မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ဆောက်လုပ်ရေးအိမ်ရာဝင်း ထဲမှာ ဒီနေ့ မတ်လ ၁၀ ရက်ညပိုင်း ၈ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားတယ်လို့သိရတယ် ။
လေယာဥ်ကွင်းဟောင်းအနီး ၇၈ လမ်းပေါ်ရှိ ဆောက်လုပ်ရေး၊ တံတားအထူး (၁၄) ဝင်း ထဲက အိမ်တွေ မီးလောင်ခဲ့တာလို့ သိရပါတယ်။
မီးသတင်းကို ည ၇ နာရီ ၅၅ မိနစ်မှာ သတင်းရပြီး နာရီဝက်နီးပါးအကြာ ည ၈ နာရီ ၂၂ မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့ မီးသတ်က သတင်းဖော်ပြပါတယ်။

Public Service Announcement
မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ ထည့်သွင်းမဖော်ပြထားပါဘူး။
