စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်တွေ ဒီကနေ့ (မတ်လ ၁၂)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သော ရဲဘော်ဇိုးလေး ကျဆုံးခြင်း (၄)လ ပြည့်အဖြစ် ဂူဗိမာန် ရှိရာသို့ ချီတက် အလေးပြုခဲ့ပြီး “အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေ သွေးနဲ့ရေးထိုးကြ” စာသားနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ် စစ်ကြောင်းက ဦးဆောင်ကာ “ပြည်သူ့ယန္တရားဆိုတာ ပြည်သူကပဲ ရွေးချယ်ရမယ်” ၊ “စုစည်းချိန်တန်ပြီ”၊ “အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ” စတဲ့စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Public Service Announcement
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုက အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းရဲ့ ပုဒ်မ (၃၃) အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
