Connect with us

Hi, what are you looking for?

သတင်း

ILO ၏ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူရန် ဖားကန့်တွင် ချီတက်ဆန္ဒပြ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မှော်လှည့်သပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတရပ်ကို ယနေ့ (ဖေဖော်ဝါရီ ၂၈) နံနက်က ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်-ဖားကန့်မြို့နယ်

သုည/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မှော်လှည့်သပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတရပ်ကို ယနေ့ (ဖေဖော်ဝါရီ ၂၈) နံနက်က ပြုလုပ်ခဲ့သည်။

ဆန္ဒပြပြည်သူများက “ILO Implement Article 33 on Myanmar Now 2025” ၊ “၂၀၂၅ ILO ပုဒ်မ ၃၃ အရ ချက်ချင်းအရေးယူပေး” စသည့် စာသားများကို ကိုင်ဆောင်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပုဒ်မ ၃၃ အရ စစ်ကောင်စီအား ချက်ချင်းအရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

လာမည့် ဇွန်လတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ်-ILO ညီလာခံမှ စစ်ကောင်စီကို အရေးယူရန် ၂၀၂၄ နိုဝင်ဘာတွင်ကျင်းပခဲ့သော ILO အုပ်ချုပ်မှုကော်မတီ အစည်းအဝေးက အတည်ပြုခဲ့သည်။ မြန်မာစစ်တပ်ကို အရေးယူရန် ၂၀၂၁ ခုနှစ်ကတည်းက တောင်းဆိုထားခြင်းဖြစ်ပြီး ၂၀၂၄ နိုဝင်ဘာတွင် ILO က အတည်ပြုခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မြန်မာ စစ်အုပ်စုသည် ILO သတ်မှတ်ချက် ၈၇ နဲ့ ၂၉ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုနဲ့ အဓမ္မ လုပ်အားခိုင်းစေမှုနှင့်ပတ်သက်၍ မလိုက်နာသောကြောင့် ILO အခြေခံဥပဒေ အပိုဒ် ၃၃ (Article 33)အရ စစ်ကောင်စီအား အလုံးစုံစီးပွား၇ေးပိတ်ဆို့အရေးယူချမှတ်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)က တောင်းဆိုထားသည်။

စစ်ကောင်စီကို ILO ၏ အလုံးစုံ စီးပွားရေးပိတ်ဆို့မှု အောင်မြင်ခဲ့လျှင် နိုင်ငံတွင်းသို့ စီးဆင်းနေသော နိုင်ငံခြားငွေကြေးအားလုံးကို ဖြတ်တောက်နိုင်မည်ဟု CTUM ဆိုသည်။

ILO သည် ပြီးခဲ့သည့် စစ်အုပ်ချုပ်ရေးကာလ၂၀၀၀ ခုနှစ်တွင် မြန်မာနိုင်ငံအား Article-33 အရ ပထမဆုံးအကြိမ် အရေးယူခဲ့ဖူးကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။