Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့ခံတွေ မဲဆောက်ဘက် စက်သုံးဆီ သွားရောက်ဝယ်ယူနေရ

ထိုင်းနိုင်ငံက စက်သုံးဆီ ဖြတ်တောက်ထားတာကြောင့် နယ်စပ်မြို့ မြဝတီမြို့ခံတွေဟာ နယ်ခြားမြစ် တဖက်ကမ်း ရှိ မဲဆောက်မြို့ ဆီ ကားတွေနဲ့ စက်သုံးဆီသွားရောက်ဝယ်ယူနေရတဲ့အခြေအနေ ကြုံနေရတယ်လို့သိရပါတယ်။

မဲဆောက်ဘက်ဆီသွားရောက်မယ့် ကားတန်းကို မြန်မာဘက် တံတားဂိတ်အနီးတွေ့ရပုံ ဓာတ်ပုံ - လူမှုကွန်ရက်

နိုင်ပကောင်း/People’s Spring

ထိုင်းနိုင်ငံက စက်သုံးဆီ ဖြတ်တောက်ထားတာကြောင့် နယ်စပ်မြို့ မြဝတီမြို့ခံတွေဟာ နယ်ခြားမြစ် တဖက်ကမ်း ရှိ မဲဆောက်မြို့ ဆီ ကားတွေနဲ့ စက်သုံးဆီသွားရောက်ဝယ်ယူနေရတဲ့အခြေအနေ ကြုံနေရတယ်လို့သိရပါတယ်။

မြဝတီမြို့မှာ စက်သုံးဆီ ဝယ်ယူနိုင်တာက အကန့်အသတ်နဲ့ဖြစ်နေတဲ့အပြင် စျေးနှုန်းလည်း ကြီးမြင့်တာကြောင့် ထိုင်းဘက်ခြမ်း ကိုသွားရောက် ဆီဝယ်ကြသူတွေ များပြားလာပါတယ်။

မဲဆောက်မှာ ကား တစ်စီး ကို ဆီတိုင်ကီအပြည့် ဖြည့်နိုင်ပေမယ့် ဆီပုံးတွေ နဲ့ ပြန်လည်သယ်ယူတာကိုတော့ ထိုင်းအာဏာပိုင်တွေက ခွင့်မပြုဘဲ ဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မဲဆောက်မှာ ဆီသွားဝယ်ပြီးတော့ (မြ၀တီမှာ)ပြန်ရောင်းနေတာ၊စျေးကြီးကြီးနဲ့ ပြန်ရောင်းတာ” လို့ အခြေအနေကို သိနေသူ မြဝတီမြို့ခံကဆိုပါတယ်။

မဲဆောက်ဘက် ဆီသွားဝယ်ယူတဲ့ကားတွေ များပြားလာပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်လာတာကြောင့် အမှတ် (၁) ချစ်ကြည်ရေး တံတားဂိတ်မှာ မြန်မာဘက်က ကားတစ်စီးကို တစ်ရက် တံတားဖြတ်သန်းခွင့်တစ်ကြိမ်သာ သတ်မှတ်လိုက်တယ်လို့သိရပါတယ်။

လက်ရှိ မြ၀တီမြို့ပေါ်မှာ ယိုးဒယားပုံးဝါ ၅ ဂါလံပုံး တစ်ပုံးကို ဘတ် ၂,၅၀၀ ကနေ ဘတ် ၂,၈၀၀ အထိ ပေးဝယ်နေရလို့ မြ၀တီမြို့ခံအချို့က အသိပေးပါတယ်။

ထိုင်းဘက်ခြမ်းက မြဝတီမြို့ကို လောင်စာဆီ ဖြတ်တောက်လိုက်ချိန်မှာ မော်လမြိုင် ကနေ မြဝတီဘက် စက်သုံးဆီ စီးဆင်းမှုကိုလည်း စစ်ကောင်စီ တပ်က ကန့်သတ်ထားတယ်လို အဲဒီလမ်းကြောင်းမှာသွားလာနေတဲ့ ယာဉ်မောင်းတွေဆီကသိရပါတယ်။

ဘားအံမြို့အတွက် ဘားအံ – လှိုင်းဘွဲ့လမ်း ပေါ်က တောင်ကလေး (၂၀၂) တပ် စစ်ဆေးရေးဂိတ်မှာ စက်သုံးဆီပုံးတွေကို သိမ်းဆည်းတာ တွေ ရှိနေသလို ဘားအံ-ကျုံဒိုး-ကော့ကရိတ် လမ်းပေါ်က ဂျိုင်းတံတား(ကော့ကရိတ်) စစ်ဆေးရေးဂိတ်မှာလည်း သယ်ယူခွင့်မပေးဘူးလို့ပါတယ်။

ကျားဖြန့် နာမည်ကြီးနေတဲ့ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့သစ်မှာတော့ ဘားအံ – မော်လမြိုင် မှောင်ခိုလမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ စက်သုံးဆီတွေကို အသုံးပြုနေကြတယ်လို့ ရွှေကုက္ကိုလ်ဒေသခံက အသိပေးပါတယ်။

ထိုင်း- မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်း မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေဟာ တရုတ်နိုင်ငံသားတွေ လူကုန်ကူးတာ ကြောင့် တရုတ်အစိုးရက ထိုင်းနဲ့ မြန်မာစစ်ကောင်စီကို ကျားဖြန့် လုပ်ငန်းကို ကိုင်တွယ်ဖို့ ဖိအားပေးထားပါ တယ်။

ကျားဖြန့်လုပ်ငန်းတွေ မြန်မာဘက်မှာလည်ပတ်နိုင်တာက ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးပေးတာကြောင့်လို့စစ်ကောင်စီက အပြစ် တင် လိုက်ပြီးနောက်မှာ ထိုင်းဘက်က ဖေဖော်ဝါရီလ ၅ ရက်မနက်ပိုင်းကစတင်ပြီး လျှပ်စစ်မီး ကိုဖြတ်တောက်သလို လောင်စာဆီ တင်ပို့မှုကိုပါ ကန့်သတ်လိုက်တာပါ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေနဲ့အတူ အဲဒီ လုပ်ငန်းတွေကနေ ကယ်ထုတ်လာတဲ့နိုင်ငံခြားသား ၇၀၀၀ ကျော်လောက်ဟာ နေရပ်ပြန်ဖို့ စောင့်ဆိုင်းနေကြဆဲလို့ ကရင် နယ်ခြားစောင့်တပ် (BGF)က ပြောကြားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်နဲ့ တစ်ရက် သုံးခေါက်နှုန်း လာခေါ်မှာဖြစ်ပြီး လာမယ့်ရက်အတွင်း အဲဒီအစီအစဉ်စတင်မယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

ဆောင်းပါး

ထိုင်းအစိုးရက မြန်မာနယ်စပ်က မြဝတီမြို့အပါအဝင် ငါး​နေရာကို လျှပ်စစ်မီးဖြတ်​တောက်လိုက်တဲ့အတွက် သက်​ရောက်မှု​တွေကိုဒီတစ်ပါတ်​ပြောပြပါမယ် ။

သတင်း

ထိုင်းအစိုးရ၏ လျှပ်စစ်မီးနှင့် လောင်စာဆီပိတ်ဆို့ဖြတ်တောက်ခံထားရသော မြဝတီဒေသကို စစ်ကောင်စီအဖွဲ့ကပါ လောင်စာဆီတင်ပို့မှု တားမြစ်ကန့်သတ်လိုက်ကြောင်း အဆိုပါမြို့ဒေသခဲများက ပြောသည်။