Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်က ရေနံမှော်ကျေးရွာကို ဒီမနက်မှာ စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမှော်ကျေးရွာကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေထပ်မံ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှု​ကြောင့်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-မြိုင် ပကဖ ၊အညာ​မြေတပ်​ပေါင်းစု

မေ/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမှော်ကျေးရွာကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေထပ်မံ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်က ရေနံမှော်နဲ့ နယ်မြေထိစပ်တဲ့ ဆင်စိန်‌ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

” ခုလောလောဆယ်အဲ့ရွာပါ။ ထိခိုက်ဒဏ်ရာမသိရသေးဘူး”လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ၄ရက် ဒီကနေ့မနက် ၉နာရီ၄၅မိနစ် လောက်က စတင်ပစ်ခတ် နေတာဖြစ်ပြီး ရော့ကတ်၊ပေါင်၅၀၀ဗုံးတွေကို လေယာဉ်နှစ်စီးနဲ့ ပစ်ချနေတာလို မြိုင်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုထိပစ် နေတုန်းပဲ။လေယာဉ်တွေ ဝဲပြီး တောက်လျှာက်ချ နေတာ။အထိအခိုက်တော့ရှိ လောက်တယ်။ရွာတွေထဲကျဲချ နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့အဆက်မပြတ်လေ ကြောင်းတိုက်ခိုက်မှုကြောင့် ရေနံမှော်လုပ်ငန်းတွေလည်း ရပ်နားထားရပြီး စားသောက်ဆိုင်အားလုံးလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြိုင်မြို့နယ်မှာတပတ်အတွင်း ဒေသခံ ပြည်သူ၃၀ဦးခန့် သေဆုံးထားပါတ‌‌ယ်။

မတ်လ ၃ရက်နေ့က မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်တို့က ရေနံမှော်နဲ့ ကျေးရွာ ၈ရွာကို စစ်ကောင်စီက မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၅ဦးသေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောထားပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲခဲ့တဲ့ နေရာက PDF စခန်းတွေလည်း မရှိဘဲ ကျေးရွာအားလုံးမှာ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေဖြစ်တယ်လို့ မြိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်ကလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဆုံကုန်းကျေးရွာနဲ့ မတ်လ ၃ရက်က ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ ငါးမိုင် ဝန်းကျင်သာ ကွာဝေးတယ်လို့ သိရပါတဘ်။

ဆုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ မင်္ဂလာပွဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ဦး သေဆုံးခဲ့ရပါတယ်။ ဒါ​ကြောင့် စစ်​ကောင်စီ ကတစ်ပါတွအတွင်း သုံးကြိမ် ဗုံးကြခဲတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။