Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာ စစ်တပ်ရဲ့ စက်တပ်လေထီးကို ပွိုင့်ဖိုက်နဲ့ ပစ်ခတ်တိုက်ခိုက်ရာ လေထီးမောင်းသူ ပေါင်ကျည်ထိတယ်လို့ မြိုင်ပကဖ ​ပြော

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီး (Paramotor) နှစ်စီးကို ပွိုင့်ဖိုက်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လေထီးမောင်းသူတဦး ပေါင်ကျည်ထိသွားတယ်လို့ မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီ၏ စက်တပ်လေထီးကို ပစ်ခတ်တိုက်ခိုက်နေစဥ်။ဓာတ်ပုံ-မြိုင်ပကဖ

မင်းညို/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီး (Paramotor) နှစ်စီးကို ပွိုင့်ဖိုက်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လေထီးမောင်းသူတဦး ပေါင်ကျည်ထိသွားတယ်လို့ မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီကနေ့ မတ်လ(၅)ရက် မနက်ပိုင်းက မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၂ ကာကွယ်​ရေးပစ္စည်းစက်ရုံ(ကပစ – ၂၂ )ကနေ တက်လာတဲ့ Paramotor စက်တပ်လေထီး(၂) စီးကို မြိုင်၊ပေါက်၊ကမ္မ ပကဖ စုဖွဲ့မှုတပ်ကနေ မနက် ၉ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ Paramotor မောင်းသူ စစ်သား(၁)ဦး ပေါင်ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိသွားလို့ ဖြတ်တောက်ရမယ်လို့ အတွင်းသတင်းရတဲ့အကြောင်း မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

https://www.facebook.com/reel/828709772762311

Public Service Announcement

Public Service Announcement

“ပျက်ကျသွားတာတော့ မရှိဘူး။ ပေါင်မှာထိသွားတယ်လို့ သိရတယ်။ စက်တပ်လေထီးမောင်းတဲ့သူက အောင်ဇင်ဖြိုးတဲ့။ ကျွန်တော်တို့ အဲလောက်ပဲ သိရတယ်။”လို့ မြိုင်ပကဖ တာဝန်ရှိသူက ဆိုပါတယ်။

စစ်တပ်​လေထီးသမား ကျည်ထိ၊မထိကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်း​တော့မရှိပါဘူး ။ မြိုင် ပကဖ ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာ စစ်တပ်ရဲ့စက်တပ်​လေထီးကို ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက ပစ်ခတ်​နေကြတာကို​တွေ့ရပါတယ်။

ကပစ (၂၂ ) နဲ့ ကပစ (၄၄)မှာ စက်တပ်​လေထီး​တွေ ​ရောက်​နေတာ​နည်းနည်းကြာ​နေပြီဖြစ်ပြီး မတ်လ ၅ရက်မှာ​တော့ ရဲ​ဘော်​တွေက ပွိင့်ဖိုက်နဲ့ပစ်ခတ်တိုက်လိုက်ခဲ့တာလို့ တာဝန်ရှိသူက​ပြောပါတယ်။

စက်တပ်လေထီး (၁) စီးက စက်လက်နဲ ပြန်လည်ပစ်ခတ်ခဲ့ပြီး နောက်(၁) စီးကတော့ ဆက်မပျံတော့ဘဲ ကပစ(၂၂) အတွင်း ပြန်ဆင်းသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေးအားကောင်းတဲ့နယ်မြေတွေမှာ လေကြောင်းနဲ့တင်မကဘဲ စက်တပ်လေထီးတွေနဲ့ပါ ဗုံးကျဲတိုက်ခိုက်လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂၅ ရက်က ပေါက်နဲ့မြိုင်မြို့နယ်အစပ်က ပေါက်မြို့နယ်၊ ဆုံကုန်းရွာမင်္ဂလာဆောင်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် မတ်လ ၃ ရက်နေ့ကလည်း မြိုင်နဲ့ ပေါက်မြို့နယ် ကြားက ကျေးရွာတွေကို ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦး​သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။