Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မြို့ ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား ခဲယမ်းများယူလာပြီး PDF ဇိုလဲန်းထံ အလင်းဝင်လာ

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား တစ်ဦး ခဲယမ်းများ ယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော PDF ဇိုလဲန်းက ယနေ့(မတ်လ ၃ရက်)သတင်းထုတ်ပြန်သည်။

တီးတိန်မြို့ ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား။ ဓာတ်ပုံ - PDF ဇိုလဲန်း

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား တစ်ဦး ခဲယမ်းများ ယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော PDF ဇိုလဲန်းက ယနေ့(မတ်လ ၃ရက်)သတင်းထုတ်ပြန်သည်။

ခလရ(၂၆၉)တပ်ရင်းမှ တပ်သားမင်းမင်းသည် ဖေဖော်ဝါရီ ၂၅ရက်တွင် အလင်းဝင်လာခြင်းဖြစ်ကြောင်း ဖော်ပြသည်။

တီးတိန်မြို့ ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား ယူလာသည့် ခဲယမ်းများ။ ဓာတ်ပုံ – PDF ဇိုလဲန်း

အလင်းဝင်ရောက်မှု အခြေအနေအသေးစိတ် ဖော်ပြမထားသော်လည်း ပါလာသည့် ကျည်၊ ခဲယမ်းများ မှတ်တမ်းဓာတ်ပုံနှင့် အလင်းဝင်လာသည့် တပ်သားအား ဆုငွေပေးအပ်မှု မှတ်တမ်းဓာတ်ပုံတို့အား ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားသည် လက်ပစ်ဗုံး၊ ကျည်ဘောက်၊ ကျည်များ၊ ၄၀ မမ ဗုံးသီး အလုံး၃၀နီးပါး ယူဆောင်လာသည်ကို ဓာတ်ပုံမှတ်တမ်း၌ တွေ့ရသည်။

“မိမိအသက်ကိုနှမြောရင် အချိန်မရွေး ပြည်သူ့ကာကွယ်ရေးတပ်မှာ အလင်းဝင်လာနိုင်ပါတယ်။ တီးတိန်မြို့သိမ်းစစ်ဆင်ရေး မစတင်ခင် အချိန်ရပါသေးတယ်။”ဟု ZFU/PDF ဇိုလဲန်း အတွင်းရေးမှူး ကိုရောဘတ်က လက်ကျန် စစ်ကောင်စီ တပ်သားများအား သတိပေး တိုက်တွန်းသည်။

PDF ဇိုလဲန်းသည် ချင်းညီနောင်အဖွဲ့ဝင် ကာကွယ်ရေးတပ်ဖြစ်ပြီး တီးတိန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် ပြင်ဆင်ထားကြောင်း မကြာသေးမီက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်တပ်နဲ့ လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း PDF ဇိုလဲန်း က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။