Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်ကာနေအိမ်များ မီးရှို့ဖျက်ဆီးနေကြောင်း အဆိုပါမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်သည်။

ယနေ့ နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ် ဝင်ရောက် မီးရှို့နေသည့် အုန်းတောရွာကို အဝေးက တွေ့ရစဥ်။ ဓာတ်ပုံ - စလင်း ပအဖနှင့် ပကဖ

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များ မီးရှို့ဖျက်ဆီးနေကြောင်း အဆိုပါမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၉ရက်) နေ့လည် ၁၂နာရီခန့်ကစ၍ စလင်းမြို့နယ်ရှိ လင်းဇင်းတိုက်နယ် အုန်းတောရွာနှင့် မြောင်းကြားကျေးရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဟု ဆိုသည်။

“အပြစ်မဲ့ပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးနေပါတယ်”ဟု စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပအဖ)တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အဖွဲ့အစည်းများဖြင့် ချိတ်ဆက်၍ ဘေးလွတ်ကင်းရာ ရှောင်တိမ်းကြရန်လည်း တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည် အင်အား ၂၀၀ ကျော်အသုံးပြု၍ စလင်းမြို့နယ်တွင် အရေးပါသည့် ဆင်ဖြူကျွန်းမြို့ နှင့် တညောင်မြို့ကားလမ်းဘေးရှိ ကျေးရွာများအား ဇန်နဝါရီ တတိယပတ်ကစ၍ စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့ခြင်း ဖြစ်သည်။

“စလင်းဘက်မှာ စစ်ကောင်စီစစ်ကြောင်းထိုးတာ ခပ်စိပ်စိပ်ဖြစ်လာတယ်။သူတို့ဘက်က စလင်းမြို့နယ်ကို ခံစစ်စည်း ပြင်လာတာ”ဟု စလင်းမြို့နယ်ပကဖ တာဝန်ရှိသူကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောထားသည်။

စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ – ၂၅၃၊၂၅၄ နှင့် ၂၅၅) တပ်ရင်းတို့ အခြေစိုက်ထားသည်။ထို့အပြင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံများ ရှိသည့် ပွင့်ဖြူ နှင့် စေတုတ္တရာမြို့နယ်တို့နှင့်လည်း နယ်မြေခြင်းထိစပ်နေသည်။

ယခု ဖေဖော်ဝါရီ ၇ ရက်က စလင်းမြို့နယ် တညောင်တိုက်နယ်အတွင်းသို့ မင်းဘူးမြို့ ဘက်မှဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီစစ်သင်္ဘောတစ်စီးကို စလင်း ပကဖနှင့်ပူး‌ပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာတချို့မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေအိမ်တွေကို စလင်း ပအဖနဲ့ ပကဖက သွားရောက်ကူညီထောက်ပံ့ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်မြေတွေမှာရှိတဲ့ လူနာပေါင်း ၂၀၀ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ပါတယ်။