Connect with us

Hi, what are you looking for?

သတင်း

ကလေးဝတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက် နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ က​လေးဝမြို့နယ်မှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်လာ၍ အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့သည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားအား ဆုငွေချီးမြှင့်နေစဉ်။ ဓာတ်ပုံ - ကလေးဝ ပကဖ

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ က​လေးဝမြို့နယ်မှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်လာ၍ အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့သည်။

ယင်းစစ်ကောင်စီတပ်သားသည် အာဏာသိမ်းစစ်ကောင်စီ၏ ယုတ်မာရက်စက် တာဝန်မဲ့ လုပ်ရပ်များ ရွံမုန်းလာ​သော​ကြောင့် အလင်းဝင်လာခြင်းဟု က​လေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၂၅ရက်) ထုတ်ပြန်သည်။

” ဆက်ပြီး သည်းမခံနိုင်လို့ ထွက်လာတာတဲ့။ စစ်တပ်ထဲနေရင်း စစ်တပ်ရဲ့ ယုတ်မာမှုကို သိလာတာ။ တပ်ရင်းကတော့ လိုအပ်တာကူညီထောက့်ပံ့ပေးထားတယ်”ဟု က‌လေးခရိုင်မှ ကာကွယ်ရေးထောက်ပို့ပြည်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၂ရက်တွင် အလင်းဝင်လာခြင်းဖြစ်ပြီး က​လေးခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်၊အမှတ်(၉)တပ်ရင်း၊တပ်​ရေးအရာရှိမှ ​ထောက်ပံ့​ငွေ ကျပ်သိန်း(၅၀)​ပေးအပ်ချီးမြှင့်လိုက်ကြောင်း က​လေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ရက်နှင့် ဖေဖော်ဝါရီ ၂၄ရက်ကလည်း စစ်ကောင်စီတပ်သား သုံးဦးလက်နက်နှင့်အတူ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။