Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့စစ်မျက်နှာပြင်တွင် စစ်ကောင်စီက အသေခံဒရုန်းများသုံး တိုက်ခိုက်လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့စစ်မျက်နှာပြင်တွင် စစ်ကောင်စီက အသေခံဒရုန်းများဖြင့် အသုံးပြု တိုက်ခိုက်လာကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ အသေခံဒရုန်းများ ပေါက်ကွဲပြီးနောက် ကျန်ရှိသည့် အပိုင်းအစများကို တွေ့ရစဥ်။ ဓာတ်ပုံ - Karenni People Voice

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့စစ်မျက်နှာပြင်တွင် စစ်ကောင်စီက အသေခံဒရုန်းများဖြင့် အသုံးပြု တိုက်ခိုက်လာကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

နှစ်လကျော်ကြာမြင့်နေသည့် စစ်ကောင်စီ၏ မိုးဗြဲ မြို့ထိုးစစ်အတွင်း အသေခံဒရုန်းများဖြင့် မတ်လ ၉ ရက်က စတင်အသုံးပြုခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲကာလ တစ်လျှောက် မနေ့ကစပြီးသုံးလာတာ” ဟု မိုးဗြဲ PDFတပ် တာဝန်ရှိသူက စစ်ကောင် ၏အသေခံဒရုန်းဖြင့် တိုက်ခိုက်လာမှုအပေါ် ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက အသေခံဒရုန်းအသုံးပြုမှုသည် မိုးဗြဲစစ်မျက်နှာတစ်ခုတည်းမဟုတ်ဘဲ လွိုင်ကော်မြို့စစ်မျက်နှာတွင်ပါ အသုံးပြုနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက အသိပေးသည်။

“မိုးဗြဲမှာတင်မဟုတ်ဘဲ လွိုင်ကော်စစ်မျက်နှာဘက်မှာရော။အထူးသဖြင့် မိုးဗြဲ နဲ့လွိုင်ကော် ဘက်က စစ်မျက်နှာတွေမှာ သုံးနေပါတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ အသေခံဒရုန်းများကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း တိုက်ပွဲအတွင်း သတိပြုရမည့် တိုက်ခိုက်မှုပုံစံသစ်ဖြစ်လာနိုင်ကြောင်း မိုးဗြဲမြေပြင်ရဲဘော်အချို့က သတိပေးထားသည်။

အသေခံဒရုန်း အသုံးပြုမှုတွင် စစ်ဘက်နေရာများပင်မဟုတ်ဘဲ အရပ်သားများနေထိုင်သည့် ကျေးရွာများကိုပါ စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်မှုရှိလာသည်ဟု ဆိုသည်။

“ဒီလ ၄ ရက်နေ့က ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ရွာဘက် ကို ကာမီကာဇေ ခေါ်တဲ့ အသေခံဒရုန်း နှစ်စင်းနဲ့ လာတိုက်တာရှိတယ်။ထိခိုက်တဲ့သူတွေတော့ မရှိခဲ့ဘူး”ဟု ကရင်နီစစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ထားရသော ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ် အစပ်ရှိ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် မြေပြင်ထိုးစစ်အင်အား ၇၀၀ ခန့်အပြင် လေကြောင်းမှ မီးလောင်ဗုံး၊ ဓာတုလက်နက်များဖြင့်ပါ အသုံးပြု တိုက်ခိုက်နေကြောင်း ကရင်နီပူးပေါင်းတပ်ဘက်က ထုတ်ပြန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး ပြည်သူတွေ ဖမ်းဆီးကာ နေအိမ်တွေလည်း မီးရှို့နေတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အဆိပ်ဓာတ်ငွေ့ဗုံးများဖြင့် ကြဲတိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)က သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဧပြီ ၂၁ ရက်) ထုတ်ပြန်သည်။