Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်ဆန့်ကျင်ရေးလူငယ် နှင့် PDFတပ်ဖွဲ့ဝင်အချို့အကြား ပဋိပက္ခ ကာယကံရှင်အားတွေ့ဆုံ တောင်းပန်ကာ တာဝန်ရှိရဲဘော်များအား အရေးယူထားဟု MDY PDF အသိပေး

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) နှင့် အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-Mdy) တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော AFCC-Mdy အဖွဲ့ဝင်တစ်ဦးနှင့် MDY PDF နယ်မြေခံ ရဲဘော်များအကြား ပဋိပက္ခကိုဥပဒေနည်းလမ်းတကျဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ဖော်ပြခဲ့သည်။

■ဖြစ်စဥ်အ​ပေါ် အားလုံးလက်ခံသည့် စုံစမ်းစစ်​ဆေး​ရေးအဖွဲ့ဖွဲ့၍ လုပ်ငန်းစဥ်စတင်

ဟန်နွေ/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) နှင့် အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-Mdy) တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော AFCC-Mdy အဖွဲ့ဝင်တစ်ဦးနှင့် MDY PDF နယ်မြေခံ ရဲဘော်များအကြား ပဋိပက္ခကိုဥပဒေနည်းလမ်းတကျဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၆ရက် ညပိုင်းကအာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ဆောင်ရွက်သော AFCC-Mdy အဖွဲ့ဝင်တစ်ဦးနှင့် မန္တလေးဒေသ တော်လှန်ရေးစိုးမိုးနယ်မြေတွင် အရေးပေါ်အုပ်ချုပ်ရေးကဏ္ဍအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေသော MDY-PDF တပ်ဖွဲ့ဝင် နယ်မြေခံ စခန်းမှူးတို့အကြားပဋိပက္ခ ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းဖြစ်စဉ်၌ ပါဝင်သည့် လူငယ်တစ်ဦးက ၎င်းအပါအဝင် ၅ဦးကို MDY PDF ရဲဘော်အချို့က အကြောင်းမဲ့ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း လူမှုကွန်ရက်၌ ဖော်ပြခဲ့ရာ ယင်းဖြစ်စဉ်ကို MDY-PDF၊ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့နှင့် AFCC-Mdy တ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၉ရက်တွင် အခင်းဖြစ်ပွားမှု၌ ပါဝင်သည့် ကာယကံရှင်များ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ မျက်နှာစုံညီ တွေ့ဆုံညှိနှိုင်းခဲ့သည်ဟုအသိ​ပေးထားသည်။

“အဆိုပါ တွေ့ဆုံမှုမှတဆင့် အားလုံးသဘောတူလက်ခံသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့တခုကို AFCC – Mdy မှ ကိုယ်စားလှယ်များ၊ MDY-PDF မှ ကိုယ်စားလှယ်များ၊ မြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့်သူများ ပါဝင်လျက်ဖွဲ့စည်းတာဝန်ပေးအပ်ကာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ် စတင်နေပြီ ဖြစ်ပါသည်။

ဤသို့စုံစမ်းစစ်ဆေးကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဆုံးဖြတ်ချက်များကိုလည်း ကာယကံရှင်များအားလုံးက လက်ခံကျေလည်ကြပြီး ပူးပေါင်း လိုက်နာ ဆောင်ရွက်သွားကြမည် ဖြစ်ပါသည်” ဟု MDY PDF နှင့် AFCC-Mdy တို့၏ ပူးတွဲထုတ်ပြန်ချက်၌ ပါရှိသည်။

အခင်းဖြစ်စဉ်တွင် တာဝန်ရှိသည့် တပ်ဖွဲ့ဝင် ရဲဘော်များအားလုံးကို MDY-PDF အနေဖြင့် တပ်တွင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စုံစမ်းစစ်ဆေး၍ ကနဦးအရေးယူမှုများလည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖော်ပြသည်။

ထို့အပြင် အဆိုပါ MDY-PDF တပ်ဖွဲ့ဝင်ရဲဘော်များကလည်းကာယကံရှင်များကိုတွေ့ဆုံတောင်းပန်ခဲ့ကြပြီးဖြစ်ကြောင်း၊ အလားတူ အခင်းဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသော AFCC-Mdy မှ လူထုလှုပ်ရှားမှု ရဲဘော်များကိုလည်း အဖွဲ့အစည်းတာဝန်ရှိသူများက အလေးအနက် သတိပေးဆုံးမထားပြီးဖြစ်ကြောင်း ပူးတွဲထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) အနေဖြင့် အရပ်သားပြည်သူလူထုအပေါ်လည်းကောင်း၊ တော်လှန်ရေးရဲဘော်ရဲဘက်အချင်းချင်းအပေါ်ကိုလည်းကောင်းစစ်သည်တော်ကျင့်ဝတ်များကို သွေဖည်ကာ တရားလက်မဲ့ပြုကျင့်မှုများထပ်မံ မဖြစ်ပွားစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

တပ်ဖွဲ့ဝင်များအနေဖြင့် စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုများ ဖြစ်ပေါ်လာပါကလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေး၍ နစ်နာသူများအတွက် တရားမျှတမှုရရှိအောင် အမြဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည့် လူငယ်ကလည်း အမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုင်ကြားခဲ့ရာ အမှုကို MDY PDF တာဝန်ရှိသူ အချို့၊ အရပ်ဘက် အုပ်ချုပ်ရေး ရပ်မိရပ်ဖ အချို့နှင့် လူထုလှုပ်ရှားမှု၌ ပါဝင်သည့် တာဝန်ရှိသူ အချို့ ပါသည့် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မှု အပေါ် ဝမ်းမြောက်ကြောင်း ယမန်နေ့ တွင် ပြန်လည်ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။