Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တောင်ပိုင်းကို စစ်ကောင်စီကလေကြောင်းမှထပ်မံဗုံးကြဲ

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

ဇန်နဝါရီ၃၁ရက်တွင်စစ်​ကောင်စီကလေကြောင်းမှဗုံးကြဲ၍ ပျက်စီးသွားသည့် ကုက္ကိုယ်ရွာမှ စစ်ဘေးရှောင်တဲများ။ ဓါတ်ပုံ-CJ

အိမ်သွင်/People’s Spring

လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ရှစ်ဦးသေဆုံးခဲ့သည့် ကလေးမြို့နယ် တောင်ပိုင်းကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီလ၂ရက်) နံနက်၌ ထပ်မံတိုက်ခိုက်ခဲ့ရာ တစ်ဦးထပ်သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ကလေးမြို့နယ်၊ ကုက္ကိုလ်ကျေးရွာရှိစစ်ဘေးရှောင်စခန်းနှင့်တင်သားကျေးရွာရှိကျေးလက်ဆေးပေးခန်းကို စစ်​ကောင်စီက ဇန်နဝါရီလ ၃၁ ရက်တွင် လေကြောင်းမှတိုက်ခိုက်ခဲ့သည်။ ​ဖေ​ဖော်ဝါရီလ ၂ ရက်​နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်တွင်လည်း တင်သား နှင့် ဒိုးနွယ်ရွာကိုပါ လေကြောင်းထပ်မံတိုက်ခိုက်ခြင်းဖြစ်သည်။

ကုက္ကိုလ်ကျေးရွာရှိစစ်ဘေးရှောင်စခန်းအားတိုက်ခိုက်မှု၌ ကလေးငယ် လေးဦးအပါအဝင်ရှစ်ဦးသေဆုံးခဲ့သည်။ တင်သားကျေးရွာရှိ ကျေးလက် ဆေးပေးခန်းအား ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်မှုတွင် ဒေသခံများ ဗုံးခိုကျင်းအတွင်းပုန်းအောင်းနိုင်ခဲ့၍ ထိခိုက်သူမရှိခဲ့ပေ။

Public Service Announcement

Public Service Announcement

“မြစ်သာမြစ်ရဲ့ ဟိုဘက် သုံးမိုင်ခန့်အကွာကို ဦးတည်ပြီးပစ်သွားတာ။ ကျနော်တို့ကြားထားသလောက် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်။ အရပ်သားတွေချည်းပါပဲဗျာ။ ဟိုနေ့က ပစ်တာလည်း စစ်ဘေးရှောင်စခန်းကိုတည်ပစ်တာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။

​ဖေ​ဖော်ဝါရီ ၂ ရက်​နေ့တိုက်ခိုက်မှု​ကြောင့် ကလေးမြို့နယ်တွင် သုံးရက်အတွင်း အရပ်သား ကိုးဦးသေဆုံးခဲ့သည်။

ကလေးမြို့နယ်တောင်ပိုင်း၌ PDFများ၏စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက ​လေ​ကြောင်းမှပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ပြီးဒေသခံများသည် လေကြောင်းအန္တရာယ်ကို စိုးရိမ်နေကြရသည်။

ဇန်နဝါရီလ၃၁ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများ၏နေအိမ်များပျက်စီးသွားသည်။ စစ်​ဘေး​ရှောင်ပြည်သူများမှာစစ်​ဘေး​ရှောင် စခန်းတွင်မနေရဲတော့၍ လမ်းဘေးနေရာအချို့၊ တောင်ယာခင်းအချို့တွင် ယာယီတဲထိုး၍ နေကြရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ဇန်နဝါရီလကလည်း ကလေးမြို့နယ်နှင့်ဆက်စပ်နေသောတမူးမြို့နယ်၊ ခါမ်းပါတ်မြို့ကိုလေကြောင်းမှအကြိမ်​​ပေါင်းများစွာတိုက်ခိုက်ခဲ့သည်။

ခါမ်းပါတ်မြို့ကို ဇန်နဝါရီလ၁၆ရက်ည၊ ဇန်နဝါရီလ၂၀ရက်ည၊ ဇန်နဝါရီလ၂၁ရက်ည နှင့် ဇန်နဝါရီလ ၂၂ရက်နံနက်တွင် တိုက်ခိုက်ခြင်းဖြစ်သည်။ အဆိုပါ လေးကြိမ်တွင် ပေါင်၅၀၀ ဗုံးအပါအဝင် အင်အားပြင်းဗုံး ဆယ်လုံးထက်မနည်း ကြဲချခဲ့ကြောင်းဒေသခံများကပြောသည်။ ဒေသခံ ၄ ဦးသေဆုံးခဲ့ပြီးနေအိမ်အများအပြားပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook