Connect with us

Hi, what are you looking for?

သတင်း

ထိုင်းအာဏာပိုင်တွေပြန်ပို့တဲ့ မြန်မာလုပ်သား ၂၀၀ခန့်ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်ထား

ထိုင်းနိုင်ငံအာဏာပိုင်တွေက နေရပ်ပြန်ပို့ပေးလိုက်တဲ့ မြန်မာလုပ်သား ၂၀၀ခန့်ကို စစ်ကောင်စီအဖွဲ့က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ထားလိုက်တယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ရက်က မြန်မာလုပ်သား ၂၀၀အား ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်နေစဉ်။ ဓာတ်ပုံ - Royal Thai Navy

ဒီးဒီ/People’s Spring

ထိုင်းနိုင်ငံအာဏာပိုင်တွေက နေရပ်ပြန်ပို့ပေးလိုက်တဲ့ မြန်မာလုပ်သား ၂၀၀ခန့်ကို စစ်ကောင်စီအဖွဲ့က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ထားလိုက်တယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၂၀၀ခန့်ကို ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ရက်က ရနောင်းမြို့ဆိပ်ကမ်းကနေ မြန်မာဘက်က ကော့သောင်းမြို့ကို ပြန်ပို့ပေးခဲ့တာဖြစ်ပါတယ်။

ကော့သောင်းမြို့က စစ်ကောင်စီဝင်တွေက ရောက်လာတဲ့ မြန်မာလုပ်သားတွေကို နေရပ်ပြန်မပို့ဘဲ စစ်မှုထမ်းဖို့ ခေါ်ထားလိုက်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာ မြန်မာလုပ်သား ၂၀၀ကို ကော့သောင်းမြို့က ခမရ(၄၃၁)တပ်ရင်းမှာ ကျန်းမာရေးစစ်ဆေးနေတယ်လို့ ကော့သောင်းမြို့က စစ်ကောင်စီတပ်နဲ့ နီးစပ်သူက လူထုနွေဦးကို ပြောပါတယ်။

“ကျန်းမာရေးစစ်မယ်။ စစ်ပြီးရင် ပလောက်က လေ့ကျင့်ရေး(၁၂)ကို ပို့မယ်”လို့ သူက ပြောပါတယ်။

ကျန်းမာရေးစစ်ပြီးရင်တော့ မြိတ်ခရိုင်၊ ပလောက်မြို့က အမှတ်(၁၂)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှာ နှစ်ပတ်၊သုံးပတ်ကြာ သင်တန်းတက်ရမယ်လို့ သူက ဆက်ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ရက်က ထိုင်းအာဏာပိုင်တွေ နေရပ်ပြန်ပို့တာမှာ မြန်မာလုပ်သား ၁၉၈ဦးနဲ့ အမျိုးသမီး ၂ဦးပါဝင်တယ်လို့ ဆိုပါတယ်။

အမျိုးသမီး ၂ဦးကို နေရပ်ပြန်ပို့ပေးပြီး အမျိုးသား ၁၉၈ဦးကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်ဆောင်ထားတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူတွေ ပြစ်ဒဏ်ကျခံပြီးပါက ရနောင်းမြို့ကနေ ကော့သောင်းမြို့လမ်းကြောင်းက နေရပ်ပြန်ပို့ပေးတဲ့ မြန်မာလုပ်သားတွေကို စစ်သားသစ်အဖြစ် စုဆောင်းနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ကော့သောင်းမြို့အတွက် စုဆောင်းရမယ့် စစ်သားသစ်ခွဲတမ်းကို ထိုင်းနိုင်ငံအကျဥ်းထောင်တွေကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာရွှေပြောင်းလုပ်သားတွေနဲ့ အစားထိုး ခေါ်ဆောင်နေတာလို့လည်း People’s Springက စုံစမ်းသိရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကြေညာပြီး အပတ်စဥ်(၁)အတွက် စစ်သားစုဆောင်းမှုကို ၂၀၂၄ ဧပြီက စတင်ရာ အဲဒီ အပတ်စဥ်(၁)နဲ့ (၂)အတွက် ကော့သောင်းမြို့က စုဆောင်းပေးရမယ့် စစ်သားသစ်ကို ရပ်ကွက်တွေမှာ မဲနှိုက်ရွေးချယ်ပေးခဲ့တယ်လို့လည်း ကော့သောင်းမြို့က People’s Springရဲ့ သတင်းရင်းမြစ်များက ပြောပါတယ်။

ဒါပေမယ့် အပတ်စဥ်(၃)ကနေစပြီးတော့ စစ်မှုထမ်းဥပဒေအတွက် စစ်သားသစ်စုဆောင်း‌ပေးမှုမှာ မြို့ဒေသခံတွေကို စုဆောင်းပေးတာမျိုး မပြုလုပ်တော့ဘဲ ထိုင်းနိုင်ငံအကျဥ်းထောင်တွေက ပြစ်ဒဏ်ကျခံပြီးတဲ့သူတွေ နေရပ်ပြန်ပို့ပေးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ အစားထိုးပေးနေတယ်လို့လည်း ဆိုပါတယ်။

ထိုင်နိုင်ငံတောင်ပိုင်း အကျဥ်းထောင်အသီးသီးမှာ အကြောင်းအမျိုးမျိုးနဲ့ အကျဥ်းကျခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပြစ်ဒဏ်ကျခံပြီးရင် ထိုင်း – မြန်မာနှစ်နိုင်ငံသဘောတူညီမှုနဲ့ နေရပ်ပြန်ပို့ပေးတဲ့ အစီအစဥ်ဟာ အရင်ကတည်းက လစဥ်ပြုလုပ်လေ့ရှိပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်မြို့ကနေ ကော့သောင်းမြို့ကို စက်လှေနဲ့ နေရပ်ပြန်ပို့ပေးတာဖြစ်ပါတယ်။

လက်တလောမှာ ထိုင်းအစိုးရက ခုနစ်ရက်စီမံချက်လို့ဆိုကာ ထိုင်းနိုင်ငံအတွင်းက တရားမဝင်နေထိုင်သူတွေကို ပိုက်စိတ်တိုက်ဖမ်းဆီးခဲ့ရာ မြန်မာတွေအပါအဝင် နိုင်ငံခြားသား ၉၀၀၀ကျော် ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီထဲက အများစုဟာ မြန်မာတွေဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

Facebook