Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သား သုံးဦးလက်နက်ဖြင့်အလင်းဝင်လာဟု ဆဲန်ထန်တော်လှန်ရေးတပ် SRF အသိပေး

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ တပ်သားသုံးဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ဆဲန်ထန်တော်လှန်ရေးတပ်ဖွဲ့ Senthang Revolution Force(SRF)က သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို တွေ့ရစဉ်။ ဓာတ်ပုံ - SRF

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ တပ်သားသုံးဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ဆဲန်ထန်တော်လှန်ရေးတပ်ဖွဲ့ Senthang Revolution Force(SRF)က သတင်းထုတ်ပြန်သည်။

ခလရ(၂၆၆)တပ်ရင်းမှ တပ်သားတစ်ဦး ဖေဖော်ဝါရီ ၁၉ရက်တွင် အလင်းဝင်လာပြီး ဖေဖော်ဝါရီ ၂၄ရက်တွင်လည်း စစ်ကောင်စီတပ်သား ၂ဦး လက်နက်နှင့်အတူ အလင်းဝင်လာသည်ဟု အသိပေးထားသည်။

ဖေဖော်ဝါရီ ၂၄ရက်တွင် MA 1 သေနတ် ၂လက်ဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို SRFမှ လက်ဆောင်အနေဖြင့် ငွေနှင့် အခြားအဖိုးတန်ပစ္စည်းများ ချီးမြှင့်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဖေဖော်ဝါရီ ၁၉ရက်က MA 1 ၁လက်ဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ကျပ် သိန်း ၄၀ ပေးအပ်ခဲ့ကြောင်း အသိပေးသည်။

“ကျန်ရှိနေသေးသော ရဲဘော်အားလုံးလည်း SRFက အမြဲတမ်း ကြိုဆိုနေကြောင်း ထပ်မံ တင်ပြလိုပါတယ်”ဟု SRFက ထုတ်ပြန်သည်။

ပြည်သူ့ဘက် ကူးပြောင်းလိုသည့် စစ်ကောင်စီတပ်သားများအနေဖြင့် ၀၉၂၅၂၀၄၁၈၁၅ သို့ ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

SRFအနေဖြင့် ချင်းပြည်တစ်ခုလုံးဖြစ်စေ မြန်မာနိုင်ငံတစ်နိုင်ငံလုံးဖြစ်စေ အောင်ပွဲခံနိုင်ရန်အတွက် ပိုမိုအားထုတ်ကြိုးစားသွားမည်ဟုလည်း အသိပေးထားသည်။

ဆဲထန်မျိုးနွယ်စုနှင့် ဒေသအားလုံးကိုယ်စားပြု အဖြစ် Senthang CentralCouncil/ Senthang Revolution Force ကို ၂၀၂၄ ဖေဖော်ဝါရီက ပြုလုပ်သည့် ဆဲထန်လူထုညီလာခံက ဖွဲ့စည်းခဲ့ပြီး ချင်းပြည်ကောင်စီ၊ အခြားသော တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ အာဏာရှင်စနစ်မှန်သမျှ ချေမှုန်းရေး၊ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး တော်လှန်တိုက်ပွဲဝင်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။