Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားနိုင်ငံတွင် နွေဦးတော်လှန်ရေး ၄နှစ်ပြည့်အဖြစ် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲ ကျင်းပ

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်းမြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ကိုရီးယားအဖွဲ့အစည်းများ စုပေါင်းကာ နွေဦးတော်လှန်ရေး ၄နှစ်ပြည့် သတင်းစာရှင်းလင်းပွဲနှင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ (ဖေဖော်ဝါရီ ၁ရက်) ကျင်းပပြုလုပ်ခဲ့သည်။

သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်းမြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ကိုရီးယားအဖွဲ့အစည်းများ စုပေါင်းကာ နွေဦးတော်လှန်ရေး ၄နှစ်ပြည့် သတင်းစာရှင်းလင်းပွဲနှင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ (ဖေဖော်ဝါရီ ၁ရက်) ကျင်းပပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြပွဲကို မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMCမှ ဦးဆောင်ပြီး ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ကိုရီးယားအဖွဲ့အစည်းများ စုပေါင်းကာ လူဦးရေ ၁၀၀ကျော် ပူးပေါင်းဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲတွင် MFDMC ဥက္ကဌ ဦးဇော်မိုးအောင်မှ အဖွင့်မိန့်ခွန်းအမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူးများ၊ သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံများမှ တော်လှန်ရေးအားပေးစကားများနှင့် ထုတ်ပြန်ကြေငြာချက်များကို အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကမ္ဘာ့အသိုင်းအဝိုင်းက ပိုမိုသိရှိလာစေရန်၊ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်မည့် တော်လှန်ရေးလှုပ်ရှားမှုများကို ထောက်ပံ့ရန်နှင့် စစ်ကောင်စီအား ပံ့ပိုးကူနေခြင်းကို ရပ်တန့်ရန်တို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ – MFDMC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

Facebook