Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တောင်ပိုင်း စစ်ရှောင်များရှိရာအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ရှောင်ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် ၉ ဦးသေဆုံးပြီး ၃၀ခန့် ဒဏ်ရာရ

ယမန်နေ့က စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ခဲ့သည့် ကလေးမြို့နယ်တောင်ပိုင်း စစ်ရှောင်ပြည်သူများနေထိုင်သည့် နေရာများပျက်စီးခဲ့သည်ကို တွေ့ရစဥ်(ဓာတ်ပုံ - Min Lun)

ရဲခေါင်၊ကျော်ဇောPeople’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း စစ်ဘေးရှောင်များရှိရာနေရာအား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် ၉ ဦးသေဆုံးပြီး ၃၀ခန့် ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဇန်နဝါရီ ၃၁ရက် ညနေ ၅ နာရီခွဲခန့်က ကလေးမြို့နယ်ရှိ တင်သားကျေးရွာနှင့် ကုက္ကိုလ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သည်ဟု ဆိုသည်။

“ဒဏ်ရာရလူနာရှိသေးလား သွားကြည့်တာ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်တွေက ဘယ်သူဘယ်ဝါလို့ သတ်မှတ်ဖို့တောင်ခက်ရအောင်ထိပါပဲ။ အတော်ရက်စက်ကြေကွဲစရာ မြင်ကွင်းကြီးပါ”ဟု မြေပြင် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါလေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်ကြောင့် တင်သားကျေးရွာကျေးလက်ကျန်းမာဆေးပေးခန်းနှင့် ကုက္ကိုလ်ကျေးရွာ စာသင်ကျောင်းပျက်စီးသွားခဲ့ရကြောင်းလည်း သိရသည်။

“ဆေးရုံရှိဆရာ၊ဆရာမများအားလုံး လွတ်ကင်းရာသို့ကြိုတင် ရှောင်ရှားထားသဖြင့် ဘေးကင်းခဲ့ပြီး ဆေးရုံအနီးနားဝန်းကျင်ရှိ စစ်ရှောင်များအိမ်သို့ ဗုံးများကျရောက်ခဲ့ရာ စစ်ရှောင်များထိခိုက်မှုရှိခဲ့ပါတယ်ခင်ဗျာ”ဟု ခဏတာအရိပ်ဆေးရုံက လူမှုကွန်ယက်မှတဆင့် အသိပေးထားသည်။

ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေ၍ အရေးပေါ်ဆေးပစ္စည်းနှင့် အခြားလိုအပ်ချက်များရှိနေသောကြောင့် အကူအညီများလိုအပ်နေကြောင်းလည်း ဒေသတွင်းစစ်ရှောင်ကူညီနေသူအချို့က ပြောသည်။

ထိုကြောင့် ခဏတာအရိပ်ဆေးရုံ-Prometheus Page messengerသို့ ဆက်သွယ်ထောက်ပံ့ပေးရန်လည်း မေတ္တာရပ်ခံထားသည်။

“ဘာတိုက်ပွဲမှ မရှိဘူး။ကျန်းမာရေးဆေးပေးခန်း နဲ့ စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိဗုံးကြဲသွားတာ။အရပ်သားတွေအပေါ် ရက်ရက်စက်စက် ရာဇဝတ်မှု ကျူးလွန်တာပါ”ဟု ကလေးမြို့နယ် စစ်ရှောင်အရေးကူညီနေသူက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ကျေးလက်ကျန်းမာရေးဆေးပေးခန်းနှင့် စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြော သည်။

“ကိုယ့်ရပ်ကိုယ့်ရွာကိုစွန့်ပြီး စစ်ဘေးရှောင်ပါတယ်ဆိုမှ လေယာဥ်နဲ့ ထပ်ကြဲခံရတဲ့အဖြစ်” ဟု ကလေးဒေသခံမြို့သမီးတစ်ဦးက ပြော သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးထိမှန်သေဆုံးသူများမှာ စစ်ဘေးရှောင်အမျိုးသမီးအများစုဖြစ်ပြီး တိုက်ခိုက်ခံရသည့်နေရာများမှာ တော်လှန်ရေးအင် အားစုများ ဦးဆောင်ဖွင့်လှစ်သည့် ကျေးလက်ဆေးပေးခန်းနှင့် စစ်ဘေးရှောင်စခန်းအဖြစ်ဖွင့်လှစ်ထားသည့် စာသင်ကျောင်းတို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ကလေးခရိုင်နှင့် နယ်မြေချင်းထိစပ်နေသည့် တမူးမြို့အဝင်အထွက်မှ စစ်ကောင်စီတပ်နှင့် ပျူစောထီးအထိုင်စခန်းများကို ကူကီးအမျိုးသားတပ်မတော်(KNA)နှင့် မဟာမိတ်တပ်များက ဇန်နဝါရီ၂၇ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ စစ်ကောင်စီက လေကြောင်းပစ်ကူများ နေ့စဥ်နီးပါး လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

တမူးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်တချိန်တည်းတွင် ယခုရက်ပိုင်းအတွင်း ကလေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့်လည်း လေကြောင်းတိုက်ခိုက်မှုသတိပြုရန် တော်လှန် ရေးအင်အားစုများက သတိပေးမှုများလုပ်ဆောင်ခဲ့ကြသည်။

ဒေသတွင်း စစ်ရေးအချက်အလက်များက ဇန်နဝါရီတတိယပတ်ကစ၍ ကလေးမြို့တောင်ပိုင်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုများနှင့် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်