Connect with us

Hi, what are you looking for?

သတင်း

ပြည်ပဆန်တင်ပို့မှုလေးလဆက်တိုက်ပြန်​လျော့ကျ

ပြည်ပသို့ ဆန်တင်ပို့ရန် သ​ဘော်​ပေါ်သို့ဆန်တင်​နေစဥ်။ ဓါတ်ပုံ-GNLM

တာရာ/People’s Spring

စစ်ကောင်စီ၏ ပြည်ပဆန်တင်ပို့မှု လေးလဆက်ကျဆင်းလာပြီး ဇန်နဝါရီလအတွင်းပြည်ပသို့ ဆန်တန်ချိန် ၂ သိန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှသိရသည်။

ထိုပမာဏာသည် ၂၀၂၄ခုနှစ် စက်တင်ဘာလမှစတင်ပြီး ခြောက်အတွင်း အနိမ့်ဆုံးတင်ပို့မှုဖြစ်ကြောင်း ပြည်ပဆန်တင်ပို့သည့် ကုန်သည်အချို့က​​ပြောသည်။

စစ်ကောင်စီသည် ၂၀၂၄ခုနှစ် အောက်တိုဘာလတွင် ပြည်ပသို့ ဆန်တန် ၄၂၀,၀၀၀ ကျော်တင်ပို့ခဲ့ပြီးနောက်ပိုင်းလစဥ် ဆန်တင်ပို့မှု ဆက်တိုက်ကျဆင်းလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

၂၀၂၄ ခုနှစ်ဒီဇင်ဘာလတွင် ဆန်တန်ချိန် ၃၃၀,၀၀၀ကျော် ၊ ၂၀၂၅ ဇန်နဝါရီလတွင် ဆန်တန်ချိန် ၂ သိန်းကျော်တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလတွင် ဆန်တင်ပို့မှုကြောင့်ဒေါ်လာ ၈၈ သန်းကျော်ရရှိခဲ့သည်ဟုလည်း ဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားသည်။ ထိုပမာဏသည် ၆လအတွင်း ဆန်တင်ပို့မှုမှ ရရှိငွေ အနည်းဆုံးပမာဏဖြစ်သည်။

“ဆန်ဈေးက ဈေးတက်ပြီး စပါးဈေးက ထိုးကျနေတာဆိုတော့ နောက်နှစ် စပါးစိုက်မယ့်သူရှိမယ် မထင်ဘူး။ ဒီကြားထဲပြည်ပကို ဒေါ်လာရဖို့ အခုလို ဆန်တွေလှိမ့်ပို့နေတာ ပြည်တွင်းမှ စားနပ်ရိက္ခာ အခက်အခဲဖြစ်လာနိုင်တယ်”ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။

​ဒေါ်လာရရန်စစ်​ကောင်စီ နှင့် ဆန်အသင်းကပြည်ပသို့ ရသမျှတင်ပို့​​ရောင်းချ​နေ​သော်လည်း

စပါးဈေးမှာ ယခင်နှစ်ကထက် ပိုမို ကျဆင်းလာသည်။ထို့အပြင် နိုင်ငံအနှံ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် နွေစပါးစိုက်ပျိုးသူများ လျော့နည်းသွားသည်ဟုလည်း ဆန်ကုန်သည်အချို့က​ပြောသည်။

ပြည်တွင်း၌ စိုက်ပျိုးမှု​လျော့ကျ​နေ​သော်လည်းစစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ၂၀၂၄ -၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၂ သန်းခွဲတင်ပို့ရန် စီစဉ်ထားပြီး လက်ရှိ ၂၀၂၄ ဧပြီ ၁ရက်မှ ၂၀၂၅ ဇန်နဝါရီလအထိ ၁၀ လအတွင်း ပြည်ပကို ဆန်တင်ပို့မှု တန်ချိန် ၂ ဒသမ ၄ သန်းတင်ပို့ထားသည်။

ဆက်စပ်သတင်းများ

News

စစ်ဘေးရှောင်ပြည်သူများ၊ မီးဘေးသင့်ပြည်သူများနှင့်သာမန်ပြည်သူများ၏ အကျိုးအတွက် ထိန်းညှိမှုများ ဆောင်ရွက်ရသည်ကို နားလည်ကြစေလို သည်ဟုလည်း ဖော်ပြထားသည်။