Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရောက်မြန်မာလုပ်သားအရေးဖြေရှင်းပေးနေတဲ့ AACရုံးကို ထိုင်းအာဏာပိုင်တွေ ပိတ်ခိုင်း

ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀လောက် နားခိုနေတဲ့ မဟာချိုင်နယ်မြေက AAC မဟာမိတ်ရုံးကို ပိတ်သိမ်းပေးဖို့ ထိုင်းအာဏာပိုင်တွေက လာရောက်ဖိအားပေးပြောဆိုခဲ့တယ်လို့ အဆိုပါရုံးတည်ထောင်သူ ဦးခိုင်ကြီးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ရက်က AAC ရုံးအား ထိုင်းအာဏာပိုင်တွေ လာရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ - Hla Khaing

ဒီးဒီ/People’s Spring

ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀လောက် နားခိုနေတဲ့ မဟာချိုင်နယ်မြေက AAC မဟာမိတ်ရုံးကို ပိတ်သိမ်းပေးဖို့ ထိုင်းအာဏာပိုင်တွေက လာရောက်ဖိအားပေးပြောဆိုခဲ့တယ်လို့ အဆိုပါရုံးတည်ထောင်သူ ဦးခိုင်ကြီးက ပြောပါတယ်။

အဖွဲ့စုံပါတဲ့ ထိုင်းအာဏာပိုင်တွေဟာ AAC မဟာမိတ်ရုံး ပိတ်သိမ်းပေးဖို့ ဖေဖော်ဝါရီ ၁၈ရက်က လာရောက်ပြောဆိုခဲ့တာလို့ ဦးခိုင်ကြီးက ပြောပါတယ်။

AAC မဟာမိတ်ရုံးဟာ ထိုင်းရောက်မြန်မာလုပ်သားတွေအရေး လိုက်လံကူညီဖြေရှင်းပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခုအကြိမ်နဲ့ဆို ထိုင်းအာဏာပိုင်တွေက သုံးကြိမ်မြောက်လာရောက်ပိတ်သိမ်းခိုင်းတာလို့ ဦးခိုင်ကြီးက ပြောပါတယ်။

” အရင်ကလည်း နှစ်ကြိမ်လာပိတ်ပေးဖို့ လုပ်ဘူးတယ်။ ဒီရုံးမှာ လူတွေအများကြီး စုဝေးနေတယ်ပေါ့။ ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတယ်ပေါ့။ အထက်က ပိတ်ခိုင်းလို့ လာပြောတာလို့ ပြောတာပဲ” လို့ ဦးခိုင်ကြီးက ပြောပါတယ်။

လက်ရှိ AAC မဟာမိတ်ရုံးမှာ အလုပ်မရှိတဲ့ လုပ်သားတွေနဲ့ လုပ်ငန်းငန်းခွင်တွေမှာ ထိခိုက်ဒဏ်ရာရလို့ အလုပ်နားထားရတဲ့ မြန်မာလုပ်သား ၁၀၀လောက်ရှိနေတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

“ အခု ဒီလုပ်သားတွေက ဘယ်မှာ သွားနေမလဲ။ ဒီရုံးက ထိုင်းမှာရှိတဲ့ မြန်မာလုပ်သားတွေစုပေါင်းဆောက်ထားတဲ့ ရုံး။ ကျနော်တစ်ယောက်တည်းလည်း ပိုင်တာမဟုတ်ဘူး။ ကျနော်က ဖျက်သိမ်းလို့ မရဘူး။ ထိုင်းအာဏာပိုင်တွေက ဖျက်သိမ်းရင် ကျနော်က ဘာမှမဖြစ်ဘူး။ အခုက ရုံးကဖျက်ဆီးမသွားဘူး။ ပိတ်ပေးပါလို့ပဲ ပြောသွားတာ” လို့ ဦးခိုင်ကြီးက ပြောပါတယ်။

ရုံးမှာနားခိုနေတဲ့ လုပ်သား ၁၀၀လောက်ဟာလည်း အထောက်အထားအစုံအလင်ရှိတဲ့အတွက် ဖမ်းဆီးခံရတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ပန်းရောင်ကတ်သမားတွေဟာ အလုပ်နေရာနဲ့ နေထိုင်နေတဲ့နေရာ မတူတာကြောင့် လုပ်သား ၃၀လောက်ရဲ့ စာအုပ်တွေကိုတော့ သိမ်းသွားတယ်လို့ ပြောပါတယ်။

AAC မဟာမိတ်တည်ထောင်သူ ဦးခိုင်ကြီးကိုလည်း ခွင့်ပြုချက်မရှိဘဲ ရုံးအဆောက်အဦးတည်ဆောက်တာနဲ့ ခွင့်ပြုချက်မရှိဘဲ အလုပ်သမားအရေးကူညီဆောင်ရွက်တာကြောင့် အမှုဖွင့်ခံထားရတယ်လို့ သူက ပြောပါတယ်။

” ကျနော်ကြောက်တာက မြန်မာလုပ်သားတွေ ဆက်ပြီးကူညီလို့ မရမှာအကြောက်ဆုံးပဲ” လို့ ဦးခိုင်ကြီးက ပြောပါတယ်။

မဟာချိုင်နယ်မြေက မြန်မာလုပ်သားတွေအပါအဝင် ထိုင်းရောက်မြန်မာလုပ်သားတွေ လုပ်ငန်းခွင်ပြဿနာဖြစ်ပွားရင် AAC မဟာမိတ်အဖွဲ့အပါအဝင် မြန်မာလူမှူကူညီရေးအဖွဲ့တွေက လိုက်လံဖြေရှင်းပေးနေရပါတယ်။

AACမဟာမိတ်ရုံးဖွင့်ပွဲကို ၂၀၁၇ နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်ပါမစ်(Work Permit) ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သားတွေကို ဖေဖော်ဝါရီ ၁၇ရက်ကစတင်ပြီး မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI) ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေဆောင်ရွက်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဘန်ကောက်မြို့ကမြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေရဲ့ ၁၄ ရက်တာအပြင်မထွက်တဲ့လှုပ်ရှားမှုဟာ ၄ရက်​မြောက်နေ့အထိ အောင်မြင်နေပြီး ထိုင်းဈေးသည်တွေကိုယ်တိုင် ညည်းတွားနေကြတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေက ပြောပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း - ကမ္ဘောဒီးယား နယ်စပ် စစ်ရေးပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာလုပ်သားတွေအနေနဲ့ သတိထားနေထိုင်ကြဖို့နဲ့ ဝေဖန်ပြောဆိုတာတွေမလုပ်ကြဖို့ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက သတိပေးပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံသားတွေက ငှားရမ်းထားပြီး တရားမဝင် ဘားတွေ၊ ကာရာအိုကေတွေနဲ့ တခြားဖျော်ဖြေရေး လုပ်ငန်းတွေ ဖွင့်လှစ်ထားတဲ့ ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ခရိုင် မဟာချိုင်နယ်မြေက HAPPY BAR KTV &CLUB ဆိုင်နေရာကို စီးနင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။