Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း -မင်းကွန်းလမ်းပိုင်း ညအချိန် အသုံးမပြုဖို့ PDF အသိပေး

စစ်ကိုင်း – မင်းကွန်းလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ညအချိန်ဖြတ်သန်းသွားလာတာ မပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( မင်းကွန်း ) က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။

စစ်ကိုင်းမြို့ အဝင် မုခ်ဦးမှ မင်းကွန်းဘက်ဆီ လမ်းပိုင်းကို Google Map မှာတွေ့ရပုံ

ဆိုင်းမင်း/People’s Spring

စစ်ကိုင်း – မင်းကွန်းလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ညအချိန်ဖြတ်သန်းသွားလာတာ မပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( မင်းကွန်း ) က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ မနက် ၆နာရီကနေ ညနေ ၆နာရီအတွင်းသာ လမ်းပိုင်းကို အသုံးပြုကြဖို့ အသိပေးထားတာပါ။

” စာထုတ်ထားတာတော့မှန်တယ်ဗျ၊ နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိနေတယ်” လို့ မင်းကွန်းနယ်မြေမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ဝင် တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်း -မင်းကွန်းလမ်းပိုင်းကို စစ်ကောင်စီတပ်က အသုံးပြုနေသလို မြသိန်းတန်စေတီနဲ့ မင်းကွန်းနယ်မြေရဲစခန်းမှာ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်ကိုင်း -မင်းကွန်းလမ်းပိုင်းကို သတိထားသွားလာကြဖို့နဲ့ မဖြစ်မနေ ညပိုင်း သွားလာရမယ်ဆိုရင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံ အကြောင်းကြားကာ ကားမှန်ချပြီး မောင်းနှင်ဖို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက မင်းကွန်းဒေသ မြသိန်းတန် စေတီတော်အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ တွေဖြစ်ထားပါတယ်။

937937

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။