Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားနှင့် ရဲ ၁၃၀ကျော် ဇန်နဝါရီအတွင်း ပြည်သူဘက်ကူးပြောင်း၊ ၈၀ဦးကျော်က လက်နက်များယူလာဟု NUG အသိပေး

စစ်ကောင်စီတပ်သားနှင့် ရဲ ၁၃ ဦး ပြီးခဲ့သည့် ဇန်နဝါရီအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁ရက်) သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၃၀ရက်က အလင်းဝင်လာသည့် ဟုမ္မလင်းမြို့အခြေစိုက် ခမရ(၃၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား စည်သူထက်အား ရဲဘော်များက လက်ခံတွေ့ဆုံနေစဥ်(ဓာတ်ပုံ Earthquake PDF)

ဟန်နွေ/People’s Spring

စစ်ကောင်စီတပ်သားနှင့် ရဲ ၁၃ ဦး ပြီးခဲ့သည့် ဇန်နဝါရီအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁ရက်) သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများသို့ ဇန်နဝါရီအတွင်း စစ်ကောင်စီတပ်သားနှင့် ရဲများ ဆက်သွယ် ပြီး ပြည်သူ့ဘက်ကူးပြောင်းလာမှု အခြေအနေကို အသိပေးထားခြင်းဖြစ်သည်။

ပြည်သူ့ဘက် ဘက်ပြောင်းခိုလုံလာသူများအနက် တပ်သား ၁၂၇ဦးနှင့် ရဲ ၉ဦးရှိပြီး ဗိုလ်မှူးအဆင့် အရာရှိ ၁ဦး၊ ဗိုလ်ကြီး ၄ဦး၊ ဗိုလ် ၁ဦး ၊ အရာခံဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၇ဦး၊ ရဲတပ်ကြပ်ကြီး ၁ဦး တပ်ကြပ် ၈ဦး၊ ရဲတပ်ကြပ် ၁ဦး၊ ဒုတပ်ကြပ် ၅ဦး၊ ရဲ ဒုတပ်ကြပ် ၁ဦး တို့ ပါဝင်ကြောင်း အသိပေးထားသည်။ ထို့ပြင် တပ်သား၃၃ ဦး၊ ရဲ ၆ဦး၊ ပြည်သူ့ စစ်မှုထမ်း ၅၂ဦး နှင့် ပြည်သူ့စစ် ၁၅ဦးတို့လည်း ပါဝင်သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ခိုလှုံ လာသူ (၈၃)ဦးရှိပြီး လက်နက်မျိုးစုံ (၈၃)လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့သည်ဟု အသိပေးထားသည်။

လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင်တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်လည်း NUG ကာကွယ်ရေးက တိုက်တွန်းခဲ့သည်။

NUG ကာကွယ်ရေး၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ဒီဇင်ဘာအတွင်းကလည်း ဒုရဲအုပ်တစ်ဦး အပါအဝင်တပ်သားနှင့် ရဲ ၂၈ ဦး ပြည်သူ့ဘက် ကူးပြောင်းလာခဲ့ပြီး ယင်းအနက် ၁၃ဦးသည် လက်နက်များ ယူဆောင်လာသည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း ယနေ့ (ဖေဖော်ဝါရီ ၁ရက်)တွင် နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် မိန့်ခွန်းပြောကြားခဲ့ရာ စစ်ကောင်စီတပ်ရှိ တပ်မတော်သားများနှင့် တိုင်းပြည်ကို ချစ်သည့် စစ်ဗိုလ်ချုပ်များအနေဖြင့် စစ်ကောင်စီကို ငြင်းဆန်ပြီး ပြည်သူ့ဘက်မျက်နှာမူကြရန် တိုက်တွန်းထားသည်။

“အကြမ်းဖက်မြန်မာစစ်တပ်အတွင်းက တိုင်းပြည်နဲ့ နိုင်ငံကို ချစ်မြတ်နိုးသော တပ်မတော်သားတွေ အမြောက်အများဟာ ပြည်သူကဘက်ကို လက်တွေ့ကျကျ ပါဝင်ရပ်ခံလာစေရေးဟာ အင်မတန်အရေးကြီးကြောင်း ပြောကြားလိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။

ထို့ပြင် စစ်ကောင်စီတပ်အတွင်း အကြမ်းဖက်စရိုက်ကို ရွံမုန်းသည့် တပ်မတော်သားစစ်စစ်များစွာ ကျန်နေမည်ဟု ခံစားနားလည်ကြောင်း ပြောကြားခဲ့သည်။

“စစ်အာဏာရှင်စနစ်တစ်ခုလုံး အမြစ်ပြတ်ချုပ်ငြိမ်းနိုင်ဖို့အတွက် စစ်အာဏာရှင် ယန္တရားအောက်က တပ်မတော်သားတွေ အမှုထမ်းတွေ အရာထမ်းတွေ ဘက်ပြောင်းပါဝင်မှုဟာ အင်မတန်အရေးကြီးကြောင်း ထပ်မံ ပြောကြားလိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားပြီး ဘက်ပြောင်းခိုလှုံလာသူများကို အချိန်နေရာမရွေး ကြိုဆိုကြရမည်ဟု အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။