Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ် အာဏာရှင်စနစ်ကိုဆန့်ကျင်ကြဖို့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်တွေ ဒီကနေ့ (မတ်လ ၁၂)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်တွေ ဒီကနေ့ (မတ်လ ၁၂)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သော ရဲဘော်ဇိုးလေး ကျဆုံးခြင်း (၄)လ ပြည့်အဖြစ် ဂူဗိမာန် ရှိရာသို့ ချီတက် အလေးပြုခဲ့ပြီး “အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေ သွေးနဲ့ရေးထိုးကြ” စာသားနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ် စစ်ကြောင်းက ဦးဆောင်ကာ “ပြ​ည်သူ့ယန္တရားဆိုတာ ပြည်သူကပဲ ရွေးချယ်ရမယ်” ၊ “စုစည်းချိန်တန်ပြီ”၊ “အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ” စတဲ့စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုက အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းရဲ့ ပုဒ်မ (၃၃) အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။