Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တောင်ပိုင်း စစ်ရှောင်တဲစု ဗုံးကြဲခံရမှုတွင် ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦးနှင့် ကလေး လေးဦးပါဝင်

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သားရွာ နှင့် ကုက္ကိုလ်ရွာများမှ စစ်ဘေးရှောင်များ၏ တဲအိမ်များအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူများအနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ကလေးငယ်လေးဦးပါဝင်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သားရွာ နှင့် ကုက္ကိုလ်ရွာများမှ စစ်ဘေးရှောင်များ၏ တဲအိမ်များအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူများအနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ကလေးငယ်လေးဦးပါဝင်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများက လူထုနွေဦးသို့ ပြောသည်။

အဆိုပါကျေးရွာများရှိစစ်ရှောင်တဲများကို စစ်တပ်က ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးသေဆုံးစစ်ရှောင်ပြည်သူ ရှစ်ဦးရှိကြောင်း ခဏတာအရိပ်ဆေးရုံတာဝန်ခံ ဆရာဝန်က အတည်ပြုသည်။

သေဆုံးပြည်သူရှစ်ဦးတွင် အမျိုးသမီးလေးဦးနှင့် ကလေးငယ်လေးဦးပါဝင်ပြီး ကလေးများအနက် ယောကျ်ားလေးတစ်ဦး၊ မိန်းက လေးငယ်သုံးဦး အသီးသီးပါဝင်ကြောင်း တာဝန်ခံဆရာဝန်ကရှင်းပြသည်။

Public Service Announcement

Public Service Announcement

အမျိုးသမီးလေးမှ တစ်ဦးမှာ သုံးလအရွယ် သန္ဓေသားလွယ်ထားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်ပြီး ယင်းမိခင်လောင်းအမျိုးသမီး၏ ခုနစ်ယောက်မြောက် သန္ဓေသားဖြစ်သည်ဟု ​အခင်းဖြစ်ရပ်သို့ ကွင်းဆင်၍ ကျန်းမာရေးစောင့်ရှောင်မှုပေးနေသည့် Mobile Medical Team (MMT West Division)၏ တာဝန်ခံအမျိုးသမီးက လူထုနွေဦးသို့ ပြောသည်။

“သားနှစ်ယောက်က ကျပန်းအလုပ်သွား၊ သမီးတစ်ယောက် ပဲချိတ်နေ့စားအလုပ် လိုက်နေလို့ ကျန်ခဲ့တယ် ပြောတယ်။ သူ့အမျိုးသားကတောင်ပေါ်အခင်းလုပ်သွားတာ။ (ကိုယ်ဝန် ဆောင်အမျိုးသမီး)သူတို့ကို ခေါ်တယ် မလိုက်ဖြစ်တာတဲ့”ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်နှင့်အတူ စစ်ရှောင်တဲအိမ်၌ အတူရှိနေခဲ့သည့် သမီးဖြစ်သူမှာလည်း သေဆုံးအမျိုးသမီးလေးဦးတွင် တစ်ဦးအပါအဝင်ဖြစ်ရာ တစ်မိသားစုတည်း အရွယ်ရောက်သူနှစ်ဦး အသက်ဆုံးရှုံးရခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရခဲ့သည့်ပြည်သူများမှာ စစ်ကောင်စီတပ်ရန်ကြောင့် ၂၀၂၁ ခုနှစ်အောက်တိုဘာလမှစပြီး နေရပ်စွန့်ခွာကာ ကလေးမြို့တောင်ပိုင်း တင်သားရွာ နှင့် ကုက္ကိုလ်ရွာများသို့ တိမ်းရှောင်လာရသည့် ကာလရှည်စစ်ဘေးရှောင်နေရသူများဖြစ်ကြောင်း စုံစမ်းသိရသည်။

အဆိုပါစစ်ရှောင်ပြည်သူများသည်နေရပ်သို့မပြန်နိုင်သေးသည့်အလျှောက် မိသားစုစားဝတ်နေရေးအတွက်တင်သား နှင့် ကုက္ကိုလ်ရွာများ၌ ရရာအလုပ်လုပ်ကာ ရပ်တည်နေရသူများလည်း ဖြစ် သည်ဟု အကူအညီပေးနေသူများက ပြောသည်။

“သူတို့ရဲ့ စိုင်ခင်းပျိုးခင်းတွေကိုလည်း စိုက်လို့ပျိုးလို့မရတော့ အငှားပေါ့ ကြုံရာကျပမ်းလိုက်နေရင်းက အသက်မွေးဝမ်းကြောင်းနေရတာ။ အခုတခါ ထပ်ပြီး ထွက်ပြေးရပြန်တော့ သူတို့ရဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေက သက်သာမလိုရှိလိုက် အသစ်ပြန်ပေါ်လာလိုက်အနေအထားပဲ။ မနေ့(ဖေဖော်ဝါရီလ ၁ ရက်)ကဆိုရင် ပုဆိုးရေစိုခါလိုက်တဲ့ ဗုံးဆိုတဲ့အသံကြားတာတောင် လန့်နေကြတယ်။ က လေးတွေလည်းပါတော့ သူတို့အတွက်စိုးရိမ်စရာပဲ”ဟု Mobile Medical Team(MMT West Division)တာဝန်ခံအမျိုးသမီးက ပြောသည်။

လတ်တလောအခြေအနေတွင်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှ ကပ်လွတ်ခဲ့သည့် ခဏတာဆေးရုံမှာ ကျန်းမာရေးစောင့်ရှောင်မှုလုပ်ငန်းအချို့ ပြန်လည်စတင်နေပြီဖြစ်သော်လည်း ဆေးဝါးနှင့် စက်သုံးဆီလို အပ်ချက် အရေးပေါ်လိုအပ်လျှက်ရှိကြောင်း ဆေးရုံတာဝန်ခံက ဆရာဝန်က ရှင်းပြသည်။

ဆေးရုံအဖွဲ့ဝင်များသည် အခြေအနေအရပ်ရပ်ကြောင့် ပြင်ပသို့လိုက်၍ ကျန်း မာရေးစောင့်ရှောက်မှုပေးရန် အခက်အခဲဖြစ်လျှက်ရှိရာကုသမှုခံယူရန် လိုအပ်သော လူနာများ ဆေးရုံသို့လာရောက်မှသာ လိုအပ်သလိုကုသပေးနေကြောင်းလည်း တာဝန်ခံဆရာဝန်က အသိပေးသည်။

အထက်ပါ ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သားရွာနှင့် ကုက္ကိုလ်ရွာများအနီး မြစ်သာမြစ်တဘက်ကမ်း ၃ မိုင်ခန့်အကွာသို့ ဖေဖော်ဝါ ရီလ ၂ ရက်နေ့နံနက် ၁၁ နာရီ ၂၀ ခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးထိခိုက်သေဆုံးကြောင်း ကနဦးသတင်းအား ဒေသခံများက လူထုနွေဦးသို့ ပြောကြားထားသည်။

သို့ဖြစ်ရာ စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှုဒဏ်ခံထားရသော ကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူအများအပြားမှာ မူလစစ်ရှောင်တဲအိမ်များ ပျက်စီးသွား၍ နေရာမရှိတော့ခြင်း၊ တဲအိမ်ရှိသော်လည်း ဆက်လက်မနေထိုင်ရဲခြင်းတို့ကြောင့် ယခင်ကဲ့သို့တစုတစည်းတည်းမဟုတ်ဘဲ သင့်လျှော်မည်ထင်သည့်နေရာများသို့ အကွဲကွဲအပြားပြား ​ရွှေ့ ပြောင်းသွားကြပြီ အကူအညီပေးနေသူများက ပြောသည်။

“လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့တောင်မှ တစ်တဲဝင် တစ်တဲထွက် သွားရောက်လုပ်ကိုင်ရမယ့် အနေအ ထားမျိုးဖြစ်နေပါပြီ”ဟု Mobile Medical Team(MMT West Division)၏ တာဝန်ခံအမျိုးသမီးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook