Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့် နှိမ်နင်းရေးမှာကမ္ဘောဒီးယား၊ လာအို အစိုးရတွေပါပူးပေါင်းကူညီနေတယ်လို့ထိုင်းပြော

ထိုင်း-မြန်မာ နယ်စပ်ကျားဖြန့်ဂိုဏ်းတွေကို တရုတ်-ထိုင်း-မြန်မာ သုံးနိုင်ငံပေါင်း ဖြိုခွင်းမှုတွေ အောင်မြင်နေဟုဆို

ထိုင်းဒုတိယ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်။ ဓါတ်ပုံ- Bangkok Post

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကို နှိမ်နင်းတဲ့ လှုပ်ရှားမှုတွေမှာ ကမ္ဘောဒီးယားနဲ့ လာအို အစိုးရတွေကပါ ပူးပေါင်း ပါဝင် ကူညီနေတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကို တရုတ်-ထိုင်း-မြန်မာ သုံးနိုင်ငံ ပူးပေါင်း ဖြိုခွင်းမှုတွေ အောင်မြင်နေတာနဲ့ ဆက်စပ်ပြီး ထိုင်းဒုတိယ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်က အခုလိုမှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းကာကွယ်ရေး ဝန်ကြီးလည်းဖြစ်တဲ့ ဖုန်သမ်က ကျားဖြန့် ဂိုဏ်းတွေကို အစိုးရက အင်တိုက်အားတိုက် ဖြိုခွင်းနေတဲ့ အားထုတ်မှုတွေအကြောင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့တုန်းက Facebookပေါ်မှာ မျှဝေ ရေးသားထားခဲ့ပါတယ်။

သူက ကျားဖြန့်ဂိုဏ်းတွေနဲ့ တခြား နယ်စပ်ဖြတ်ကျော် ဒုစရိုက် လှုပ်ရှားမှုတွေဟာ ထိုင်းနိုင်ငံသားတွေရော၊ တခြား နိုင်ငံခြားသားတွေကိုပါ ထိခိုက် နစ်နာမှုတွေ ကြုံတွေ့စေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ကျားဖြန့် ပြဿနာအတွက် အဖြေရှာရာမှာ ရာဇဝတ်သားတွေကို လိုက်ဖမ်းနေရုံနဲ့ မလုံလောက်ဘဲ စနစ်တကျ ချဉ်းကပ်တဲ့ နည်းလမ်းတွေ လိုအပ်မယ်ဆိုတာ အစိုးရက သဘောပေါက် နားလည်ထားတယ်လို့လည်း ဖုန်သမ်က ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနဲ့ မြန်မာ အာဏာပိုင်တွေ ပူးပေါင်းပြီး နယ်စပ်မှာ ကျားဖြန့်ဂိုဏ်းတွေ ခြေကုပ်ယူ လှုပ်ရှားတဲ့ ဒေသ ၅ ခုကို ရေ၊ လျှပ်စစ်မီး၊ လောင်စာဆီတွေ ဖြတ်တောက်ထားခြင်းက အဲဒီ ဒုစရိုက် ဂိုဏ်းတွေကို ထိခိုက် အားလျော့သွားပြီး လုပ်ငန်းတွေပါ ရပ်တန့်သွားစေတယ်လို့လည်း သူက ထောက်ပြထားပါတယ်။

သူကကျားဖြန့်နှိမ်နင်းရေးမှာပိုပြီးထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်ဖို့ လာအို ကာကွယ်ရေး ဝန်ကြီးနဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားတယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်မှုတွေဟာ ကျားဖြန့် နှိမ်နင်းရေးသာ မကဘဲ မူးယစ်မှောင်ခိုမှု၊ လူမှောင်ခိုမှုနဲ့ ဆိုက်ဘာ ရာဇဝတ်မှု တိုက်ဖျက်ရေးတွေကိုပါ ဦးတည်သွားမယ်လို့ ဖုန်သမ်က ပြောပါတယ်။

နောက်ပြီးဖုန်သမ်က ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး သက်ချိုင် ပစ်တန်နီလာဘုထ်ကိုလည်း ကျားဖြန့်ဂိုဏ်းတွေက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဆီ ရွှေ့ပြောင်း အခြေစိုက်တာမျိုး ဖြစ်မလာအောင် တားဆီးရေး အစီအမံတွေအတွက် ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ အကြီးအကဲနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒုတိယဝန်ကြီးချုပ်က ထိုင်းအစိုးရဟာ ကျားဖြန့်ဂိုဏ်းတွေ သားကောင်ဘဝကို နိုင်ငံသားတွေ မကျရောက်စေဖို့အတွက်အစီအမံတွေဖြည့်တင်း ဆောင်ရွက်နေပြီး တိုးတက်မှုတွေလည်း ရရှိနေတယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့တုန်းက ထိုင်းနိုင်ငံနဲ့ နယ်စပ်နားမှာရှိတဲ့ ပွိုက်ပက်မြို့က ကျားဖြန့်လုပ်ငန်း လည်ပတ်နေရာ သုံးထပ် အဆောက်အအုံ တစ်ခုကို ကမ္ဘောဒီးယား ရဲတွေက စီးနင်းပြီး ထိုင်း ၁၀၉ ဦး အပါအဝင် နိုင်ငံခြားသား ဝန်ထမ်း ၂၁၅ ဦးကို ကယ်ထုတ်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။