Connect with us

Hi, what are you looking for?

သတင်း

မြန်မာလုပ်သားများသက်တမ်းတိုးရာတွင် စစ်ကောင်စီသံရုံးစိစစ်မည့် အဆင့် ၂ဆင့်ကို ထိုင်းအစိုးရပယ်ဖျက်ဟု သတင်းထွက်​ပေါ်

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သား ၃သန်းနီးပါး အထောက်အထားသက်တမ်းတိုးမည့်ကိစ္စတွင် စစ်ကောင်စီဘက်ကစိစစ်ပြုလုပ်မည့် အဆင့် ၂ဆင့်ကို ထိုင်းအစိုးရက ပယ်ဖျက်လိုက်သည်ဟု ကနဦးသတင်းထွက်ပေါ်လာကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီပေးနေသူများက ပြောသည်။

မက်ကစံ/People’s Spring

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သား ၃ သန်းနီးပါး အထောက်အထားသက်တမ်းတိုးမည့်ကိစ္စတွင် စစ်ကောင်စီဘက်ကစိစစ်ပြုလုပ်မည့် အဆင့် ၂ဆင့်ကို ထိုင်းအစိုးရက ပယ်ဖျက်လိုက်သည်ဟု ကနဦးသတင်းထွက်ပေါ်လာကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီပေးနေသူများက ပြောသည်။

လူဟောင်းများဖြစ်သော ထိုင်းရောက်မြန်မာလုပ်သား ၂သန်းနှင့် ၇သိန်းကျော်သည် ၎င်းတို့၏ (၂)နှစ်သက်တမ်းရှိ ပန်းရောင်ကတ်(ဘတ်) အထောက်အထားများ ပြန်လည်သက်တမ်းတိုးရန် ပြီးခဲ့သည့် ၂၀၂၄ နိုဝင်ဘာ ၂၇ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာလုပ်သားများ၏ အမည်စာရင်းစလစ်(Name List)အား ထိုင်းအစိုးရက ထုတ်ပေးမှုအပေါ် စစ်ကောင်စီ၏ မြန်မာသံရုံးက စိစစ်မည့်အချက်အား ပယ်ဖျက်ခဲ့ခြင်းနှင့် သက်တမ်းတိုးသူများအား နှစ်နိုင်ငံသဘောတူစာချုပ်(MoU)ဖြင့် ချုပ်ဆိုသည့် လုပ်ငန်းစဉ်ကိုလည်း ထိုင်းအစိုးရက ဖျက်သိမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်လာသည်ဟု ထိုင်းရောက် မြန်မာလုပ်သားများအရေးကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုင်းအတိုက်အခံအမတ်များ၊ အလုပ်သမားအဖွဲ့အစည်းများ၊ ရွှေ့ပြောင်းလုပ်သားများအရေး ကူ

ညီပေးနေသူများက အဆိုပါ လုပ်ငန်းစဉ်များပါဝင်လာမှုအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့၍ ပယ်

ဖျက်ခဲ့ခြင်းဟု သတင်းကြားသိရကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား CDM သံအရာရှိ ဦးဝေလင်းမောင်က ပြောသည်။

“ဒီလုပ်ငန်းစဉ်တွေဆိုတာ မြန်မာစစ်ကောင်စီက လုပ်ခိုင်းတဲ့အရာတွေပေါ့။ မြန်မာ စစ်ကောင်စီခိုင်းတိုင်းလုပ်နေတာဆိုပြီးကန့်ကွက်ကြတာ။ တကယ်တော့ ဒီလုပ်ငန်းစဉ်တွေက အရင်က မရှိဘူး။ အစပိုင်းမှာ အဲလိုလုပ်ရမယ်ဆိုပြီးလုပ်တယ်။အခုတော့ အစည်းအဝေးမှာ ပယ်ဖျက်လိုက်တယ်လို့ အတွင်းသတင်းထွက်လာတယ်”ဟု CDM သံအရာရှိ ဦးဝေလင်းမောင်က ပြောသည်။

စစ်ကောင်စီသံရုံး၏ အမည်စာရင်းစီစစ်မှုနှင့် လုပ်ငန်းစာချုပ်ချုပ်ဆိုမှုများအတွက် မြန်မာလုပ်သားတစ်ဦးလျှင် ဘတ်ငွေ ၁၈၀၀မှ ၃၀၀၀ကြား ကောက်ခံမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

” အခုက ဘာတွေကောင်းသွားလဲဆိုတော့ CDMတွေ ပါမယ်။ တခြားနိုင်ငံရေးအမှုတွေနဲ့ လူတွေပါမယ်။ အဲဒီလူတွေစာရင်းကို သံရုံးက စီစစ်မယ်ပေါ့။ အခု ပယ်ဖျက်လိုက်တော့ အတော်လေး ကောင်းသွားတယ်။ ငွေကုန်ကျမှုလည်း သက်သာသွားမယ်။ လုပ်ငန်းစဉ် တစ်ခုလုံးကို ထိုင်းအစိုးရကပဲ လုပ်သလိုဖြစ်သွားမယ်”ဟု ဦးဝေလင်းမောင်က ပြောသည်။

လက်ရှိတွင် အဆိုပါ မြန်မာလုပ်သား ၃သန်းခန့်မှာ Name Listများ ထွက်ရှိနေပြီဖြစ်သည်။ ယခင်အခြေအနေတွင် စစ်ကောင်စီ၏ သံရုံးထံ အဆိုပါ စာရင်းများပေးပို့ပြီး စိစစ်ရမည်ဖြစ်သည်။ စစ်ကောင်စီက စိစစ်ပြီးပြန်လည်ထုတ်ပေးသော Name List စာရင်းရရှိသူမှသာ လုပ်ငန်းစဉ်များ ဆက်လက်လုပ်ရမည်ဖြစ်သည်။

” တရားဝင်မထုတ်ပြန်သေးဘူး။ သတင်းတွေ ထွက်နေတာ။ ထိုင်းတခြမ်းတည်းလုပ်မှာ ဆိုတော့ တကယ်ဆိုရင် အရမ်းကောင်းတယ်။ မနေ့က တွေ့တာမှာ သဘောတူညီမှုမရဘူးလို့ကြားတယ်”ဟု မြန်မာလုပ်သားများအရေးကူညီပေးနေသော ကိုရဲမင်း(AAC)က ပြောသည်။

၂၀၂၅ ဖေဖော်ဝါရီ ၁၃၇က်က သက်တမ်းကုန်ဆုံးခဲ့သည့် နိုင်ငံကူးလက်မှတ် (Passport – စာအုပ်အနီ) ၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI – စာအုပ်အစိမ်း) ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား (၂)နှစ် သက်တမ်းရှိသည့် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုချက် လျှောက်ထားနိုင်ပြီး ၎င်းတို့မှာ ထပ်မံ၍ (၂)နှစ် သက်တမ်းတိုးခွင့်ရှိပြီး စုစုပေါင်း (၄)နှစ် ခွင့်ပြုမည်ဟု ထိုင်းအစိုးရက ကြေညာထားသည်။

ယခုအကြိမ် မြန်မာလုပ်သားများ ပန်းရောင်ကတ်သက်တမ်းတိုးရာတွင် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များပါဝင်လာပါသည်။

ဥပမာယခင်ကသက်တမ်းတိုးရာတွင် ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးနှင့် ပတ်သက်မှုမရှိခဲ့သော်လည်း ယခုတစ်ကြိမ် သက်တမ်းတိုးရာတွင် မြန်မာသံရုံးနှင့် ပတ်သက်သည့် ကိစ္စပါဝင်လာသည်ဟု ဆိုသည်။

“ အခုက ပါမစ်ထွက်ပြီးရင် အဲဒီပါမစ်နဲ့ မြန်မာသံရုံးက အမည်အတည်ပြုပေးရမှာ။ သံရုံးက အမည်အတည်ပြုချက်ထုတ်ပေးပြီးမှ ဗီဇာထုရမှာ။ အဲဒီလုပ်ငန်းစဉ် ပါလာတာ”ဟု မြန်မာပွဲစားတစ်ဦးက ပြောသည်။

ထို့အပြင် အထောက်အထားသက်တမ်းတိုးရမည့်ကိစ္စတွင် ထိုင်း−မြန်မာပွဲစားများက ကုန်းကျငွေအဆမတန်ကောက်ခံနေမှုနှင့် မြန်မာသံရုံးပါဝင်ပတ်သက်လာမှုကြောင့် စက်ရုံ၊အလုပ်များတွင် ဆန္ဒပြကန့်ကွက်သည်အထိဖြစ်ပေါ်ခဲ့သည်။

မကြာမီကျရောက်မည့် မဟာသင်္ကြန်ပွဲတော်ကာလ နေရပ်ပြန်မည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ဧပြီ ၁ရက်မှ မတ်လ ၁၅ရက်အတွင်းRe-Entryတုံး အဝင်၊အထွက်တုံး ထုစရာမလိုဘဲ နေရပ်ပြန်နိုင်ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ပတ္တရားမြို့ကဆောက်လုပ်ရေးလုပ်ငန်းခွင် တချို့မှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား နှစ်ဒါဇင်ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင် တချို့မှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား နှစ်ဒါဇင်ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံအာဏာပိုင်တွေက နေရပ်ပြန်ပို့ပေးလိုက်တဲ့ မြန်မာလုပ်သား ၂၀၀ခန့်ကို စစ်ကောင်စီအဖွဲ့က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ထားလိုက်တယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀လောက် နားခိုနေတဲ့ မဟာချိုင်နယ်မြေက AAC မဟာမိတ်ရုံးကို ပိတ်သိမ်းပေးဖို့ ထိုင်းအာဏာပိုင်တွေက လာရောက်ဖိအားပေးပြောဆိုခဲ့တယ်လို့ အဆိုပါရုံးတည်ထောင်သူ ဦးခိုင်ကြီးက ပြောပါတယ်။