Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့နယ်တွင် အင်အားအသင့်အတင့်ရှိ ငလျင် လှုပ်

ချင်းပြည်နယ်၊မတူပီမြို့နယ်တွင် ယနေ့ (​ဖေ​ဖော်ဝါရီ ၂၂ရက်​နေ့ ) ညနေ ၅နာရီဝန်းကျင်က ရစ်ခ်ျတာစကေး ၅ဒဿမ ၃ အဆင့်ငလျင် လှုပ်ခတ်သွားခဲ့သည်။

မိထက်/People’s Spring

ချင်းပြည်နယ်၊မတူပီမြို့နယ်တွင် ယနေ့ (​ဖေ​ဖော်ဝါရီ ၂၂ရက်​နေ့ ) ညနေ ၅နာရီဝန်းကျင်က ရစ်ခ်ျတာစကေး ၅ဒဿမ ၃ အဆင့် ငလျင်လှုပ်ခတ်သွားခဲ့သည်။

မတူပီမြို့၏ အရှေ့ဘက် ၂၂မိုင်ခန့်အကွာ၌ မြေအနက် ၅၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်သွားသည်ဟု ထိုင်းအမျိုးသားဘူမိဗေဒဌာနမှ သတင်းထုတ်ပြန်သည်။

အမေရိကန်ဘူမိလေ့လာရေး အသင်း USGSကမူ မတူပီမြို့တွင် ​ဖေ​ဖော်ဝါရီ ၂၂ ရက် ညနေလှုပ်သောငလျင်သည် ရစ်ခ်ျတာစကေး ၅ဒဿမ၂ အဆင့်ရှိသည်ဟုထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုမှုရှိမရှိကိုမူမသိရသေးပေ။

စစ်ကောင်စီ၏ မိုးဇလဌာနကလည်း အဆိုပါငလျင်သတင်းကိုထုတ်ပြန်ထားသည်။ သို့သော်

မတူပီမြို့သည် စစ်ကောင်စီ၏ထိန်းချုပ်မှုအောက်တွင်မရှိတော့ဘဲ ချင်း​တော်လှန်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားပြီဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။