Connect with us

Hi, what are you looking for?

News

ဆန်စပါးနှင့် ကုန်စည်အချို့ စျေးနှုန်းများထိန်းညှိရာတွင် ပြည်သူ့အကျိုးစီးပွားထိခိုက်နိုင်သည့် ပိတ်ပင်မှုလုပ်မည်မဟုတ်ဟု ဂန့်ဂေါ(ပအဖ) အသိပေး

စစ်ဘေးရှောင်ပြည်သူများ၊ မီးဘေးသင့်ပြည်သူများနှင့်သာမန်ပြည်သူများ၏ အကျိုးအတွက် ထိန်းညှိမှုများ ဆောင်ရွက်ရသည်ကို နားလည်ကြစေလို သည်ဟုလည်း ဖော်ပြထားသည်။

▪️ပြဿနာပေါ်ပေါက်လာပါက ဆက်သွယ်နိုင်ဟုဆို

ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)သည် ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်စပါးနှင့်ကုန်စည်အချို့ ဈေးနှုန်းများကို နေ့စဉ်နှင့်အမျှ စောင့်ကြည့်ထိန်းညှိလျက်ရှိသော် လည်း ပြည်သူ့အကျိုးစီးပွားထိခိုက်နိုင်သည့် ပိတ်ပင်မှုများကိုဆောင်ရွက်မည်မဟုတ်ကြောင်း အသိပေးအပ်သည်ဟု ဂန့်ဂေါ(ပအဖ)က ယမန်နေ့တွင် ထုတ်ပြန် သည်။

စစ်ဘေးရှောင်ပြည်သူများ၊ မီးဘေးသင့်ပြည်သူများနှင့်သာမန်ပြည်သူများ၏ အကျိုးအတွက် ထိန်းညှိမှုများ ဆောင်ရွက်ရသည်ကို နားလည်ကြစေလို သည်ဟုလည်း ဖော်ပြထားသည်။

ဈေးနှုန်းထိန်းညှိရေးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ညှိနှိုင်းစစ်ဆေးဆောင်ရွက်သည်များကို ပြည်သူများအနေဖြင့် အပြည့်အဝပူးပေါင်းဆောင်ရွက် လိုက်နာကြရန် ဂန့်ဂေါ(ပအဖ)က မေတ္တာရပ်ခံ တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

သက်ဆိုင်ရာကချမှတ်သည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက အရေးယူခံရနိုင်သည်ကိုလည်း သတိပေးထားပြီး ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တို့ထံ ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်သည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ကို စစ်ကောင်စီတပ်များ မကြာခဏ ထိုးစစ်ဆင် ဝင်ရောက်ကာ ဒေသတွင်းရှိ ကျေးရွာများစွာကို မီးရှို့ဖျက်ဆီးမှု များလုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် ပြည်သူလူထုအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခက်အခဲများစွာ ကြုံနေရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်နေတာကြောင့် ကုန်ကားတွေပိတ်မိနေပြီးကုန်တွေပျက်စီးဆုံးရှုံးမှုရှိနေတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

မဟာမိတ် တောင်ကိုရီးယား နိုင်ငံအပေါ် သွင်းကုန်အခွန်တွေ ၁၅ ကနေ ၂၅ ရာခိုင်နှုန်းထိ တိုးမြှင့် စည်းကြပ်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

တာရာ/People’s Spring စစ်ကောင်စီ၏ ပြည်ပဆန်တင်ပို့မှု လေးလဆက်ကျဆင်းလာပြီး ဇန်နဝါရီလအတွင်းပြည်ပသို့ ဆန်တန်ချိန် ၂ သိန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှသိရသည်။ ထိုပမာဏာသည် ၂၀၂၄ခုနှစ် စက်တင်ဘာလမှစတင်ပြီး ခြောက်အတွင်း အနိမ့်ဆုံးတင်ပို့မှုဖြစ်ကြောင်း ပြည်ပဆန်တင်ပို့သည့် ကုန်သည်အချို့က​​ပြောသည်။ စစ်ကောင်စီသည် ၂၀၂၄ခုနှစ် အောက်တိုဘာလတွင် ပြည်ပသို့ ဆန်တန် ၄၂၀,၀၀၀ ကျော်တင်ပို့ခဲ့ပြီးနောက်ပိုင်းလစဥ်...