Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကအင်အားအများအပြားဖြင့်ထိုးစစ်ဆင်​​နေ​သော်လည်း မိုးဗြဲမြို့ကိုထိန်းချုပ်ထားနိုင်ဆဲဟု KNDF ထုတ်ပြန်

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်နေသော မိုးဗြဲ မြို့ကို တော်လှန်ရေးပူးပေါင်းတပ် များ ထိန်းချုပ်ထားနိုင်ဆဲဖြစ်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။

စစ်တပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF

ရဲခေါင်/People’s Spring

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်နေသော မိုးဗြဲမြို့ကို တော်လှန်ရေးပူးပေါင်းတပ် များ ထိန်းချုပ်ထားနိုင်ဆဲဖြစ်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။

ဇန်နဝါရီလအတွင်း လွိုင်ကော်မြို့နယ် ၊ ဘောလခဲမြို့နယ် ၊ ဖားဆောင်းမြို့ နှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့ ၊ ဆီဆိုင်မြို့နယ်တို့တွင် KNDF တပ်များနှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟုအသိ​ပေးထားသည်။ တစ်လတာ တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်မှ ၃၀ ဦးနှင့်အထက်​သေဆုံးခဲ့သည်။

တိုက်ပွဲများအတွင်း KNDF တပ်ဖွဲ့ဝင်(၆)ဦး ကျဆုံးခဲ့ရပြီး၊စစ်ကောင်စီဖက်မှ ဒုအရာခံဗိုလ် တစ်ဦး ၊ တပ်သားကိုးဦး စုစုပေါင်း တပ်ဖွဲ့ဝင် ၁၀ ဦး သေနတ် ခုနှစ်လက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်းလည်း KNDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့တွင် ဇန်နဝါရီတစ်လတာလုံး နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်တွင် စုဖွဲ့ရောက်ရှိနေသော စစ်ကောင်စီ၏ စစ်ကြောင်းအချို့မှာ မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် စစ်ကြောင်းထိုး၍ နေ့စဉ် ထိတွေ့မှုများရှိကြောင်း အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးများကို အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်ပြီး ဇန်နဝါရီ ၁၉ ရက်တွင် မိုးဗြဲမြို့တွင်းသို့ ဦးတည်၍ စစ်ကောင်စီဖက်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့၍ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်။ကရင်နီပူးပေါင်းတော် လှန်ရေးတပ်များက ကောင်းမွန်စွာ ခုခံတိုက်ခိုက်နိုင်၍ ယနေ့ချိန်ထိ မိုးဗြဲမြို့အား ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပြီး တိုက်ပွဲများဆက်၍ ဖြစ်ပွားနေကြောင်းဖော်ပြသည်။

“ဒီနေ့ (ဖေဖော်ဝါရီ ၂ ရက်)နေ့လည်ပိုင်းမှာ လွိုင်ကော် နဲ့ မိုးဗြဲ ကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေရှိနေတယ်။မိုးဗြဲဘက်ကတော့ နေ့စဥ်နီး ပါးလောက် လေကြောင်းကနေ ဗုံးကြဲ တာပေါ့။ခုခံစစ်ဆိုတော့ရဲဘော်အချို့ အဖိတ်အစင်နည်းနည်းရှိတယ်”ဟု ကရင်နီတော်လှန်ရေးအင်အားစု၏ တာဝန်ရှိသူ တစ်ဦးက လူထုနွေဦးသို့ပြောသည်။

လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီဖက်မှ လက် နက်ကြီးများ ပစ်ခက်တိုက်ခိုက်ခြင်း ၊ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး ဖားဆောင်းမြို့တွင်လည်း ကြိုကြားထိတွေ့မှုများရှိခဲ့ကြောင်း သိရသည်။

ဘောလခဲမြို့နယ်တွင် ဇန်နဝါရီ ၁၂ ရက်က မိုင်းထမ်းကျေးရွာ နှင့် ဝမ်မလန်းကျေးရွာကြားသို့ စစ်ကြောင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များအား KNDF အပါအဝင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များပူး ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်သေဆုံးကာ လက်နက် လေးလက် သိမ်း ဆည်းရရှိခဲ့ကြောင်း KNDF ကပြောသည်။

ထို့အတူ ကရင်နီ – ရှမ်းတောင်နယ်စပ်ရှိ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်တွင် စစ်ကောင်စီနှင့် PNO တို့ ပူးပေါင်းတပ်စွဲထားသော စခန်းကုန်းအား KNDF အပါအဝင်တော်လှန်ရေးတပ်များ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့ပြီး ရန်သူ၃၀ ကျော်သေဆုံးကာ လက်နက်ကြီးငယ်အစုံ၂၈ လက် ရရှိခဲ့သည်။

ကရင်နီပြည်နယ် နှင့် ကရင်နီ-ရှမ်းတောင် နယ်စပ်တို့တွင် ယခင်လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၃၁)ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် မှု အကြိမ် ၃၀နှင့်အထက် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများနှင့် လက် နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ် နှစ် ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူခုနှစ်ဦးသေဆုံးခဲ့ရပြီး ကလေးငယ် သုံးဦး၊ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြ သည်။

ထို့အပြင်ကရင်နီပြည်အတွင်းနှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်တို့တွင် စစ်ကောင်စီ၏ လေကြောင်း ၊ လက်နက်ကြီး ၊ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေအိမ် (၃၈)လုံးနှင့်အထက် ထိခိုက်ပျက်ဆီးခဲ့ပြီး စာသင်ကျောင်း (၂)ကျောင်း ၊ ဘုန်ကြီးကျောင်း (၅)ကျောင်းထိခိုက်ပျက်ဆီးခဲ့ရသည်။

(ကရင်နီတပ်​ပေါင်းစုက စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ နှင့် စစ်တပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-KNDF)

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook