Connect with us

Hi, what are you looking for?

သတင်း

ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှပြည်ထောင်စုအားကောင်းရေး (Bottom – up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စ၍ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည် အထိ ဦးတည်လျှောက်လှမ်းနေပြီဟု​တော်လှန်​ရေးအင်အားစုများပူးတွဲ​ကြေညာ

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

■ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ကျဉ်းများ လွတ်မြောက်ရေးသည်လက်ရှိပြဿနာများကိုဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးကြီးသည်ဟု မှတ်ယူ​ကြောင်း​ဖော်ပြ

■တပ်မတော်သားအားလုံး အာဏာသိမ်းစစ်တပ်မှစွန့်ခွာ၍ ပြည်သူလူထုနှင့်ပူး​ပေါင်းရန်ထပ်မံတိုက်တွန်း

အီယိုယီ/People’s Spring

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ ချင်းညီနောင် CB၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့က ပူးတွဲထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး ၎င်းတို့၏ဘုံရည်မှန်းချက်သည်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး အသွင်သဏ္ဍာန်နှင့် အနှစ်သာရပြောင်းလဲမည့် စနစ်ပြောင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်နှင့်အညီ တန်းတူညီမျှမှု နှင့် ပြည်သူလူထု၏ဆန္ဒကို အခြေခံ၍ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကို ရှေ့ရှုသည့် ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှပြည်ထောင်စုအားကောင်းရေး (Bottom – up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေး ကာလ/ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည် အထိ ဦးတည်လျှောက်လှမ်းနေပြီ ဖြစ်ကြောင်း ဖော်ပြသည်။

၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လိုလားတောင့်တလျက်ရှိသည့် အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်းချီတက်နိုင်ရန် ရရှိထားပြီးသော စုစည်းညီညွတ်မှုများထက်ပိုမိုကျယ်ပြန့်ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ ရရှိစေရန် ကြိုးပမ်းအားထုတ်ရင်း စုပေါင်းတော်လှန် တိုက်ပွဲဝင်နေကြောင်းလည်း ပူးတွဲကြေညာသည်။

“ဒီပူးတွဲကြေညာချက်က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ရက်မှာ ထုတ်ပြန်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ အတူတကွ လက်တွဲ တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက် ထုတ်ပြန်ခဲ့တဲ့အထဲက အဓိက အချက် ၆ချက်ပေါ့။ နိုင်ငံရေး ဦးတည်ချက်ကို ပြန်လည် highlight လုပ်ထားတာတွေ့ရမယ်ပေါ့။ အခုမှာ ဒီမှာ မေးထားတဲ့ KNU၊ KNPP၊ CNF မပါဘူးလားမေးတော့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှာလည်း KNU ရော၊ KNPP ရောက ERO အစုအဖွဲ့မှာ ပါဝင်ပြီးဖြစ်တယ်။ ပြီးတော့ အခြားဖက်ဒရယ်ယူနစ်အတိုင်ပင်ခံ ကောင်စီတွေ၊ လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရော၊ တော်လှန်ရေးတပ်ဖွဲ့တွေရော၊ အရပ်ဘက် အဖွဲ့တွေ၊ သပိတ်တွေ အားလုံးပါဝင်တဲ့ multi stateholders platform တစ်ခုဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီပေါ့နော် ဒါ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းပေါ့နော်။ အဲဒီမှာရော နောက်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နောက်ပြီး နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရော၊ နောက်တစ်ခါ ချင်းညီနောင်လို့ခေါ်တဲ့ Chin Brotherhood က တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ဒါ အားကောင်းတဲ့ကြေညာချက်လို့ မှတ်ချက်ပေးချင်ပါတယ်” ဟု CRPH မှ ဦးစည်သူမောင်က ပြောသည်။

ပူးတွဲ​ကြေညာချက်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ချမှတ်ထားကြောင်းလည်း အသိပေးသည်။

ယင်းတို့မှာ(က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်(ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်(ဂ) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်(ဃ) သက်ဆိုင်သူ အစုအဖွဲ့များအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ ပြဌာန်းရန်(င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အသစ်အား တည်ဆောက်ရန်(စ) ပဋိပက္ခအတွင်း “လိင်နှင့် ကျား၊မအပေါ် အခြေခံသော အကြမ်းဖက်မှုများ အပါအဝင်” မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုပြန်လည်ရရှိရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန် တို့ဖြစ်သည်။

ထို့အပြင် တော်လှန်ရေးအဖွဲ့ အစည်း ၅ ခုက ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးထိန်းသိမ်းခံနိုင်ငံရေး ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် မြန်မာနိုင်ငံ၏ လက်ရှိပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးကြီးသည်ဟု မှတ်ယူကြောင်း ဖော်ပြသည်။

တပ်မတော်သားအားလုံးအနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှစွန့်ခွာ၍ ပြည်သူလူထုလိုလားသော ဂုဏ်သိက္ခာ ရှိသည့် တပ်မတော်တရပ်အဖြစ် ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းကြရန်လည်းတိုက်တွန်းထားသည်။

ထိုအပြင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုများ (CDM)နှင့်တကွ ၁၀/၂၇ စစ်ဆင်ရေးအပါအဝင် နိုင်ငံတဝှမ်းအလားတူအောင်မြင်မှုများ၊ ကဏ္ဍစုံမှအောင်မြင်မှုများအတွက် တော်လှန်ပြည်သူ များနှင့်သက်ဆိုင်ရာ နိုင်ငံရေး/တော်လှန်ရေးအင်အားစုများအား လေးနက်စွာ ဂုဏ်ပြုသည်ဟု​ဖော်ပြသည်။ ကမ္ဘာ့ကုလသမဂ္ဂတွင်သံအမတ်ကြီးဦးကျော်မိုးထွန်းအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြုတာဝန်များ ဆက်လက်ထမ်းဆောင်ခွင့်ရခြင်းကို သံတမန်ရေးရာ ပြည်သူ့အောင်ပွဲအဖြစ် မှတ်ယူ​​ကြောင်းလည်းပါရှိသည်။

စစ်​ကောင်စီသည် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာမရှိသည့်အပြင် လက်ရှိ နိုင်ငံရေးအခြေအနေသည်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေ မဟုတ်ဟုဆိုထားသည်။အတုအယောင်ရွေးကောက်ပွဲကို အဓမ္မကျင်းပရန်ပြင်ဆင်နေခြင်းသည်မြန်မာနိုင်ငံပြိုကွဲမှုကိုဦးတည်စေပြီး ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် ဒေသတွင်းမတည်ငြိမ်မှုများ ပိုမိုပေါ်ပေါက်လာစေမည် ဖြစ်သောကြောင့် ပြည်သူလူထုနှင့် နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်းပါဝင်ခြင်း၊ ပံ့ပိုးကူညီခြင်း၊ အသိအမှတ်ပြုခြင်းများအား ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်းထားသည်။

ထိုအပြင်စစ်အုပ်စုက ကျူးလွန်နေသည့် ရာဇဝတ်မှုများနှင့် အဓမ္မစစ်သားစုဆောင်းခြင်းလုပ်ရပ် တို့ကြောင့် မြန်မာပြည်သူတို့၏ လူမှုစီးပွားဘဝကို အလွန်အမင်းထိခိုက်ပျက်စီးစေပြီး ပြည်တွင်း၊ ပြည်ပသို့ နေရပ်စွန့်ခွါမှုများ တိုးပွားလာစေကာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေသည်။ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ လက်ရှိခံစားနေရသည့် အတိဒုက္ခများကို အမြန်ဆုံးကုစားနိုင်ရန် ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ လက်တွေ့ကျပြီး ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ရန်လည်း တောင်းဆိုထားသည်။

နိုင်ငံအချို့အနေဖြင့် အာဏာသိမ်းစစ်အုပ်စု၏ ပြည်သူအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နိုင်စေရန် လေယာဉ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းများ ပံ့ပိုးရောင်းချခြင်း၊ သံတမန်ရေးရာအရ အသိအမှတ်ပြုဆက်ဆံခြင်းတို့ကို ရပ်တန့်ရန် လည်းတောင်းဆိုထားသည်။

​နောက်ဆုံးအချက်မှာတိုင်းရင်းသားပြည်သူလူထုတရပ်လုံးလိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကတိသစ္စာပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်၏ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းများ၏ စကားသံများကို ချင်းညီနောင်က ထုတ်ပြန်ခဲ့ရာ စစ်မှုထမ်းစစ်သားများ လက်နက်ချရန်အခွင့်ရပါက တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ကြရန် ဖမ်းမိစစ်သုံ့ပန်များက တိုက်တွန်းပြောဆိုသည်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ပြန်လွှတ်ပေးဖို့ ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီး David Lammy က ဒီနေ့ (ဖေဖော်ဝါရီ ၁ရက်)တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကောင်စီတပ်သားနှင့် ရဲ ၁၃ ဦး ပြီးခဲ့သည့် ဇန်နဝါရီအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်ချိန်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက ၎င်းရဲ့မိခင်ကို လွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။