Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူ နယ်စပ်ဂိတ် နေရာကို ရွှေ့ပြောင်းမယ်လို့ ထိုင်းအာဏာပိုင်တွေပြော

ထိုင်း-မြန်မာ နယ်စပ်ဂိတ် တစ်ခုကို နေရာရွှေ့ပြီး ဖွင့်လှစ်ထားရှိသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ဘန်ပူနမ်ရွန်ဆီနယ်စပ်ဂိတ် နှင့် ဘန်ပူနမ်ရွန်ဆီ-ထီးခီးနယ်စပ်ကုန်သွယ်​ရေးစခန်း​တွေကို Google Earth မှာ​တွေ့ရစဥ်။ ဓါတ်ပုံ-Bangkok Post

-People’s Spring

ထိုင်း-မြန်မာ နယ်စပ်ဂိတ် တစ်ခုကို နေရာရွှေ့ပြီး ဖွင့်လှစ်ထားရှိသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

အနောက်ပိုင်း ကန်ချနာဘူရီ ပြည်နယ်ထဲမှာ မြန်မာနဲ့ ကုန်သွယ်တဲ့ နယ်စပ်ဂိတ်ကို ဘုရားသုံးဆူအစား အမြဲတမ်း စစ်ဆေးရေးဂိတ် တည်ရှိတဲ့ ဘန်ပူနမ်ရွန်ဆီ ရွှေ့ပြောင်းသွားမယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး အသီဆန် အင်ထရာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကန်ချနာဘူရီ ပြည်နယ်ထဲက ထိုင်းမြန်မာနယ်စပ်ဂိတ်ရှိတဲ့ ဘန်ပူနမ်ရွန်ဆီ ဟာ မြန်မာနိုင်ငံဘက်မှာဆိုရင် တနသာ်ရီတိုင်း ထီးခီး နယ်စပ်ကုန်သွယ်​ရေးစခန်းနဲ့ ဆက်စပ်​နေတာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

သက်ဆိုင်ရာ ဌာနအသီးသီးရဲ့ အရာရှိတွေ ညှိနှိုင်း ဆွေးနွေးပြီးတဲ့နောက် အမျိုးသား လုံခြုံရေး အကြောင်းပြချက်အရ အခုသီတင်းပတ်မှာ အဲဒီ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလို့ သူက ဆိုပါတယ်။

နယ်စပ်ကုန်သွယ်ရေးအတွက် သတ်မှတ် နေရာအသစ်ဟာ ကနဦး အဆင့်မှာ နယ်စပ်ဖြတ်ကျော် ကူးသန်းနေတဲ့ ကုန်သည်တွေ အတွက်ပဲ ဖွင့်လှစ်ပေးမှာဖြစ်ပြီး ကုန်စည်တွေ သယ်ယူမှုကိုတော့ မြန်မာဖက်က လမ်းတည်ဆောက်မှုတွေ ပြီးစီးတဲ့ထိ ရွှေ့ဆိုင်းထားမယ်လို့လည်း အသီဆန်က ပြောပါတယ်။

ထိုင်းစစ်တပ်ရဲ့ ဒေသဆိုင်ရာ ကွပ်ကဲရေး အရာရှိဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အမ်မာရစ် ဘွန်ဆူယာက ထိုင်း-မြန်မာ နယ်စပ်တလျှောက် အခြေချ လှုပ်ရှားနေတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အပါ

အဝင် ဒုစရိုက် အင်အားစုတွေကို ထိထိရောက်ရောက် ထိုးနှက်ဖို့ဆိုရင် ဘုရားသုံးဆူ ဂိတ်ကနေ အလုပ်သမားတွေနဲ့ မူးယစ်ဆေးတွေ မှောင်ခို ဖြတ်သန်းမှုတွေကို တားဆီး လျှော့ချဖို့လိုကြောင်း သတိပေးခဲ့ပါတယ်။

အသီဆန်နဲ့ အမ်မာရစ်တို့ နှစ်ဦးဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့တုန်းက ဘန်ပူနမ်ရွန် အမြဲတမ်း စစ်

ဆေးရေးဂိတ်ကို ကွင်းဆင်း စစ်ဆေးခဲ့သလို ဒေသဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။

ထိုင်းအစိုးရဟာ နယ်စပ် ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းရေး အစီအမံ တစ်ရပ်အနေနဲ့ ဘုရားသုံးဆူ အပါအဝင် မြန်မာဖက်ခြမ်း နယ်စပ် ဧရိယာ တချို့ကို လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုတွေလည်း ဖြတ်တောက်ထားပြီး ဖြစ်ပါတယ်။

ကိုးကား: Thai PBS

( ထိုင်း-မြန်မာ နယ်စပ်ရှိ ဘန်ပူနမ်ရွန်ဆီနယ်စပ်ဂိတ် နှင့် ဘန်ပူနမ်ရွန်ဆီ-ထီးခီးနယ်စပ်ကုန်သွယ်​ရေးစခန်း​တွေကို Google Earth မှာ​တွေ့ရစဥ်။

ဓါတ်ပုံ-Bangkok Post )

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-တရုတ်နယ်စပ်မှာ ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်ထားတဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်၊ လိုင်ဇာဂိတ် နဲ့ မိုင်ဂျာယန်ဂိတ်တွေကို KIAက တရုတ်အာဏာပိုင်​တွေနဲ့ညှိနှိုင်းပြီးအောက်တိုဘာလ ၂၅ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ် မြ၀တီမြို့မှာ စစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်နေရာယူလိုက်ပြီးနောက် BGF တပ်ဖွဲ့ဝင်တွေကို မြဝတီမြို့ တံတားအောက်ကနေ ဖယ်ရှားလိုက်တယ်လို့ ကရင့် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ကုန်သွယ်ရေး ထိခိုက်ပြတ်တောက်မှုတွေက ထိုင်းနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍအပေါ် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် (FTI) ဥက္ကဋ္ဌက သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

ထိုင်းကုန်စည်တွေ တင်သွင်းခွင့်ကို မြန်မာဖက်က ရုတ်တရက် ပိတ်ချလိုက်ခြင်းကြောင့် ထိုင်းအတွက် ဘတ်ငွေ ဘီလီယံနဲ့ချီ ထိခိုက် နစ်နာစေကြောင်း သိရပါတယ်။