Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီပြိုလဲအောင် အစွမ်းကုန်တိုက်ထုတ်ကြရန် PDF တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးတာဝန်ခံ တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီတပ် ပြိုလဲအောင်အစွမ်းကုန်တိုက်ထုတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောရှားက တိုက်တွန်းပြောကြားသည်။

တောင်ပိုင်းစစ်ဒေသမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ် ပြိုလဲအောင်အစွမ်းကုန်တိုက်ထုတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောရှားက တိုက်တွန်းပြောကြားသည်။

ယနေ့ (ဖေဖော်ဝါရီ ၁ရက်) ကျရောက်သည့် စစ်တပ်အာဏာသိမ်းမှု လေးနှစ်ပြည့်နေ့တွင် ရဲဘော်စောရှား၏ ယခုကဲ့သို့ ပြောကြားချက် ကို တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ ဒီကနေ့ဆိုရင် မတရားစစ်အာဏာသိမ်းတာ လေးနှစ်ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကျနော်တို့အားလုံး ဖြတ်သန်းခဲ့ရတဲ့ ဒီ‌လေးနှစ်တာ ကာလအတွင်းမှာ ကြုံဆုံခဲ့ရတဲ့ အခက်အခဲဆိုတာလည်း မရေမတွက်နိုင်အောင်ပါပဲ။ ဒီအခက်အခဲတွေကြားကပဲ ရဲဘော်တို့ရဲ့ အချင်းချင်း အပြန်အလှန်လေးစားမှု၊ ညှိနှိုင်းတိုင်ပင်မှု၊ အားကိုးမှုတွေနဲ့ ဆက်လျှောက်လာခဲ့လို့သာ ဒီကနေ့ ဒီအချိန်မှာ ဒီလိုအခြေအနေတခုကို ရောက်ရှိလာခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။ ရှေ့ဆက်ပြီးလည်း ပြည်သူကိုသာ ရှေးရှုပြီး အကြမ်းဖက်စစ်ကောင်စီပြိုလဲဖို့ ညီညီညွတ်ညွတ်နဲ့အစွမ်းကုန် ကြိုးစားတိုက်ထုတ်သွားကြရမှာဖြစ်တယ်”ဟု ရဲဘော်စောရှားက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ကာလဆိုးကြီးအတွင်း ဖက်ဒရယ်ဒီမိုကရေစီအတွက် ရဲဝံ့စွာကျဆုံးခဲ့ရသည့် ရဲဘော်များနှင့် ကိုယ်လက်ဆုံးရှုံးမှုရှိခဲ့သည့် ရဲဘော်များ၏စွန့်လွှတ်အနစ်နာခံမှုနှင့် ပေးဆပ်မှုကိုလည်း အသိအမှတ်ပြုကြောင်း ၎င်းက ပြောသည်။

“အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီးစစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်းလာဖို့ ကြံ့ကြံ့ခံကာ ရှေ့ဆက်လျှောက်နေဆဲ ရဲဘော်ရဲ‌ဘက်အားလုံးနဲ့ ပြည်သူများကို လေးစားဦးညွတ်ပါတယ်”ဟု ရဲဘော်စောရှားက ပြောသည်။

PDF တောင်ပိုင်းစစ်ဒေသသည် ကရင်၊ မွန်၊ ပဲခူး၊ တနင်္သာရီ ဒေသများ၌ တိုင်းရင်းသားတော်လှန်ရေးတပ်များ၊ အခြားသော တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

တောင်ပိုင်းစစ်ဒေသ၏ သတင်းထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၄ဒီဇင်ဘာလအတွင်း တောင်ပိုင်းစစ်ဒေသ နယ်မြေတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်း ၄ခု အား သိမ်းပိုက်နိုင်မှု အပါအဝင် စစ်ကောင်စီနှင့် တိုက်ပွဲ အကြိမ် ၆၀ကျော်ဖြစ်ခဲ့သည်ဟု ဆိုသည်။ ဒီဇင်ဘာလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်များထံ အလင်းဝင်ရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းရှိခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

တောင်ပိုင်းစစ်ဒေသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA၊ ကျောင်းသားတပ်မတော် ABSDF၊ မွန်ပြည်တော်လှန်ရေးတပ်၊ MSRF၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေး NMSP-AD ၊ ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်များနှင့် ပူးပေါင်း၍ စစ်ဆင်ရေးများ ဆောင်ရွက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်သူတွေ ဆင်းရဲကျပ်တည်းမှု အခြေအနေ ဘယ်လောက်ထိ ရှိနေပြီဆိုတာကို အညာက မင်္ဂလာဆောင်ဖိတ်စာတစ်ခုက ပြသနေပါတယ်။