Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရလဖ အပြာယူနီဖောင်းဝတ်တွေကို စစ်ကောင်စီလက်နက်တပ်ဆင်

မန္တလေး မှာစစ်ကောင်စီရဲ့ညွှန်ကြားချက်နဲ့ ဖွဲ့စည်းထားတဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေ လက်နက်ကိုင်ဆောင်တာတွေ ရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ပျုစောထီးလို့ အသိများတဲ့ ပြည်သူ့စစ်တွေကို မန္တလေးမှာ စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးပုံ (ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီ

ဆိုင်းမင်း/People’s Spring

မန္တလေး မှာစစ်ကောင်စီရဲ့ညွှန်ကြားချက်နဲ့ ဖွဲ့စည်းထားတဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေ လက်နက်ကိုင်ဆောင်တာတွေ ရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ရလဖ လို့အတိုကောက်ခေါ်တဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ဆိုပြီး အပြာရောင်ယူနီဖောင်းဝတ် အဖွဲ့တွေကို မန္တလေးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း စစ်ကောင်စီ က ဖွဲ့စည်းလာတာပါ။

စတင်ဖွဲ့စည်းချိန်က လက်နက်တပ်ဆင်ပေးတာမရှိဘဲ ယာဉ်စစ်တာ၊ ဧည့်စာရင်းစစ်တာတွေမှာ စစ်ကောင်စီက ကနဦး အသုံးချပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာ မြို့နယ်တွေဘက်က ရလဖ အဖွဲ့ဝင်တွေ လက်နက်ကိုင်ဆောင်လာတာတွေ့ရတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ဒေသခံက ပြောပါတယ်။

” အပြာဝတ်တွေကို လက်နက်ပေးထားတယ် အယောက်တိုင်းနီးပါး သေနတ်ပါတယ်”လို့ ပုသိမ်ကြီးမြို့နယ် နဲ့ မတ္တရာမြို့နယ်အစပ်က ကျေးရွာမှာနေထိုင်တဲ့ လူငယ်တစ်ဦးကပြောပါတယ်။

စစ်တပ်မှာ မသုံးတော့တဲ့ G -3 အမျိုးအစား သေနတ်၊ စစ်ကျန် ကာဘိုင် သေနတ်အမျိုးအစားတွေ ကိုင်ဆောင်ထားတဲ့ ရလဖ အဖွဲ့ဝင်တွေကို မတ်လ ၈ ရက်က မန္တလေး – မတ္တရာလမ်းပိုင်းမှာ တွေ့ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက အသိပေးပါတယ်။

ဒါဟာ မန္တလေးနဲ့မိုင် ၂၀ ခန့်သာဝေးပြီး မန္တလေး PDF နဲ့ စစ်ရေး တင်းမာနေတဲ့ မတ္တရာနယ်ဘက်မှာ ရလဖ တွေကို လက်နက်တပ်ပြီး လမ်းပိုင်း လုံခြုံရေး ယူခိုင်းထားတာကိုတွေ့ရတာလို့ အဲဒီဒေသခံက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ် သြဂုတ်လ ၂၅ ရက်က စစ်ကောင်စီခေါင်းဆောင်ဟာ မန္တလေးကိုရောက်ရှိချိန်မှာ နယ်မြေဒေသ လုံခြုံရေးအတွက်ရပ်ကွက်အလိုက် ၊ လမ်းအလိုက် လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းရမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီလို အောက်ခြေအဆင့်အထိ လုံခြုံရေး စနစ်ကိုတည်ဆောက်နိုင်မယ်ဆိုရင် နယ်မြေဒေသ လုံခြုံရေး အတွက် အကျိုးရှိမယ်လို့ စစ်ရေးအရ ခြိမ်းခြောက်ခံထားရတဲ့ မန္တလေးတိုင်းကို ရောက်ရှိချိန်မှာ စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့တာပါ။

တဆက်တည်းမှာပဲ ရပ်ကျေးအဆင့် လုံခြုံရေးအဖွဲ့တွေအထိ လက်နက်တပ်ဆင်တာကိုကွပ်ကဲမယ့် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုအဖွဲ့ကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်သြဂုတ်လအတွင်းမှာပဲ ဖွဲ့စည်းထားပါတယ်။

ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ခေါင်းစဉ်အောက်ကနေ လုံခြုံရေးအဖွဲ့တွေကို စစ်တပ်၊ ရဲ၊ ထွေအုပ်နဲ့ စစ်မှုထမ်းဟောင်းတွေ၊ မီးသတ် တို့ နဲ့ ဖွဲ့စည်းမှာဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက် ၊ကျေးရွာတွေမှာ နေထိုင်တဲ့ အရပ်သား အမျိုးသားတွေ ကို ပါထည့်သွင်းဖွဲ့စည်းဖို့ စစ်ကောင်စီကစီစဉ်ထားပါတယ်။

အဲဒီအဖွဲ့တွေကို ဖွဲ့စည်းရာမှာ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ကိုက်ညီတဲ့ လက်နက်တွေ တပ်ဆင် ပေးမယ်လို့ လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။