Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သား ၄ဦး လက်နက်များနှင့်အတူ KNU ထံ အလင်းဝင်

အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး ကရင်အမျိုးသားအစည်းအရုံး(KNU) ထံ ထပ်မံ အလင်းဝင်လာကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

အလင်းဝင်လာ​​သော စစ်သား ၄ဦး။ ဓါတ်ပုံ-KNU

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး ကရင်အမျိုးသားအစည်းအရုံး(KNU) ထံ ထပ်မံ အလင်းဝင်လာကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၄ရက်တွင် စစ်ကောင်စီတပ်သားများသည် KNU တပ်မဟာ(၃) တပ်ရင်း(၉) နယ်မြေ တနေရာ၌ လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်လာခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား များသည် ခမရ(၅၈၄) ကော့သောင်းအခြေစိုက် တပ်ရင်းမှ ဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ယခု စစ်ကောင်စီတပ်သားများ အလင်းဝင်လာသည့် KNU တပ်မဟာ(၃) တပ်ရင်း(၉)သည် KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ရှိသည့် တပ်ဖွဲ့ဖြစ်သည်။

အလင်းဝင်လာသည့်ဓာတ်ပုံမှတ်တမ်းအရစစ်ကောင်စီတပ်သား၄ဦး နှင့်အတူ လက်နက် ၃လက်နှင့်ကျည်များ ပါဝင်လာသည်ကိုတွေ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ KNU ဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KNU နယ်မြေများတွင် ရှေ့တန်းစစ်မြေပြင်ရောက် စစ်ကောင်စီတပ်သားများ အလင်းဝင်ရောက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး KNU ဘက်ကလည်းလက်နက်ချ သည့် စစ်ကောင်စီတပ်သားများအတွက် လုံခြုံရေးအာမခံချက်ပေးထားသည့်အပြင် ထောက်ပံ့မှု၊ လက်နက်ပါလာမှုအပေါ်မူတည်၍ ဆုငွေပေးအပ်မှုများ ပြုလုပ်​နေသည်။

KNUသည် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များအပါအဝင် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး စစ်ကောင်စီ တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ပြီးယခု ၂၀၂၅တွင် စစ်ရှိန်မြှင့်မည်ဟု အသိပေးထားသည်။ ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူ့ဘက် ပူးပေါင်းရန် KNU ခေါင်းဆောင်များက တိုက်တွန်းနှိုးဆော်ထားသည်။

KNU လက်​အောက်ရှိ ကော်ဘရာစစ်​ကြောင်းက ​ဒေါန​တောင်တွင် ​အောင်​ဇေယျ စစ်​ကြောင်းကိုဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်​နေရာ ၈ လအတွင်းအလင်းဝင်လာ​သော စစ်သား ၆၀ ခန့်ရှိပြီဖြစ်​ကြောင်းကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောက လူထုနွေဦးနှင့် သီးသန့်​တွေ့ဆုံမေးမြန်းမှုတွင် ​ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ