Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပြီး လူနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ပေါက်ကွဲမှုဖြစ်ပြီးနောက် သေဆုံးသည့်ရုပ်အလောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် ယနေ့(ဖေဖော်ဝါရီ ၂၁ရက်) နံနက် ၈နာရီခန့်က ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

သီပေါမြို့နယ်၊ကုံးစုံကျေးရွာရှိ အိမ်တစ်လုံးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါ နေအိမ်မှအမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုဖြစ်စဉ်ကို အတိအကျမသိရသေးပေ။

ကုံး‌စုံကျေးရွာသည် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ခဲယမ်းများ မကြာခဏပေါက်ကွဲသည့် ကျေးရွာဖြစ်သည်။

သီပေါမြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ အောက်တိုဘာ ၁၂ ရက်တွင် တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook