုပါ ထည့်သွင်းဆွေးနွေးခဲ့ပြီး မြန်မာဖက်က ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

လဆန်းပိုင်းတုန်းကတရုတ်နိုင်ငံသားသရုပ်ဆောင်ဝမ်ကျင်ဟာ ထိုင်းနိုင်ငံကို အလုပ်ကိစ္စ လာရောက်ရင်း မြဝတီက ကျားဖြန့်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှုကို ခံခဲ့ရတဲ့ ဖြစ်စဉ်နောက်ပိုင်း တရုတ် အစိုးရဟာ ထိုင်း-မြန်မာ နယ်စပ်က ဒုစရိုက် လှုပ်ရှားမှုတွေအပေါ် ပိုမို အာရုံစိုက်လာခဲ့ပါတယ်။ ဝမ်အပြင် ဘဝတူ လူကုန်ကူးခံရသူ တရုတ်နိုင်ငံသား တချို့ကို ထိုင်းရဲတပ်ဖွဲ့က ညှိနှိုင်းကယ်ထုတ်ပေးခဲ့ပြီး ဖြစ်သလို အဲဒီကိစ္စနောက်ပိုင်း တရုတ်ဟာ လူကုန်ကူးဂိုဏ်းတွေနဲ့ ဆက်စပ်သူ ၂၀ လောက်ကို ဖော်ထုတ် ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။