Connect with us

Hi, what are you looking for?

သတင်း

တောင်သာ ဗုံးကြဲမှု ဗိုလ်မှူးကြီးဟောင်း နဲ့ စစ်​ကောင်စီညွှန်ချုပ်ပိုင် စျေးဆိုင် မီးလောင် ၊စစ်တပ်က ပစ္စည်းများလာသယ်သွား

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဗိုလ်မှူးကြီးဟောင်း နဲ့ ညွှန်ကြားရေးမှူးချုပ်တို့ပိုင်တဲ့ ကုန်စုံဆိုင်တစ်ဆိုင် စစ်တပ်ရဲ့လေကြောင်းတိုက်ခံခဲ့ရပြီးတဲ့နောက် စစ်တပ်ရဲ့တပ်မ(၉၉)ကပဲ ပစ္စည်းတွေလာသိမ်းသွားတယ် ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - လူထူလှုပ်ရှားကော်မတီတောင်သာ

ရှိန်း/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဗိုလ်မှူးကြီးဟောင်း နဲ့ ညွှန်ကြားရေးမှူးချုပ်တို့ပိုင်တဲ့ ကုန်စုံဆိုင်တစ်ဆိုင် စစ်တပ်ရဲ့လေကြောင်းတိုက်ခံခဲ့ရပြီးတဲ့နောက် စစ်တပ်ရဲ့တပ်မ(၉၉)ကပဲ ပစ္စည်းတွေလာသိမ်းသွားတယ် ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – လူထူလှုပ်ရှားကော်မတီတောင်သာ

ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းက တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ အုတ်ကျောင်းတိုက်မှ ဆရာတော်တပါးနဲ့ အမျိုးသားတစ်ဦးတို့ ဗုံးစထိမှန်ကာ ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အုတ်ကျောင်းတိုက်အတွင်းက နှစ်ထပ်​ကျောင်းဆောင်တစ်ဆောင်၊ ကား၂စီး၊ မီးသတ်ရုံးအနီးက ဝေကြီးကုန်စုံဆိုင်ပေါ် ဗုံးသီးကျကာ မီးလောင်ခဲ့သလို ရွာသစ်ကျေးရွာမှ နေအိမ်နှစ်လုံးတို့ ပျက်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဝေကြီးကုန်စုံဆိုင်ဟာ ဗိုလ်မှူးကြီးဟောင်း ကျော်ကျော်ဦးနဲ့ သူရဲ့ ညီမဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ညွှန်ကြားရေးမှူးချုပ် ဒေါ်ဝေဝေတို့ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဗုံးကြဲခံရပြီး​နောက် ဖေဖော်ဝါရီ ၄ရက်မနက်ပိုင်းမှာ မိတ္ထီလာတပ်မ

(၉၉)က အင်အား ၁၀၀ လောက်နဲ့ ပစ္စည်းတွေ လာရွှေ့သွားတာလို့ တောင်သာမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဘယ်ကိုရွေ့သွားလဲတော့ ကျွန်တော်တို့မသိရဘူးဗျ။ လေကြောင်းတိုက်ပြီးနောက်ရက် မနက်မှာ သူတို့(စကစ)လုံခြုံရေးပေးပြီး ရွှေ့ပေးသွားတယ်လို့ပဲသိရတာ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

စစ်တပ်က တောင်သာမြို့နယ်ကို မကြာခဏလေကြောင်းတိုက်ခိုက်မှုပြုလုပ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်သာပကဖရဲ့သင်တန်းဆင်းပွဲသတင်းပေါက်ပြီး လေကြောင်းတိုက်ခိုက်ခံခဲ့ရကာ ပြည်သူတစ်ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။