Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့က ပန်းလှိုင်ဆေးရုံအပါအဝင် ပုဂ္ဂလိက​ဆေးရုံ ၇ ရုံကို စစ်​ကောင်စီပိတ်သိမ်းခိုင်း

မန္တလေးမြို့ကပန်းလှိုင်ဆေးရုံအပါအဝင် နာမည်ရ ပုဂ္ဂလိက ဆေးရုံ ၇ ရုံကို စစ်​ကောင်စီကပိတ်သိမ်းခိုင်းလိုက်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက​ပြောပါတယ်။

ပန်းလှိုင်​ဆေးရုံ (ဓါတ်ပုံ-​ဆေးရုံ​ဖေစ်ဘွခ်စာမျက်နှာ)

■ပန်းလှိုင် ၊မြတ်ချယ်ရီ၊မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက် ၊ လန်ဒန်၊ ဇီဝက၊ ငြိမ်းချမ်း ဆေးရုံ​တွေပိတ်သိမ်းခံရတာဖြစ်

■CDM ဆရာဝန်ခန့်တယ်၊ ဒဏ်ရာရလူနာကုတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖိအား​ပေးပိတ်ခိုင်းသလို ၊အခွန်​တွေတိုး​ကောက်လို့​​မ​ပေးနိုင်တာ​ကြောင့်အပိတ်ခံရ

ရှိန်း / People’s Spring

မန္တလေးမြို့က ပန်းလှိုင်ဆေးရုံအပါအဝင် နာမည်ရ ပုဂ္ဂလိက ဆေးရုံ ၇ ရုံကို စစ်​ကောင်စီက ပိတ်သိမ်းခိုင်းလိုက်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပန်းလှိုင်ဆေးရုံ၊ မြတ်ချယ်ရီ၊ မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက်၊ လန်ဒန်၊ ဇီဝက၊ငြိမ်းချမ်း ဆေးရုံတွေ ပိတ်သိမ်းခံရတာလို့သိရပါတယ်။

အဲဒီအထဲက ပြည်ကြီးတံခွန်မြို့နယ်က လန်ဒန်ဆေးရုံဟာပြည်သူတွေအားထားရတဲ့ဆေးရုံဖြစ်ပါတယ်။ CDM ဆရာဝန်တွေကိုအလုပ်ခန့်တယ် ၊ဒဏ်ရာရလူနာတွေကိုဆေးကုပေးတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့စစ်တပ်ကမကြာခဏဝင်ရောက်စီးနင်းရှာဖွေခံရတဲ့ဆေးရုံဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်​ကျော်လောက်ကမန္တလေးမြိုကဆေးရုံတွေကိုစစ်ကောင်စီတပ်တွေညဘက်တွေမှာဝင်ရောက်စီးနင်းတာတွေလုပ်ခဲ့ပြီး ယခုလိုဆေးရုံတွေပိတ်သိမ်းခံရတာလို့ နီးစပ်သူတွေကပြောပါတယ်။

“CDMဆရာဝန်တွေကို ဝင်စစ်တာ။ဒဏ်ရာရတဲ့ပြည်သူတွေကိုကုပေးတဲ့နေရာမှာ နယ်ဘက်ကပြည်သူတွေဆိုရင်စစ်တပ်က မသင်္ကာတော့ ပိတ်သိမ်းတာလို့ကြားတယ်။တချို့ဆေးရုံတွေကတော့ အခွန်တွေမတန်တဆတောင်းတော့မပေးနိုင်တာလို့ကြားတယ် “လို့ နီးစပ်သူတွေကပြောပါတယ်။

​ဆေးရုံ​တွေကိုပြီးခဲ့တဲ့တပတ်အတွင်းမှာ ပိတ်သိမ်းခဲ့လို့သိရပြီး ဘယ်လောက်အကြာပိတ်သိမ်းမယ်ဆိုတာတော့ မသိရသေးပါဘူး။

၂၀၂၃ခုနှစ်ဇန်နဝါရီလကလည်း CDMဆရာဝန်များကိုလက်ခံတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ၅ရုံဖြစ်တဲ့နန်းတော်ဆေးရုံ၊မြို့တော်ဆေးရုံ၊ကံ့ကော်ဆေးရုံ၊စိန်ပန်းဆေးရုံ၊ထက်နေလင်းဆေးရုံတို့ကိုလည်း၅လပိတ်သိမ်းကာ ဆေးခန်းပိုင်ရှင်တချို့ကိုလည်းဖမ်းဆီးခဲ့ပါသေးတယ်။

၂၀၂၁ခုနှစ်ထဲမှာလည်း နာမည်ကြီးကင်ဆာရောဂါကုဆေးခန်းကို ချိတ်ပိတ်ကာစစ်​ကောင်စီက ဆေးပစ္စည်းတွေလုယက်ယူဆောင်ခဲ့သလို ဆရာဝန်တွေကိုဖမ်းဆီးခဲ့တာမို့လူနာတွေသေဆုံးတာတွေလည်း ရှိခဲ့သေးတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။