Connect with us

Hi, what are you looking for?

သတင်း

ချင်းတိုင်းရင်းသား ဂျော့ရှုအာဗန်က ဂျပန်ဖိုက်တာကို အမှတ်ဖြင့်အနိုင်ရ ၊ UFCတွင် ၆ ပွဲအနိုင်ရထား

ချင်းတိုင်းရင်းသား ဂျော့ရှုအာဗန်သည် ပြိုင်ဘက် ဂျပန်ဖိုက်တာအား အမှတ်ဖြင့် အနိုင်ယူပြီး UFC MMA ပြိုင်ပွဲတွင် (၆)ပွဲအထိ နိုင်ပွဲရယူနိုင်ခဲ့သည်။

ဓာတ်ပုံ- UFC ၊ ESPN

သုည/People’s Spring

ချင်းတိုင်းရင်းသား ဂျော့ရှုအာဗန်သည် ပြိုင်ဘက် ဂျပန်ဖိုက်တာအား အမှတ်ဖြင့် အနိုင်ယူပြီး UFC MMA ပြိုင်ပွဲတွင် (၆)ပွဲအထိ နိုင်ပွဲရယူနိုင်ခဲ့သည်။

ယနေ့ (မတ်လ ၉)နံနက်က အမေရိကန်နိုင်ငံတွင် ပြုလုပ်သည့် UFC 313 ပြိုင်ပွဲ Flyweight ဝိတ်တန်းပွဲစဥ်တွင် ချင်းတိုင်းရင်းသား ဗန်က ဂျပန်ဖိုက်တာ စူရူယာနှင့် ယှဥ်ပြိုင်ထိုးသတ်ခဲ့သည်။

ယင်းပွဲစဥ်တွင် စူရူယာသည် ၎င်းအားသာသည့် နပန်းချုပ်ကွက်များဖြင့် အသာရရန် ကြိုးပမ်းခဲ့သော်လည်း ဗန်က ရုန်းထွက်နိုင်ခဲ့ပြီး Boxing ထိုးချက်များဖြင့် အသာစီးထိုးသတ်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါပွဲတွင် ဗန်အနေဖြင့် ပြိုင်ဘက်ကို အလဲမထိုးနိုင်ခဲ့သော်လည်း လက်ရည်အသာဖြင့် ထိုးသတ်နိုင်ခဲ့သည့်အတွက် ဒိုင်လူကြီး သုံးဦးစလုံးက ဗန်ကို ၃၀-၂၇၊ ၃၀-၂၇၊ ၃၀-၂၇ မှတ်ဖြင့် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဥ်သည် ချင်းတိုင်းရင်းသား ဗန် အတွက် UFC MMA ပြိုင်ပွဲ (၇) ပွဲမြောက် ပွဲစဥ် ဖြစ်ပြီး (၆)ပွဲအထိ နိုင်ပွဲ ရယူနိုင်ခဲ့ကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။

သိုင်းပေါင်စုံ ပြိုင်ပွဲ များတွင် UFCမှာ နာမည်အကြီးဆုံး ပြိုင်ပွဲ ဖြစ်ပြီး ဗန်သည် UFC ပြိုင်ပွဲတွင် ဝင်ပြိုင်သော ပထမဆုံး မြန်မာပြည်မှ တိုင်းရင်းသား ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မိုးရွာပြီးစ မြူတွေဆိုင်းနေတဲ့ ချင်းတောင််ခြေတနေရာမှာ ချယ်ရီပန်းနဲ့ ထင်းရှုးပင်တွေ ဝိုင်းရံထားတဲ့ ခြံဝင်းလေးနဲ့ အိမ်လေးတစ်လုံးဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။တောင်မြူခိုးတွေဟာအိမ်လေးရဲ့ဘေးဘီမှာ ဝေ့သီ‌နေပါတယ်။ ကျေးငှက်တွေရဲ့ တွန်ကျူးသံက ငြိမ့်ညောင်းလှပါတယ်။