Connect with us

Hi, what are you looking for?

သတင်း

စစ်ရှိန်မြင့်တင်ရန်ရည်ရွယ်ထားသည့် SOF ၏ အထူးစစ်ဆင်ရေးသင်တန်းဆင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ အပတ်စဥ် (၇)၊ အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲအား ကျင်းပခဲ့ကြောင်း SOFကသတင်းထုတ်ပြန်သည်။

ဓါတ်ပုံ-SOF

■ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ နှင့် မွန်ပြည်နယ်တို့တွင်အထူးစစ်ဆင်​ရေးတာဝန်များထမ်း​ဆောင်ရမည်ဟုအသိ​ပေး

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ အပတ်စဥ် (၇)၊ အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲအား ကျင်းပခဲ့ကြောင်း SOF ကသတင်းထုတ်ပြန်သည်။

အဆိုပါ သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၃၁ရက်က ကရင်ပြည်နယ် လွတ်မြောက်တနေရာ၌ ကျင်းပခဲ့​​ကြောင်းအသိပေးထားသည်။

Public Service Announcement

Public Service Announcement

“အဓိကကတော့ ဒီသင်တန်းက၂၀၂၅စစ်ရေးအရှိန်မြှင့်တင်မယ့် စစ်ဆင်ရေးအတွက်အစီအစဉ်တခုပေါ့။ဒီကာလက စိတ်ဓာတ်ပြတ်သားဖို့လိုတယ်။ နောက်တစ်ခုက အင်အားစုတွေ အကုန်လုံးစုစည်းဖို့လိုတယ်။ အဖွဲ့အားလုံးပေါ့နော်။ နောက်တခုကျတော့ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို စစ်ဆင်ရေးတွေကို ပြတ်ပြတ်သားသားနဲ့ အကောင်အထည်ဖော်ဖို့လိုတယ်။ အဓိက ကျတဲ့ မြို့သိမ်းတိုက်ပွဲ တွေပေါ့နော်။ အခုသင်တန်းသည်လည်းအဲဒီအတွက် ပြင်ဆင်မှုတစ်ခုပါပဲ” ဟု SOF တပ်ဖွဲ့မှူး ကိုအောင်စံရှားက ပြောသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသားအရေအတွက် ၂၅၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းသည် အချိန် ၄လခွဲ ကြာမြင့်ခဲ့သည်။

သင်တန်းသားများအား ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှု၊ အခြေခံစစ်ပညာများနှင့်အထူးစစ်ဆင်ရေးဘာသာရပ်များအား KNLA နည်းပြများ၊ SOF သင်တန်းနည်းပြများနှင့် US မရိမ်းသင်တန်းဆရာဟောင်း (မြန်မာနိုင်ငံသား) များကလေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်သည်။

သင်တန်းဆင်း ရဲဘော်များအနေဖြင့် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် မွန်ပြည်နယ်စစ်ဆင်ရေးများတွင် သက်ဆိုင်ရာ စစ်ကြောင်း/တပ်ရင်းအလိုက် အထူးစစ်ဆင်ရေးတာဝန်များထမ်းဆောင်သွားရမည်ဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင်၂၀၂၅ စစ်ရေးအရှိန်မြှင့်ဆောင်ရွက်ရန် အထူးစစ်ဆင်ရေးသင်တန်းဆင်းရဲဘော်များဖြင့် အထူးတပ်ဖွဲ့ (တပ်ရင်း) များ တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဆုံးသတ်တိုက်ပွဲအတွက် ပါဝင်လိုသော လူငယ်/လူရွယ်၊ အမျိုးသား/အမျိုးသမီးများအား အပတ်စဥ် (၈) အတွက် သင်တန်းသားများ လက်ခံနေပြီဖြစ်ကြောင်းလည်းအသိပေးသည်။

SOF တပ်ဖွဲ့ဝင်ရန်နှင့် သင်တန်းတက်ရောက်လိုသူများအနေဖြင့် SOF – Facebook Page messenger တွင်ဆက်သွယ်နိုင်ပါကြောင်းလည်းဖော်ပြထားသည်။

သင်တန်းဆင်းပွဲတွင် အလံတော်နှင့်ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခြင်း၊ တပ်ဖွဲ့မှုးရဲဘော်အောင်စံရှားမှပေးပို့သောသဝဏ်လွှာအားဖတ်ကြားခြင်း၊ ဗျူဟာ (၃၃) ဗျူဟာစစ်ဆင်ရေးမှုးမှ ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ SOF စစ်ကြောင်း-၂ စစ်ကြောင်းမှုး ရဲဘော်စံရှားလေးမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်းနှင့် မဟာမိတ် ခေါင်းဆောင်များမှ ဂုဏ်ပြုအားပေးစကားများ ပြောကြားခြင်းတို့ ပြုလုပ်ခဲ့သည်ဟုသိရသည်။

ထို့ပြင် ထူးချွန်ရဲဘော်များအား ဆုချီးမြှင့်ခြင်းနှင့် ရဲဘော်များမှ တက်ရောက်လာသောခေါင်းဆောင်များအား စစ်ရေးပြဖြင့် လှည့်လည်အလေးပြုကာ စစ်ဆင်ရေး သရုပ်ပြမှုများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေး ပူးပေါင်းတပ်အကြား တိုက်ပွဲ ၆၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၁၅၀ ကျော်သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

သတင်း

တော်လှန်ရေးအတွက်များစွာ အထောက်အကူဖြစ်စေမည့် တော်လှန်နှုတ်ခမ်းနီကမ်ပိန်း၌ ပါဝင်ကူညီပေးရန် မေတ္တာရပ်ခံ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တည်ထောင်ပြီး သုံးနှစ်တာအတွင်း ကျေးလက် စစ်ဆင်ရေး၊ မြို့ပြစစ်ဆင်ရေးများ ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း SOFက ထုတ်ပြန်သည်။

သတင်း

ပြည်သူ့ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ နွေဦးတော်လှန်ရေး (၃)နှစ်တာကာလအတွင်း စစ် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနှင့် တိုင်းပြည်နှင့် ပြည်သူ လူထု အတွက်မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ကြသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF၏ တပ်ဖွဲ့ဝင် ရဲဘော်များအား အသက်စွန့်အာဇာနည် ဆုတံဆိပ် ဂုဏ်ပြုချီးမြှင့်လိုက်ကြောင်း SOFကထုတ်ပြန်သည်။