Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့လူ့အခွင့်အရေး၊ဒီမိုကရေစီနဲ့မီဒီယာထောက်ပံ့ငွေ ဒေါ်လာ သန်း ၄၀ နီးပါး ထရမ့် ဖြတ်တောက်

အမေရိကန်ရဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို ပိတ်ပင်မယ့် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်နဲ့အတူ မြန်မာ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ မီဒီယာဆိုင်ရာ ထောက်ပံ့ကြေး ဒေါ်လာ သန်း ၄၀ နီးပါး ဖြတ်တောက် ခံရမှာ ဖြစ်ပါတယ်။

အ​မေရိကန် သမ္မတ ​ဒေါ်နယ်လ်ထရမ့်။ ဓါတ်ပုံ-CBS

အမေရိကန်ရဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို ပိတ်ပင်မယ့် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်နဲ့အတူ မြန်မာ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ မီဒီယာဆိုင်ရာ ထောက်ပံ့ကြေး ဒေါ်လာ သန်း ၄၀ နီးပါး ဖြတ်တောက် ခံရမှာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတကာ ရန်ပုံငွေ ထောက်ပံ့ရေး ပင်မ အဖွဲ့အစည်းကြီးဖြစ်တဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)ရဲ့လုပ်ငန်းတွေကို ဟန့်တားထားပြီး အပြီးပိတ်သိမ်းဖို့ ထရမ့်ရဲ့ အစိုးရက စီစဉ်နေပါတယ်။ အဲဒီ အကျိုးဆက်ကကမ္ဘာအနှံ့မှာ USAIDရဲ့ အထောက်အပံ့နဲ့ လည်ပတ်နေရတဲ့ အဖွဲ့အစည်းတွေ အများအပြားပါ ရပ်ဆိုင်းကုန်ပြီး လူသားချင်း စာနာမှု လုပ်ငန်းတွေမှာ ကမောက်ကမ ဖြစ်ကုန်ပါတယ်။

သတင်းတွေအရ လာမယ့် ၃ နှစ်တာအတွင်း မြန်မာ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ မီဒီယာ ဖွံ့ဖြိုးရေး ကဏ္ဍတွေမှာ အသုံးပြုမယ့် ရန်ပုံငွေ ၃၉,၅၄၇,၁၄၆ ဒေါ်လာဟာလည်း ဖြတ်တောက်ခံရမယ့် စာရင်းထဲ ပါလာကြောင်း သိရပါတယ်။ အဲဒီ အရေးကြီးတဲ့ အသုံးစရိတ်တွေကို ဘယ်အချိန်မှာ ပြန်ဖြည့်တင်းပေးမလဲ၊ဒါမှမဟုတ်အစားထိုးအစီအမံတစ်ခုခုရော ရှိရဲ့လား ဆိုတာတွေက ဘာမှမသေချာပါဘူး။

ရပ်ဆိုင်းခံရတဲ့ထဲမှာ လူ့အခွင့်အရေး ပရောဂျက် ၇ ခုအတွက် ဒေါ်လာ ၈ သန်း၊ ဒီမိုကရေစီ ဖွံ့ဖြိုးရေး လှုပ်ရှားမှုတွေ အစီအမံ ၉ ခုအတွက် ဒေါ်လာ သန်း ၃၀ နဲ့ မီဒီယာ ကဏ္ဍအတွက် ဒေါ်လာ ၁ သန်းလောက်စီ အသီးသီး ပါဝင်နေပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအခြေအနေဟာ စစ်အာဏာရှင် လက်အောက်က ရုန်းထွက်ပြီး ဒီမိုကရေစီ လမ်းကြောင်းဆီ ပြန်ဦးတည်ဖို့ ကြိုးစားနေတဲ့ မြန်မာ့တော်လှန်ရေး လှုပ်ရှားမှုအပေါ် သက်ရောက် ထိခိုက်မှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

လက်ရှိမှာတော့ ဒေသအလိုက် လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ မီဒီယာ လုပ်ငန်းတွေအတွက် ထိခိုက်မှုတွေ စတင်ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။

အဲဒီ လုပ်ငန်း အတော်များများဟာ အရင်ကတည်းက အရမ်း အကန့်အသတ် ကြီးမားတဲ့ ရန်ပုံငွေ အရင်းအမြစ်မျိုးနဲ့ လည်ပတ်နေခဲ့ရတာပါ။ တကယ်လို့သာ USAID ရပ်တန့်မှုရဲ့ လစ်ဟာချက်ကို အစားထိုး ဖြည့်ဆည်းမှု မရှိရင် အဲဒီ လုပ်ငန်းတွေ ရပ်တန့်သွားမယ့် အန္တရာယ် ကြီးကြီးမားမား ရှိနေပါတယ်။

တကယ်လို့သာ အမေရိကန်ရဲ့ အထောက်အပံ့ ရပ်ဆိုင်းမှုဟာ ယာယီမဟုတ်ဘဲ ရေရှည်တည်မြဲသွားမယ်ဆိုရင် နိုင်ငံတကာ လူသားချင်း စာနာမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ မီဒီယာ ဖွံ့ဖြိုးရေး လုပ်ငန်း အားလုံးအတွက် ကပ်ဆိုက်မှုကြီး ဖြစ်သွားနိုင်ပါတယ်။

USAID ရန်ပုံငွေရပ်တန့်မှုဟာ မြန်မာနိုင်ငံက ပရောဂျက် ၃၄ ခုအပေါ် သက်ရောက်မှုတွေ ရှိလာစေနိုင်ပါတယ်။ အဲဒီထဲမှာ ဒီမိုကရေစီ ဖွံ့ဖြိုးရေး ရည်ရွယ်ချက်တွေ အတွက်သာ မကဘဲ လူသားချင်း စာနာမှုစီမံကိန်းအများအပြားအတွက် ဒေါ်လာ ၂၂ သန်း၊ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးမှုအတွက် ဒေါ်လာ ၃၆ သန်း၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဒေါ်လာ ၂၂ သန်းနဲ့ ပညာရေးအတွက် ဒေါ်လာ သန်း ၃၀ လည်းပါဝင်ပါတယ်။

ကျန်းမာရေး ကဏ္ဍထဲက ဒေါ်လာ ၁၀ သန်းဟာ တီဘီဆေး၊ HIVဗိုင်းရပ်စ် ကုသဆေးတွေ ထောက်ပံ့ဖို့ဖြစ်ပြီး အခုတော့ ဆေးတွေကို မှီခိုနေရတဲ့ လူနာတွေရဲ့ အနာဂတ်လည်း မရေမရာ ဖြစ်လာနေပါတယ်။

ထရမ့်ရဲ့ နိုင်ငံတကာ ရန်ပုံငွေ ဖြတ်တောက်မှု အစီအစဉ်တွေထဲမှာ အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားရဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေအတွက် လျာထားတဲ့ ခွဲတမ်းတွေပါ ပါသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“ပါရာစီတမောကလွဲရင်ကျန်တာ ဘာမှမရှိတော့ဘူး။ဆီးပိုက်တွေ ဒီမှာအရေးပေါ်လူနာတွေ သုံးနေတဲ့ဟာတွေ အကုန်သယ်သွားတာ”လို့အုန်းဖျန်စခန်းအတွင်း နေထိုင်သူ အသက် (၅၀)ကျော်အရွယ် အနောက ပြောပါတယ်။

သတင်း

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ထောက်ပံ့ရေး ရန်ပုံငွေတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုတ်တရက် ဖြတ်တောက်ပစ်လိုက်တဲ့အခါ ပြည်တွင်းစစ်ဒဏ်ကြောင့် ထိုင်းနိုင်ငံက ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရတဲ့ မြန်မာစစ်ရှောင် အများအပြားဟာ ကျန်းမာရေး စောင့်ရှောက်မှု အထောက်အပံ့တွေ လက်လှမ်းမီဖို့ အရမ်းခက်သွားပါတယ်။ Guardian...

နိုင်ငံတကာ

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ရန်ပုံငွေတွေ ဖြတ်တောက် လျှော့ချ ခံရမှုဟာ ကမ္ဘာအနှံ့မှာ လူသားချင်း စာနာမှု လုပ်ငန်းတွေအတွက် အကျပ်အတည်းတွေ ကြုံတွေ့လာစေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံရဲ့ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်နေရင်းမှာပဲ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်း ၃ ဦးဟာ အလုပ်ထုတ်ပယ်ခံရမယ် ဆိုတဲ့ အကြောင်းကြားမှု ရရှိခဲ့ကြောင်း သိရပါတယ်။