Connect with us

Hi, what are you looking for?

သတင်း

ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားသစ်ခုနစ်ဦး ကင်းကျချိန်မှာ လက်နက်တွေယူပြီး ဒေါနစစ်ကြောင်းထံ အလင်းဝင်လာ

တနင်္သာရီမြို့နယ်အခြေစိုက် ခမရ(၅၅၈) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးဦဆောင်တဲ့ စစ်သားသစ် ခုနစ်ဦးဟာ လက်နက်တွေနဲ့ မနေ့က (ဖေဖော်ဝါရီ ၁၉ရက်)မှာ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းရဲ့ ပြောရေးဆိုခွင်ရှိသူ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောပါတယ်။

ဒေါနစစ်ကြောင်းထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်တွေနဲ့အတူ တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း

ဒီးဒီ/People’s Spring

တနင်္သာရီမြို့နယ်အခြေစိုက် ခမရ(၅၅၈) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးဦဆောင်တဲ့ စစ်သားသစ် ခုနစ်ဦးဟာ လက်နက်တွေနဲ့ မနေ့က (ဖေဖော်ဝါရီ ၁၉ရက်)မှာ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းရဲ့ ပြောရေးဆိုခွင်ရှိသူ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောပါတယ်။

အလင်းဝင်လာတဲ့ စစ်သားတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်သားသစ်စုဆောင်းခံရသူတွေဖြစ်တယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

တပ်ကြပ်ကြီး ကျော်စွာဝင်းဟာ လမ်းကင်းတာဝန်ကျချိန်မှာ သူကဦးဆောင်ပြီးတော့ တပ်သားသစ် ခြောက်ဦးကို ခေါ်ဆောင်လာတာလို့ ပြောပါတယ်။ သေနတ်တွေလည်း တစ်လက်စီယူလာခဲ့ကြတယ်လို့ ဒေါနကစစ်ကြောင်းက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့က တပ်စိတ်တစ်စိတ်ထဲကပေါ့နော်။ တပ်ကြပ်ကြီးကိုယ်တိုင်ဦးဆောင်ပြီးတော့ ခေါ်ချလာတာ”လို့ ဒေါနစစ်ကြောင်းရဲ့ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ ဒေါနစစ်ကြောင်းဆီ အလင်းဝင်လာတာ စစ်ကောင်စီတပ်သား ၁၀ဦးကျော်ရှိနေတယ်လို့ ပြောပါတယ်။ အဲဒီ ၁၀ဦးကျော်ဟာ မနေ့က အလင်းဝင်လာတဲ့ တပ်သားသစ်တွေ မပါလို့ ပြောပါတယ်။

မနေ့က အလင်းဝင်လာတဲ့ တပ်သားသစ်တွေဟာ စစ်ကောင်စီရဲ့ အမှတ်(၁၂ )တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ၊ သထုံအမှတ်(၉)အခြေခံ လေ့ကျင့်ရေးကျောင်းနဲ့ အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေမြှင့်တင်(ပုသိမ်) သင်တန်းကျောင်းတွေကနေ သင်တန်းအပတ်စဉ် (၅)နဲ့ (၆) သင်တန်းဆင်းတပ်သားတွေလို့ ဒေါနစစ်ကြောင်းက ပြောပါတယ်။

“ကျနော်တို့က ရပ်ရွာထဲမှာ စစ်မှုထမ်းအလှည့်ကျလို့ ၊မဲနှိုက်တာပေါက်လို့ ပါသွားတာမဟုတ်ပါဘူး အတင်းအဓမ္မ ဖမ်းစီး ဆွဲခံရပြီးပါလာကြတာပါ။ ကျနော်တို့ကတော့ စစ်ကောင်စီကို ပြန်ချမှာပါ”လို့ အလင်းဝင်လာတဲ့ တပ်သားက ပြောတဲ့အကြောင်း ဒေါနစစ်ကြောင်းက အသိ‌ပေးထားပါတယ်။

အလင်းဝင်လာတဲ့ တပ်သားသစ် ခုနစ်ဦးကို ဒေါနတပ်ရင်းက ဆုကြေးငွေတွေပေးအပ်ပြီး နွေးထွေးစွာ ကြိုဆိုထားတယ်လို့ အသိပေးထားပါတယ်။

အခုလပိုင်းတွေမှာ စစ်မှုထမ်းဥပဒေကနေ မတရားစစ်သားစုဆောင်းခံရတဲ့ လူငယ်တွေဟာ စစ်ကောင်စီတပ်ကနေ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လာတာတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။